ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢဳိလ္ ေဒၚေအာင္ဆန္းစုၾကည္ ႏွင့္ က်ဳိင္းတံု လူထုေတြ႔ဆံုပြဲတြင္ က်ဳိင္းတံုေလဆိပ္အဆင့္ျမႇင့္တင္ေရး ႏွင့္ ေဒသတြင္းလိုအပ္ခ်က္မ်ား တင္ျပ

ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢဳိလ္ ေဒၚေအာင္ဆန္းစုၾကည္ ႏွင့္ က်ဳိင္းတံု လူထုေတြ႔ဆံုပြဲတြင္ က်ဳိင္းတံုေလဆိပ္အဆင့္ျမႇင့္တင္ေရး ႏွင့္ ေဒသတြင္းလိုအပ္ခ်က္မ်ား တင္ျပ
ဖေဖော်ဝါရီ 6, 2019
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ က်ဳိင္းတံုၿမိဳ႕တြင္ နယ္စပ္ေဒသႏွင့္တုိင္းရင္းသားလူမ်ဳိးမ်ား ဖြံ႕ၿဖိဳးတုိးတက္ေရး ဗဟိုေကာ္မတီ ဥကၠ႒ ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢဳိလ္ ေဒၚေအာင္ဆန္းစုၾကည္ ႏွင့္ က်ဳိင္းတံု ေဒသခံမ်ားမွ ၿမိဳ႕ေတာ္ခန္းမ၌ ေတြ႔ဆံုရာ တက္ေရာက္လာသူအခ်ဳိ႕မွ  က်ဳိင္းတံုေလဆိပ္အဆင့္ျမႇင့္တင္ေရး ႏွင့္ က်ဳိင္းတံု - မိုင္းလားလမ္း ျပန္လည္ ဖြင့္လွစ္ေပးႏိုင္ေရး အပါအ၀င္ ေဒသတြင္း လိုအပ္ခ်က္မ်ားကို တင္ျပ ေဆြးေႏြးခဲ့ၾကေၾကာင္း သိရသည္။

အဆိုပါ ေတြ႔ဆံုပြဲကို ၂၀၁၉ခုႏွစ္ ေဖေဖာ္၀ါရီလ(၆)ရက္ေန႔ နံနက္(၈)နာရီခြဲ၀န္းက်င္ကစ၍  (၁၀)နာရီအထိ က်ဳိင္းတံုၿမိဳ႕ရွိ ၿမိဳ႕ေတာ္ခန္းမတြင္ က်င္းပျပဳလုပ္ခဲ့ျခင္း ျဖစ္သည္။

ေတြ႕ဆုံပြဲတြင္ တက္ေရာက္လာသူ အခ်ဳိ႕က လွ်ပ္စစ္မီးရရိွေရးကိစၥ၊ က်ိဳင္းတုံ - မိုင္းလားလမ္း ျပန္လည္ ဖြင့္လွစ္ေပးႏိုင္ရန္၊ က်ဳိင္းတံုမွ တဆင့္ တရုတ္ႏိုင္ငံသို႔ တရား၀င္ Boardar Passျဖင့္ သြားေရာက္ႏုိင္ရန္၊ က်ိဳင္းတုံေလဆိပ္အဆင့္ျမွင့္တင္ေပးႏိုင္ရန္၊ ျမိဳ႕တြင္းေရစီး ေရလာေကာင္းမြန္ရန္ ျမိဳ႕တြင္းပင္မ ေရထုတ္ေျမာင္းမ်ားအား ေက်ာက္စီေရေျမာင္း အျဖစ္ အဆင့္ျမွင့္တင္ႏိုင္ရန္၊ က်ိဳင္းတုံလူငယ္စင္တာ၊ က်ိဳင္းတုံတကၠသိုလ္၊ နည္းပညာတကၠသိုလ္ႏွင့္ အစိုးရနည္းပညာအထက္တန္းေက်ာင္းမွ လိုအပ္ခ်က္မ်ား၊  က်ိဳင္းတုံတကၠသိုလ္တြင္ ဥပေဒဘာသာရပ္ကို တိုးခ်ဲ႕သင္ၾကားခြင့္ျပဳႏိုင္ရန္၊ က်ိဳင္းတုံျပည္သူ႕ေဆးရုံတြင္ လက္ေထာက္ဆရာ၀န္မ်ားႏွင့္ လုံျခံဳေရး၀န္ထမ္း ခန္႕ထားေပးႏိုင္ေရး၊ မူးယစ္ေဆး၀ါး ကိစၥႏွင့္ က်ဴရွင္ကိစၥ စသည္း ကိစၥရပ္မ်ားကို တင္ျပခဲ့သည္။

