ကျောက်မဲမြို့တွင် ဆိုင်ကယ်ခိုးလာသူ အမျိုးသားတစ်ဦးကို ဖမ်းဆီးရမိ၍ အမှုဖွင့်အရေးယူထား

ကျောက်မဲမြို့တွင် ဆိုင်ကယ်ခိုးလာသူ အမျိုးသားတစ်ဦးကို ဖမ်းဆီးရမိ၍ အမှုဖွင့်အရေးယူထား
ဖေဖော်ဝါရီ 7, 2019
By Tachileik News Agency

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့တွင် ၂၀၁၉ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၆) ရက်နေ့က ဆိုင်ကယ်ခိုးလာသူ အမျိုးသားတစ်ဦးကို ဆိုင်ကယ်တစ်စီးနှင့်အတူ ဖမ်းဆီး ထားကြောင်း သိရသည်။

နံပါတ်မပါသည့် KENBO 125 R အနက်ရောင်ဆိုင်ကယ်စီးနင်းလာသည့် ထွန်းလူကို အမှတ် (၉) ရပ်ကွက်၊ ရွှေဖီဦးလမ်း၊ အမက (၆) ကျောင်းရှေ့၌ တွေ့ရခြင်းဖြစ်ပြီး ရဲတပ်ဖွဲ့က မသင်္ကာသဖြင့် စစ်ဆေးရာ ဆိုင်ကယ် ပိုင်ဆိုင်ကြောင်းကို ပြောဆိုနိုင်ခြင်းမရှိသဖြင့် ဖမ်းဆီးထိန်းသိမ်းလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ဆိုင်ကယ်ကို သိမ်းဆည်းထားပြီး ထွန်းလူကို ကျောက်မဲမြို့မရဲစခန်းတွင် (ပ)၆၂/ ၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ -၃၈၀ / ကျင့်- ၅၄ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

ကျောက်မဲမြို့တွင် ၂၀၁၉ ခုနှစ် ဇန်နဝါရီလအတွင်းမှစ၍ ဆေးရုံ၊ ဆေးခန်း၊ ဈေးနှင့် လူစည်ကားရာ အရပ်များ၌ ဆိုင်ကယ် ခိုးယူခံရမှုများ များပြားလာနေပြီး ဖေဖေါ်ဝါရီလ ဒုတိယပတ်အတွင်း ဆိုင်ကယ်၊ ဖုန်းခိုးမှုဖြင့် ဖမ်းဆီးရမိမှု ( ၈ )ခု ရှိထားပြီဖြစ်ကြောင်း မြို့မရဲတပ်ဖွဲ့ထံက သိရသည်။

သတင်း - နေဖြိုးမြင့်


~~~~~~~~⊰❂ Unicode Version ~~~~~~~~






 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~