ျမန္မာႏိုင္ငံအတြင္း (၉)ရက္ၾကာ လည္ပတ္ခဲ့သည့္ ထိုင္းႏိုင္ငံသား ဆိုင္ကယ္ (၁၂) စီးအဖြဲ႕ တာခ်ီလိတ္မွ တဆင့္ မယ္ဆိုင္သို႔ ျပန္လည္ ထြက္ခြာ

ျမန္မာႏိုင္ငံအတြင္း (၉)ရက္ၾကာ လည္ပတ္ခဲ့သည့္ ထိုင္းႏိုင္ငံသား ဆိုင္ကယ္ (၁၂) စီးအဖြဲ႕ တာခ်ီလိတ္မွ တဆင့္ မယ္ဆိုင္သို႔ ျပန္လည္ ထြက္ခြာ
ဖေဖော်ဝါရီ 23, 2019
By Tachileik News Agency

ထိုင္း - ျမန္မာနယ္စပ္ေဒသ၊ ထိုင္းႏုိင္ငံ မဲေဆာက္ၿမိဳ႕မွတဆင့္ ျမ၀တီၿမိဳ႕သို႔ ၀င္ေရာက္လာသည့္ ထိုင္းႏိုင္ငံသား (၁၉) ဦး ပါ၀င္သည့္ ဆိုင္ကယ္စီးအဖြဲ႕သည္ ဆိုင္ကယ္ (၁၂) စီး၊ ေမာ္ေတာ္ယာဥ္တစ္စီးျဖင့္ ျမန္မာႏိုင္ငံတြင္ (၉) ရက္ၾကာ လည္ပတ္ခဲ့ၿပီး တာခ်ီလိတ္ၿမိဳ႕မွ တဆင့္ ထိုင္းႏုိင္ငံ မယ္ဆိုင္ၿမိဳ႕သို႔  ၂၀၁၉ ခုႏွစ္ ေဖေဖာ္၀ါရီလ (၂၃) ရက္ေန႔တြင္ ျပန္လည္ ထြက္ခြာသြားေၾကာင္း သိရသည္။

“ဆိုင္ကယ္ခရီးစဥ္က (၉) ရက္ပါခင္ဗ်။ ျမန္မာႏိုင္ငံအတြင္း အ၀င္အထြက္ အဆင္ေျပေအာင္ ရံုးစာေတြ၊ ဟိုတယ္ပိုင္းေတြ စီစဥ္ေပးတယ္။ လမ္းေၾကာင္း အဆင္ေျပေအာင္ စီစဥ္ေပးခဲ့တာေပါ့။ ခရီးစဥ္မွာ အခက္အခဲ မရိွပါဘူး။ ခရီးသြားရဲေတြက လမ္းေၾကာင္းေတြ ဘာေတြ ရွင္းေပးတယ္။ ဒီလိုဆိုင္ကယ္နဲ႔ လည္ပတ္တဲ့ ခရီးစဥ္က ကၽြန္ေတာ္တို႔ကုမၸဏီရဲ႕ ဒုတိယ ခရီးစဥ္ေပါ့”ဟု Glorify Travels & Tours Co,Ltd မွ ဒါရိုက္တာ ကိုစတီဗင္သန္းေအာင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ထိုင္းႏိုင္ငံသား ဆိုင္ကယ္စီးအဖြဲ႕သည္ ေဖေဖာ္၀ါရီလ (၁၅) ရက္ေန႔က မဲေဆာက္ၿမိဳ႕ရွိ ျမန္မာ - ထုိင္း ခ်စ္ၾကည္ေရးတံတားမွ တဆင့္ ျမ၀တီသို႔   ၀င္ေရာက္လာခဲ့ၿပီး ျမ၀တီ၊ ေမာ္လၿမိဳင္၊ ေတာင္ငူ၊ ပုဂံ၊ မႏၱေလး၊ အင္းေလး၊ နမ့္စန္၊ က်ိဳင္းတံုႏွင့္ တာခ်ီလိတ္ၿမိဳ႕မ်ားသို႔ လည္ပတ္ခဲ့ၿပီးေနာက္ တာခ်ီလိတ္ၿမိဳ႕ရွိ ျမန္မာ - ထိုင္း ခ်စ္ၾကည္ေရး အမွတ္(၁)တံတားမွ တဆင့္ ထိုင္းႏိုင္ငံ မယ္ဆိုင္ၿမဳိ႕သို႔ ၂၀၁၉ခုႏွစ္ ေဖေဖာ္၀ါရီလ (၂၃) ရက္ေန႔ ေန႔လည္(၁၂) နာရီတြင္ျပန္လည္ထြက္ခြာသြားျခင္း ျဖစ္သည္။

