တာခ်ီလိတ္တြင္ ႏုိင္ငံေတာ္၏အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ လူထုေတြ႔ဆံုပြဲစတင္ေနၿပီး တုိင္ၾကားစာမ်ားလည္း လက္ခံေပးေန

တာခ်ီလိတ္တြင္ ႏုိင္ငံေတာ္၏အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ လူထုေတြ႔ဆံုပြဲစတင္ေနၿပီး တုိင္ၾကားစာမ်ားလည္း လက္ခံေပးေန
ဖေဖော်ဝါရီ 5, 2019
By 🌸
ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕တြင္ ၂၀၁၉ ခုႏွစ္၊ ေဖေဖၚဝါရီလ (၅)ရက္ေန႔ နံနက္ (၁၀)နာရီေက်ာ္က ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ ျပည္ေထာင္စုဝန္ႀကီးမ်ားပါဝင္သည့္အဖြဲ႕သည္ ေအာင္ျမတ္ခန္းမ၌ လူထုေတြ႔ဆံုပြဲ ျပဳလုပ္ေနၿပီး တုိင္ၾကားစာမ်ား လက္ခံေနၿပီျဖစ္ေၾကာင္း သိရသည္။

ေဒသခံမ်ားအေနျဖင့္ ႏုိင္ငံေတာ္၏အတုိင္ပင္ခံပုဂၢိဳလ္ထံ တုိက္ရိုက္တုိင္ၾကားလိုပါက  ေအာင္ျမတ္ခန္းမဝင္ေပါက္တြင္  လူထုေတြ႔ဆံုပြဲမၿပီးခင္အခ်ိန္ထိ တုိင္ၾကားစာမ်ားလက္ခံေပးေနၿပီျဖစ္ေၾကာင္း သိရသည္။
ႏုိင္ငံေတာ္၏အတုိင္ပင္ခံပုဂၢိဳလ္ႏွင့္အတူ ျပည္ေထာင္စုဝန္ႀကီးမ်ားပါဝင္သည့္အဖြဲ႕သည္ တာခ်ီလိတ္ၿမိဳ႕ ခရီးစဥ္အတြင္း ေဒသခံလူထုႏွင့္ေတြ႔ဆံုပြဲကို ေအာင္ျမတ္ခန္းမတြင္ က်င္းပမည္ျဖစ္ရာ ေဒသခံမ်ားက ေမးျမန္းမည့္ေမးခြန္းမ်ားကို သက္ဆုိင္ရာဌာနမ်ားအေနျဖင့္ ေျဖၾကားႏုိင္ေရးႀကိဳတင္ျပင္ဆင္သည့္အေနျဖင့္ ေမးျမန္းမည့္ ေမးခြန္းမ်ားကို ႀကိဳတင္ရယူထားၿပီး သက္ဆုိင္ရာဌာနမ်ားက ေျဖၾကားရန္ ျပင္ဆင္ထားေၾကာင္း သိရသည္။

လူထုေတြ႔ဆံုပြဲသို႔ ဌာနဆိုင္ရာမ်ား၊ ႏိုင္ငံေရးပါတီ (၆)ခု၊ ယဥ္ေက်းမႈအဖြဲ႕ (၈) ဖြဲ႕၊ လူမႈေရးအသင္းအဖြဲ႕ေပါင္း (၁၈)ခု၊ တာေလၿမိဳ႕အုပ္ခ်ဳပ္ေရးမွဴးႏွင့္ ေဒသခံ (၃)ဦး၊ က်ိဳင္းလပ္ၿမိဳ႕အုပ္ခ်ဳပ္ေရးမွဴးႏွင့္ ေဒသခံ(၃)ဦး ရပ္ကြက္/ေက်းရြာအုပ္ခ်ဳပ္ေရးမွဴးတစ္ဦးႏွင့္အတူ ျပည္သူ (၄)ဦးစီႏႈန္းျဖင့္ စုစုေပါင္း (၉၀)ဦးတုိ႔ကို ေတြ႔ဆံုပြဲစီစဥ္သူမ်ားက ဖိတ္ၾကားထားျခင္းျဖစ္ေၾကာင္း သိရသည္။