ႏုိင္ငံေတာ္၏ အတုိင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ ျပည္ေထာင္စုဝန္ႀကီးမ်ားပါဝင္သည့္ အဖြဲ႕သည္ ၂၀၁၉ ခုႏွစ္၊ ေဖေဖၚဝါရီလ (၅)ရက္ေန႔ နံနက္ (၈)နာရီခြဲဝန္းက်င္က ေနျပည္ေတာ္မွ Myanmar National Airlines ေလေၾကာင္းလုိင္းျဖင့္ ရွမ္းျပည္နယ္ အေရွ႕ပိုင္း တာခ်ီလိတ္ၿမိဳ႕သို႔ နံနက္ ( ၉း၃၅ )နာရီက ေရာက္ရိွလာျခင္း ျဖစ္ၿပီး တာခ်ီလိတ္ ႏွင့္ မိုင္းေယာင္းၿမိဳ႕တို႔တြင္ ေတြ႔ဆံုပြဲမ်ားျပဳလုပ္ကာ ညေနပိုင္းတြင္ က်ဳိင္းတံုၿမိဳ႕သို႔ ရဟတ္ယာဥ္ျဖင့္ ဆက္လက္ထြက္ခြာသြားၿပီး ေဖေဖာ္၀ါရီလ(၆)ရက္ေန႔ နံနက္ပိုင္းတြင္ က်ဳိင္းတံုလူထု နဲ႔ ေတြ႔ဆံုခဲ့ၾကျခင္းျဖစ္သည္။

ႏုိင္ငံေတာ္၏ အတုိင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္၏ ရွမ္းျပည္နယ္အေရွ႕ပိုင္း ခရီးစဥ္တြင္ ျပည္ထဲေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဒုတိယဗိုလ္ခ်ဳပ္ႀကီး ေက်ာ္ေဆြ၊ နယ္စပ္ေရးရာဝန္ႀကီး ဒုဗိုလ္ခ်ဳပ္ႀကီး ရဲေအာင္၊ ျပည္ေထာင္စုအစိုးရအဖြဲ႕ရံုးဝန္ႀကီး ဦးမင္းသူႏွင့္ ရဲခ်ဳပ္ ဒုရဲဗိုလ္ခ်ဳပ္ႀကီး ေအာင္ဝင္းဦးတုိ႔ အပါအဝင္ စုစုေပါင္း (၂၇)ဦး လုိက္ပါလာျခင္းျဖစ္ေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕ခရီးစဥ္တြင္ နိုင္ငံေတာ္၏အတုိင္ပင္ခံပုဂၢိဳလ္ဦးေဆာင္သည့္အဖြဲ႕က ေဒသခံလူထုႏွင့္ ေတြ႔ဆံုခဲ့ၿပီး ရွမ္းျပည္နယ္အေရွ႕ပိုင္းရိွ က်ိဳင္းတံု၊ မိုင္းေယာင္း၊ မုိင္းတံုႏွင့္ မုိင္းဆတ္ၿမိဳ႕မ်ားသို႔လည္း သြားေရာက္မည္ျဖစ္ေၾကာင္း ႏွင့္ ထိုမွတဆင့္ ရွမ္းျပည္နယ္ေတာင္ပိုင္း ေတာင္ႀကီးသို႔ သြားေရာက္မည္ ျဖစ္ေၾကာင္း သိရွိရသည္။

သတင္း/ဓါတ္ပံု - ဇြဲျမတ္



~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့တွင် နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် ကျိုင်းတုံ ဒေသခံများမှ မြို့တော်ခန်းမ၌ တွေ့ဆုံရာ တက်ရောက်လာသူအချို့မှ ကျိုင်းတုံလေဆိပ်အဆင့်မြှင့်တင်ရေး နှင့် ကျိုင်းတုံ - မိုင်းလားလမ်း ပြန်လည် ဖွင့်လှစ်ပေးနိုင်ရေး အပါအဝင် ဒေသတွင်း လိုအပ်ချက်များကို တင်ပြ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံပွဲကို ၂၀၁၉ခုနှစ် ဖေဖော်ဝါရီလ(၆)ရက်နေ့ နံနက်(၈)နာရီခွဲဝန်းကျင်ကစ၍  (၁၀)နာရီအထိ ကျိုင်းတုံမြို့ရှိ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

