တာခ်ီလိတ္ၿမိဳ႕အတြင္း အပတ္စဥ္ စေနေန႔တိုင္း စုေပါင္း အမိႈက္ေကာက္ျခင္းအျဖစ္ မတ္လတြင္ စတင္မည္

တာခ်ီလိတ္ၿမိဳ႕အတြင္း အပတ္စဥ္ စေနေန႔တိုင္း စုေပါင္း အမိႈက္ေကာက္ျခင္းအျဖစ္ မတ္လတြင္ စတင္မည္
ဖေဖော်ဝါရီ 25, 2019
By Tachileik News Agency

ႏိုင္ငံျခားသားမ်ား ေန႔စဥ္ ၀င္ေရာက္ လည္ပတ္လည့္ရွိသည့္ ျမန္မာ - ထိုင္းနယ္စပ္ေဒသ၊ တာခ်ီလိတ္ၿမိဳ႕တြင္ ဌာနဆိုင္ရာမ်ား၊ လူမႈေရးအသင္းအဖြဲ႕မ်ားႏွင့္ ရပ္ကြက္ေနျပည္သူမ်ားျဖင့္ ပူးေပါင္းကာ အပတ္စဥ္ စေနေန႔တိုင္း ၿမိဳ႕တြင္း အမိႈက္ေကာက္မည့္ အစီအစဥ္ကို ၂၀၁၉ ခုႏွစ္ မတ္လတြင္ စတင္ ေဆာင္ရြက္ သြားမည္ျဖစ္ေၾကာင္း တာခ်ီလိတ္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးက ေျပာၾကားလိုက္သည္။

“ကြ်န္ေတာ္တို႔ပါ အပါ ဌာနဆိုင္ရာေတြေရာ စိတ္ဓာတ္ေတြ ျပင္ရမွာေပါ့။ ျပည္သူလူထုလည္း ပူးေပါင္း ပါ၀င္ၿပီးေတာ့ တစ္ဦးခ်င္းစီက သန္႔ရွင္းတဲ့ ပတ္၀န္းက်င္ျဖစ္ေအာင္ လုပ္ရင္ေတာ့ ေအာင္ျမင္ႏိုင္တာေပါ့။ (၃) လပိုင္းကေနစၿပီး အပတ္စဥ္ စေနေန႔တိုင္း စၿပီး အမိႈက္ေကာက္ေတာ့မယ္။ အစည္းအေ၀း ဒီရက္ပိုင္း လုပ္ဖို႔ရိွတယ္။ လူမႈေရးအသင္းအဖြဲ႕ ေတြခ်ျပဖို႔ေပါ့”ဟု တာခ်ီလိတ္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးခ်မ္းေျမ့ေစာက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေဖေဖာ္၀ါရီလ (၂၅) ရက္ေန႔တြင္ ေျပာသည္။

“ျပဳျပင္ေျပာင္းလဲမႈ အတြက္ ျပည္နယ္တစ္ခု၊ ၿမိဳ႕နယ္တစ္ခုစီမံခ်က္” (One State - One Township Project) အရ တိုင္းေဒသႀကီး/ ျပည္နယ္မ်ားသည္ မိမိတို႔နယ္ေျမအတြင္း အလားအလာ အေကာင္းဆုံး ၿမိဳ႕ တစ္ၿမိဳ႕ကို ေရြးခ်ယ္ရမည္ ျဖစ္ရာ ရွမ္းျပည္နယ္အေနျဖင့္ ကေလာ၊ လိြဳင္လင္၊ တာခ်ီလိတ္ ၿမိဳ႕ (၃) ၿမိဳ႕ကို ကနဦး ေရြးခ်ယ္ခဲ့သျဖင့္ တာခ်ီလိတ္ၿမိဳ႕ အေနျဖင့္ ျပည္သူမ်ား ပူးေပါင္းပါ၀င္ၿပီး အေကာင္အထည္ေဖာ္ ေဆာင္ရြက္ႏိုင္မည့္ လုပ္ငန္းရပ္အေနျဖင့္ အမိႈက္ေကာက္ျခင္းလုပ္ငန္းကို တင္ျပေဆြးေႏြးခဲ့ေၾကာင္း သိရသည္။