ယခုလို ဆိုင္ကယ္ႀကီးမ်ားျဖင့္ အုပ္စုလိုက္သြားလာသည့္ ခရီးသြား ႏုိင္ငံျခားသားမ်ားသည္ ျမ၀တီၿမိဳ႕မွ ၀င္ေရာက္ၿပီး တာခ်ီလိတ္ၿမိဳ႕ရွိ ျမန္မာ - ထိုင္း ခ်စ္ၾကည္ေရး အမွတ္(၁)တံတားမွ တဆင့္ ျပန္လည္၍ ထိုင္းႏိုင္ငံသို႔ ထြက္ခြာသြားၾကျခင္း ျဖစ္သည္။

Tachileik News Agency
ဓါတ္ပံု - Glorify Travels & Tours


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ထိုင်း - မြန်မာနယ်စပ်ဒေသ၊ ထိုင်းနိုင်ငံ မဲဆောက်မြို့မှတဆင့် မြဝတီမြို့သို့ ဝင်ရောက်လာသည့် ထိုင်းနိုင်ငံသား (၁၉) ဦး ပါဝင်သည့် ဆိုင်ကယ်စီးအဖွဲ့သည် ဆိုင်ကယ် (၁၂) စီး၊ မော်တော်ယာဉ်တစ်စီးဖြင့် မြန်မာနိုင်ငံတွင် (၉) ရက်ကြာ လည်ပတ်ခဲ့ပြီး တာချီလိတ်မြို့မှ တဆင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့သို့ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ (၂၃) ရက်နေ့တွင် ပြန်လည် ထွက်ခွာသွားကြောင်း သိရသည်။

“ဆိုင်ကယ်ခရီးစဉ်က (၉) ရက်ပါခင်ဗျ။ မြန်မာနိုင်ငံအတွင်း အဝင်အထွက် အဆင်ပြေအောင် ရုံးစာတွေ၊ ဟိုတယ်ပိုင်းတွေ စီစဉ်ပေးတယ်။ လမ်းကြောင်း အဆင်ပြေအောင် စီစဉ်ပေးခဲ့တာပေါ့။ ခရီးစဉ်မှာ အခက်အခဲ မရှိပါဘူး။ ခရီးသွားရဲတွေက လမ်းကြောင်းတွေ ဘာတွေ ရှင်းပေးတယ်။ ဒီလိုဆိုင်ကယ်နဲ့ လည်ပတ်တဲ့ ခရီးစဉ်က ကျွန်တော်တို့ကုမ္ပဏီရဲ့ ဒုတိယ ခရီးစဉ်ပေါ့”ဟု Glorify Travels & Tours Co,Ltd မှ ဒါရိုက်တာ ကိုစတီဗင်သန်းအောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ထိုင်းနိုင်ငံသား ဆိုင်ကယ်စီးအဖွဲ့သည် ဖေဖော်ဝါရီလ (၁၅) ရက်နေ့က မဲဆောက်မြို့ရှိ မြန်မာ - ထိုင်း ချစ်ကြည်ရေးတံတားမှ တဆင့် မြဝတီသို့ ဝင်ရောက်လာခဲ့ပြီး မြဝတီ၊ မော်လမြိုင်၊ တောင်ငူ၊ ပုဂံ၊ မန္တလေး၊ အင်းလေး၊ နမ့်စန်၊ ကျိုင်းတုံနှင့် တာချီလိတ်မြို့များသို့ လည်ပတ်ခဲ့ပြီးနောက် တာချီလိတ်မြို့ရှိ မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၁)တံတားမှ တဆင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့သို့ ၂၀၁၉ခုနှစ် ဖေဖော်ဝါရီလ (၂၃) ရက်နေ့ နေ့လည်(၁၂) နာရီတွင်ပြန်လည်ထွက်ခွာသွားခြင်း ဖြစ်သည်။

ယခုလို ဆိုင်ကယ်ကြီးများဖြင့် အုပ်စုလိုက်သွားလာသည့် ခရီးသွား နိုင်ငံခြားသားများသည် မြဝတီမြို့မှ ဝင်ရောက်ပြီး တာချီလိတ်မြို့ရှိ မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၁)တံတားမှ တဆင့် ပြန်လည်၍ ထိုင်းနိုင်ငံသို့ ထွက်ခွာသွားကြခြင်း ဖြစ်သည်။

Tachileik News Agency
ဓာတ်ပုံ - Glorify Travels & Tours

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~