တွေ့ဆုံပွဲတွင် တက်ရောက်လာသူ အချို့က လျှပ်စစ်မီးရရှိရေးကိစ္စ၊ ကျိုင်းတုံ - မိုင်းလားလမ်း ပြန်လည် ဖွင့်လှစ်ပေးနိုင်ရန်၊ ကျိုင်းတုံမှ တဆင့် တရုတ်နိုင်ငံသို့ တရားဝင် Boardar Passဖြင့် သွားရောက်နိုင်ရန်၊ ကျိုင်းတုံလေဆိပ်အဆင့်မြှင့်တင်ပေးနိုင်ရန်၊ မြို့တွင်းရေစီး ရေလာကောင်းမွန်ရန် မြို့တွင်းပင်မ ရေထုတ်မြောင်းများအား ကျောက်စီရေမြောင်း အဖြစ် အဆင့်မြှင့်တင်နိုင်ရန်၊ ကျိုင်းတုံလူငယ်စင်တာ၊ ကျိုင်းတုံတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်နှင့် အစိုးရနည်းပညာအထက်တန်းကျောင်းမှ လိုအပ်ချက်များ၊ ကျိုင်းတုံတက္ကသိုလ်တွင် ဥပဒေဘာသာရပ်ကို တိုးချဲ့သင်ကြားခွင့်ပြုနိုင်ရန်၊ ကျိုင်းတုံပြည်သူ့ဆေးရုံတွင် လက်ထောက်ဆရာဝန်များနှင့် လုံခြုံရေးဝန်ထမ်း ခန့်ထားပေးနိုင်ရေး၊ မူးယစ်ဆေးဝါး ကိစ္စနှင့် ကျူရှင်ကိစ္စ စသည်း ကိစ္စရပ်များကို တင်ပြခဲ့သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်ထောင်စုဝန်ကြီးများပါဝင်သည့် အဖွဲ့သည် ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၅)ရက်နေ့ နံနက် (၈)နာရီခွဲဝန်းကျင်က နပြေည်တော်မှ Myanmar National Airlines လေကြောင်းလိုင်းဖြင့် ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့သို့ နံနက် ( ၉း၃၅ )နာရီက ရောက်ရှိလာခြင်း ဖြစ်ပြီး တာချီလိတ် နှင့် မိုင်းယောင်းမြို့တို့တွင် တွေ့ဆုံပွဲများပြုလုပ်ကာ ညနေပိုင်းတွင် ကျိုင်းတုံမြို့သို့ ရဟတ်ယာဉ်ဖြင့် ဆက်လက်ထွက်ခွာသွားပြီး ဖေဖော်ဝါရီလ(၆)ရက်နေ့ နံနက်ပိုင်းတွင် ကျိုင်းတုံလူထု နဲ့ တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၏ ရှမ်းပြည်နယ်အရှေ့ပိုင်း ခရီးစဉ်တွင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ နယ်စပ်ရေးရာဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ရဲအောင်၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီး ဦးမင်းသူနှင့် ရဲချုပ် ဒုရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦးတို့ အပါအဝင် စုစုပေါင်း (၂၇)ဦး လိုက်ပါလာခြင်းဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့ခရီးစဉ်တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဦးဆောင်သည့်အဖွဲ့က ဒေသခံလူထုနှင့် တွေ့ဆုံခဲ့ပြီး ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ ကျိုင်းတုံ၊ မိုင်းယောင်း၊ မိုင်းတုံနှင့် မိုင်းဆတ်မြို့များသို့လည်း သွားရောက်မည်ဖြစ်ကြောင်း နှင့် ထိုမှတဆင့် ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးသို့ သွားရောက်မည် ဖြစ်ကြောင်း သိရှိရသည်။

သတင်း/ဓာတ်ပုံ - ဇွဲမြတ်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~