ကုမ္ပဏီများ ဥပဒေသစ်အရ ပြန်လည်မှတ်ပုံတင်ခြင်းကို ကယားပြည်နယ်တွင်း ကုမ္ပဏီအားလုံး သတ်မှတ်ကာလတွင် ဆောင်ရွက် ပြီးစီး
ကုမ္ပဏီများ ဥပဒေသစ်အရ ပြန်လည်မှတ်ပုံတင်ခြင်းကို ကယားပြည်နယ်တွင်း ကုမ္ပဏီအားလုံး သတ်မှတ်ကာလတွင် ဆောင်ရွက် ပြီးစီး
ဖေဖော်ဝါရီ 5, 2019
By Tachileik News Agency
မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ၂၀၁၇ နှင့်အညီ သတ်မှတ်ကာလအတွင်း ပြန်လည်မှတ်ပုံတင်ခြင်းကို ကယားပြည်နယ်တွင်းရှိ တည်ဆဲကုမ္ပဏီများ အားလုံးပြန်လည်မှတ်ပုံတင်ခြင်းကို သတ်မှတ်ကာလဖြစ်သည့် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၃၁)ရက်နေ့တွင် ဆောင်ရွက်ထားပြီး ကုမ္ပဏီတစ်ခုသာ ကျန်ရှိကြောင်း သိရသည်။
ယခင်က ကုမ္ပဏီများအနေဖြင့် (၅)နှစ်တစ်ကြိမ် သက်တမ်းတိုးရန် လိုအပ်သော်လည်း ဥပဒေအသစ်အရ ကုမ္ပဏီများ ထပ်မံတက်တမ်းတိုးရန် မလိုအပ်တော့သည့် အပြင် ပြန်လည်မှတ်ပုံတင်သည့် ကုမ္ပဏီ မှတ်ပုံတင်နံပါတ် နှင့် အခွန်မှတ်ပုံတင်နံပါတ်တို့မှာ တစ်ခုတည်းဖြစ်ပြီး အခွန်မှတ်ပုံတင်တစ်ပါတည်း လုပ်ဆောင်ပေးခြင်းဖြစ်ကြောင်း သိရသည်။
သတင်း - ဆန်းဖြိုးထွန်း
~~~~~~~~⊰❂ Unicode Version ~~~~~~~~
မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ၂၀၁၇ နှင့်အညီ သတ်မှတ်ကာလအတွင်း ပြန်လည်မှတ်ပုံတင်ခြင်းကို ကယားပြည်နယ်တွင်းရှိ တည်ဆဲကုမ္ပဏီများ အားလုံးပြန်လည်မှတ်ပုံတင်ခြင်းကို သတ်မှတ်ကာလဖြစ်သည့် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၃၁)ရက်နေ့တွင် ဆောင်ရွက်ထားပြီး ကုမ္ပဏီတစ်ခုသာ ကျန်ရှိ်ကြောင်း သိရသည်။
ကုမ္ပဏီများဥပဒေ ၂၀၁၇ အရ ယခင်အက်ဥပဒေများအရ မှတ်ပုံတင်ထားသောကုမ္ပဏီများ အားလုံးသည့် အီလက်ထရောနစ်မှတ်ပုံတင်စနစ်ဖြင့် ၂၀၁၈ ခုနှစ် သြဂုတ်လ (၁)ရက်နေ့မှ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ (၃၁)ရက်နေ့အထိ (၆)လတာကာလအတွင်း ပြန်လည်မှတ်ပုံတင်ရန် သတ်မှတ်ပေးထားခြင်းဖြစ်သည်။
အဆိုပါ သတ်မှတ်ချက်အရ ကယားပြည်နယ်တွင် ကုမ္ပဏီ (၁၃၀) ကျော်ပြန်လည်မှတ်ပုံတင်ခဲ့ပြီး ပျက်ကွက်ကုမ္ပဏီ တစ်ခုသာ ရှိကြောင်း ကယားပြည်နယ်ရင်းနှီးမြုပ်နှံမှုကော်မတီထံမှ သိရသည်။
“ ကျွန်မတို့ကုမ္ပဏီတွေကို တောက်လျောက် တံခါးခေါက်မတတ် လိုက်ပြောနေတာပေါ့။ သတ်မှတ်ကာလ အတွင်းမှာ အရင်ကတည်းက ကျွန်မတို့ဆီမှာပြည်နယ်မှာ မှတ်ပုံတင်ထားတဲ့ ကုမ္ပဏီ (၁၃၀)ကျော်မှာ အားလုံး အကုန်ပြန်ပြီး မှတ်ပုံတင်ပြီးသွားပြီ။ ကုမ္ပဏီ တစ်ခုပဲကျန်သွားတယ်။ သူကလည်း လုံးဝ လာလို့မဖြစ်နိုင်တဲ့ အနေအထားမို့ပေါ့။ မှတ်ပုံပြန်မတင်လိုက်ရတဲ့ ကုမ္ပဏီကတော့စာရင်းထဲက ပယ်ဖျက် လိုက်မှာပေါ့။ ဒါပေမဲ့ ဒဏ်ကြေးဆောင်ပြီး ပြန်လုပ်လို့်ရတယ်။ ဒီမှာတော့မရဘူး။ ရန်ကုန်ရုံးချုပ်မှာ လုပ်ရမှာပေါ့"ဟု ကယားပြည်နယ်ရင်းနှီးမြုပ်နှံမှုကော်မတီ အတွင်းရေးမှူး ဒေါ်မေမျိုးဇော်က တာချီလိတ်သတင်းအေဂျင်စီ သို့ ပြောသည်။
ယခင်က ကုမ္ပဏီများအနဖြေင့် (၅)နှစ်တစ်ကြိမ် သက်တမ်းတိုးရန် လိုအပ်သော်လည်း ဥပဒေအသစ်အရ ကုမ္ပဏီများ ထပ်မံတက်တမ်းတိုးရန် မလိုအပ်တော့သည့် အပြင် ပြန်လည်မှတ်ပုံတင်သည့် ကုမ္ပဏီ မှတ်ပုံတင်နံပါတ် နှင့် အခွန်မှတ်ပုံတင်နံပါတ်တို့မှာ တစ်ခုတည်းဖြစ်ပြီး အခွန်မှတ်ပုံတင်တစ်ပါတည်း လုပ်ဆောင်ပေးခြင်းဖြစ်ကြောင်း သိရသည်။
သတင်း - ဆန်းဖြိုးထွန်း 
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~