ႏိုင္ငံေတာ္၏အတုိင္ပင္ခံပုဂၢိဳလ္ႏွင့္အဖြဲ႕သည္ နံနက္ (၈)နာရီခြဲဝန္းက်င္တြင္ ေနျပည္ေတာ္မွ MNA ေလေၾကာင္းလုိင္းျဖင့္ ထြက္ခြာလာျခင္းျဖစ္ၿပီး ႏုိင္ငံေတာ္၏ အတုိင္ပင္ခံပုဂၢိဳလ္ႏွင့္အတူ ျပည္ထဲေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဒုတိယဗိုလ္ခ်ဳပ္ႀကီး ေက်ာ္ေဆြ၊ နယ္စပ္ေရးရာဝန္ႀကီး ဒုဗိုလ္ခ်ဳပ္ႀကီး ရဲေအာင္၊ ျပည္ေထာင္စုအစိုးရအဖြဲ႕ရံုးဝန္ႀကီး ဦးမင္းသူႏွင့္ ရဲခ်ဳပ္ ဒုရဲဗိုလ္ခ်ဳပ္ႀကီး ေအာင္ဝင္းဦးတုိ႔အပါအဝင္ စုစုေပါင္း (၂၇)ဦး လုိက္ပါလာျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း၊ဓါတ္ပံု - Tachileik News Agency

~~~~~~~~⊰❂ Unicode Version ~~~~~~~~
တာချီလိတ်တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် လူထုတွေ့ဆုံပွဲစတင်နေပြီး တိုင်ကြားစာများလည်း လက်ခံပေးနေ
*******
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် ၂၀၁၉ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၅)ရက်နေ့ နံနက် (၁၀)နာရီကျော်က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်ထောင်စုဝန်ကြီးများပါဝင်သည့်အဖွဲ့သည် အောင်မြတ်ခန်းမ၌ လူထုတွေ့ဆုံပွဲ ပြုလုပ်နေပြီး တိုင်ကြားစာများ လက်ခံနေပြီဖြစ်ကြောင်း သိရသည်။
ဒေသခံများအနေဖြင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ထံ တိုက်ရိုက်တိုင်ကြားလိုပါက  အောင်မြတ်ခန်းမဝင်ပေါက်တွင်  လူထုတွေ့ဆုံပွဲမပြီးခင်အချိန်ထိ တိုင်ကြားစာများလက်ခံပေးနေပြီဖြစ်ကြောင်း သိရသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ ပြည်ထောင်စုဝန်ကြီးများပါဝင်သည့်အဖွဲ့သည် တာချီလိတ်မြို့ ခရီးစဉ်အတွင်း ဒေသခံလူထုနှင့်တွေ့ဆုံပွဲကို အောင်မြတ်ခန်းမတွင် ကျင်းပမည်ဖြစ်ရာ ဒေသခံများက မေးမြန်းမည့်မေးခွန်းများကို သက်ဆိုင်ရာဌာနများအနေဖြင့် ဖြေကြားနိုင်ရေးကြိုတင်ပြင်ဆင်သည့်အနေဖြင့် မေးမြန်းမည့် မေးခွန်းများကို ကြိုတင်ရယူထားပြီး သက်ဆိုင်ရာဌာနများက ဖြေကြားရန် ပြင်ဆင်ထားကြောင်း သိရသည်။

လူထုတွေ့ဆုံပွဲသို့ ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီ (၆)ခု၊ ယဉ်ကျေးမှုအဖွဲ့ (၈) ဖွဲ့၊ လူမှုရေးအသင်းအဖွဲ့ပေါင်း (၁၈)ခု၊ တာလေမြို့အုပ်ချုပ်ရေးမှူးနှင့် ဒေသခံ (၃)ဦး၊ ကျိုင်းလပ်မြို့အုပ်ချုပ်ရေးမှူးနှင့် ဒေသခံ(၃)ဦး ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးနှင့်အတူ ပြည်သူ (၄)ဦးစီနှုန်းဖြင့် စုစုပေါင်း (၉၀)ဦးတို့ကို တွေ့ဆုံပွဲစီစဉ်သူများက ဖိတ်ကြားထားခြင်းဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အဖွဲ့သည် နံနက် (၈)နာရီခွဲဝန်းကျင်တွင် နေပြည်တော်မှ MNA လေကြောင်းလိုင်းဖြင့် ထွက်ခွာလာခြင်းဖြစ်ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ နယ်စပ်ရေးရာဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ရဲအောင်၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီး ဦးမင်းသူနှင့် ရဲချုပ် ဒုရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦးတို့အပါအဝင် စုစုပေါင်း (၂၇)ဦး လိုက်ပါလာခြင်းဖြစ်ကြောင်း သိရသည်။

သတင်း၊ဓါတ်ပုံ - Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~