“ျပည္နယ္အဆင့္ေတြ ေရြးခ်ယ္ၿပီးေတာ့ ကိုယ့္ၿမိဳ႕နယ္နဲ႔ကိုက္ညီတဲ့ ျပည္သူလူထုပါ၀င္တဲ့ အလုပ္မ်ိဳးေပါ့။ အဓိက ကျပည္သူနဲ႔ အုပ္ခ်ဳပ္ေရးအဖြဲ႕ေတြနဲ႔ရင္းႏွီးမယ္။ ျပည္သူနဲ႔ ပူးေပါင္းၿပီးေတာ့ ေဆာင္ရြက္လို႔ရတဲ့ လုပ္ငန္းေပါ့။ ကိုယ့္ၿမိဳ႕နယ္လည္းေကာင္းမယ္ေပါ့။ အဲဒီရည္ရြယ္ခ်က္နဲ႔ ကိုယ့္ၿမိဳ႕နယ္ေတြမွာ ဘယ္လို လုပ္မလည္းဆိုၿပီးေတာ့ လွမ္းၿပီးေမးတာေပါ့။ စုေပါင္းအမိႈက္ေကာက္ဖို႔ေပါ့။ တစ္ဖက္ႏိုင္ငံနဲ႔လည္း နယ္စပ္ၿမိဳ႕ ျဖစ္ေနတာေပါ့။ သန္႔ရွင္းသပ္ရပ္မႈဆိုရင္ ကၽြန္ေတာ္တို႔ ႏိုင္ငံက နိမ့္က်ေနေသးတာေပါ့။ ကၽြန္ေတာ္တို႔ လိုက္မွီဖို႔ ႀကိဳးစားရဦးမွာ။ အဓိကက ျပည္သူတစ္ဦးခ်င္းရဲ႕ စိတ္ဓာတ္က ေျပာင္းသြားဖို႔ လိုတာေပါ့။ ဟိုဘက္မွာလည္း အမိႈက္ပံုးခ်ၿပီးေတာ့ အမိႈက္ကားနဲ႔ လိုက္သိမ္းတာပဲ။ ဒါေပမယ့္ ကၽြန္ေတာ္တို႔ ဆီက က်ေတာ့ အမိႈက္ပစ္တာကို အမိႈက္ပံုးထဲ၀င္ေအာင္မျပစ္တာတို႔၊ ေတြ႕ကရာပစ္ခဲ့တာတို႔ အဲဒါမ်ိဳးေတြ လုပ္ေတာ့ လိုက္သိမ္းတဲ့အခါမွာ စည္ပင္လည္း မႏိုင္ဘူးေပါ့။ ”ဟု တာခ်ီလိတ္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးခ်မ္းေျမ့ေစာက ေျပာသည္။

“ျပဳျပင္ေျပာင္းလဲမႈအတြက္ ျပည္နယ္တစ္ခု၊ ၿမိဳ႕နယ္တစ္ခုစီမံခ်က္”အတြက္ ေရြးခ်ယ္မႈကို ေနျပည္ေတာ္တြင္ ေဖေဖာ္၀ါရီလ (၂၇၊ ၂၈) ႏွင့္ မတ္လ (၁) ရက္ေန႔အထိျပဳလုပ္မည့္ အလုပ္ရံုေဆြးေႏြးပြဲမွ ေရြးခ်ယ္မည္ျဖစ္ၿပီး ေရြးခ်ယ္ခံရမႈ ရိွ၊ မရိွေပၚ မူတည္မည္ မဟုတ္ပဲ ၿမိဳ႕တြင္းသန္႔ရွင္းသပ္ရပ္ေရးအတြက္ ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

ပံုအညြန္း - တာခ်ီလိတ္ၿမိဳ႕မ(ေက်ာက္ေတာင္)သုႆာန္အနီး အမႈိက္ပံု ႏွင့္ ၿမိဳ႕လယ္နမ့္ယြန္းေခ်ာင္းအတြင္း ပံု

Tachileik News Agency



~~~~~~~~⊰❂ Unicode Version ~~~~~~~~

နိုင်ငံခြားသားများ နေ့စဉ် ဝင်ရောက် လည်ပတ်လည့်ရှိသည့် မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့တွင် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ရပ်ကွက်နပြေည်သူများဖြင့် ပူးပေါင်းကာ အပတ်စဉ် စနေနေ့တိုင်း မြို့တွင်း အမှိုက်ကောက်မည့် အစီအစဉ်ကို ၂၀၁၉ ခုနှစ် မတ်လတွင် စတင် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူးက ပြောကြားလိုက်သည်။

“ကျွန်တော်တို့ပါ အပါ ဌာနဆိုင်ရာတွေရော စိတ်ဓာတ်တွေ ပြင်ရမှာပေါ့။ ပြည်သူလူထုလည်း ပူးပေါင်း ပါဝင်ပြီးတော့ တစ်ဦးချင်းစီက သန့်ရှင်းတဲ့ ပတ်ဝန်းကျင်ဖြစ်အောင် လုပ်ရင်တော့ အောင်မြင်နိုင်တာပေါ့။ (၃) လပိုင်းကနေစပြီး အပတ်စဉ် စနေနေ့တိုင်း စပြီး အမှိုက်ကောက်တော့မယ်။ အစည်းအေဝး ဒီရက်ပိုင်း လုပ်ဖို့ရှိတယ်။ လူမှုရေးအသင်းအဖွဲ့ တွေချပြဖို့ပေါ့”ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ ဖေဖော်ဝါရီလ (၂၅) ရက်နေ့တွင် ပြောသည်။

“ပြုပြင်ပြောင်းလဲမှု အတွက် ပြည်နယ်တစ်ခု၊ မြို့နယ်တစ်ခုစီမံချက်” (One State - One Township Project) အရ တိုင်းဒေသကြီး/ ပြည်နယ်များသည် မိမိတို့နယ်မြေအတွင်း အလားအလာ အကောင်းဆုံး မြို့ တစ်မြို့ကို ရွေးချယ်ရမည် ဖြစ်ရာ ရှမ်းပြည်နယ်အနဖြေင့် ကလော၊ လွိုင်လင်၊ တာချီလိတ် မြို့ (၃) မြို့ကို ကနဦး ရွေးချယ်ခဲ့သဖြင့် တာချီလိတ်မြို့ အနဖြေင့် ပြည်သူများ ပူးပေါင်းပါဝင်ပြီး အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည့် လုပ်ငန်းရပ်အနဖြေင့် အမှိုက်ကောက်ခြင်းလုပ်ငန်းကို တင်ပြဆွေးနွေးခဲ့ကြောင်း သိရသည်။

“ပြည်နယ်အဆင့်တွေ ရွေးချယ်ပြီးတော့ ကိုယ့်မြို့နယ်နဲ့ကိုက်ညီတဲ့ ပြည်သူလူထုပါဝင်တဲ့ အလုပ်မျိုးပေါ့။ အဓိက ကပြည်သူနဲ့ အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ရင်းနှီးမယ်။ ပြည်သူနဲ့ ပူးပေါင်းပြီးတော့ ဆောင်ရွက်လို့ရတဲ့ လုပ်ငန်းပေါ့။ ကိုယ့်မြို့နယ်လည်းကောင်းမယ်ပေါ့။ အဲဒီရည်ရွယ်ချက်နဲ့ ကိုယ့်မြို့နယ်တွေမှာ ဘယ်လို လုပ်မလည်းဆိုပြီးတော့ လှမ်းပြီးမေးတာပေါ့။ စုပေါင်းအမှိုက်ကောက်ဖို့ပေါ့။ တစ်ဖက်နိုင်ငံနဲ့လည်း နယ်စပ်မြို့ ဖြစ်နေတာပေါ့။ သန့်ရှင်းသပ်ရပ်မှုဆိုရင် ကျွန်တော်တို့ နိုင်ငံက နိမ့်ကျနေသေးတာပေါ့။ ကျွန်တော်တို့ လိုက်မှီဖို့ ကြိုးစားရဦးမှာ။ အဓိကက ပြည်သူတစ်ဦးချင်းရဲ့ စိတ်ဓာတ်က ပြောင်းသွားဖို့ လိုတာပေါ့။ ဟိုဘက်မှာလည်း အမှိုက်ပုံးချပြီးတော့ အမှိုက်ကားနဲ့ လိုက်သိမ်းတာပဲ။ ဒါပေမယ့် ကျွန်တော်တို့ ဆီက ကျတော့ အမှိုက်ပစ်တာကို အမှိုက်ပုံးထဲဝင်အောင်မပြစ်တာတို့၊ တွေ့ကရာပစ်ခဲ့တာတို့ အဲဒါမျိုးတွေ လုပ်တော့ လိုက်သိမ်းတဲ့အခါမှာ စည်ပင်လည်း မနိုင်ဘူးပေါ့။ ”ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက ပြောသည်။

“ပြုပြင်ပြောင်းလဲမှုအတွက် ပြည်နယ်တစ်ခု၊ မြို့နယ်တစ်ခုစီမံချက်”အတွက် ရွေးချယ်မှုကို နပြေည်တော်တွင် ဖေဖော်ဝါရီလ (၂၇၊ ၂၈) နှင့် မတ်လ (၁) ရက်နေ့အထိပြုလုပ်မည့် အလုပ်ရုံဆွေးနွေးပွဲမှ ရွေးချယ်မည်ဖြစ်ပြီး ရွေးချယ်ခံရမှု ရှိ၊ မရှိပေါ် မူတည်မည် မဟုတ်ပဲ မြို့တွင်းသန့်ရှင်းသပ်ရပ်ရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ပုံအညွန်း - တာချီလိတ်မြို့မ(ကျောက်တောင်)သုဿာန်အနီး အမှိုက်ပုံ နှင့် မြို့လယ်နမ့်ယွန်းချောင်းအတွင်း ပုံ

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~