ကြက်တိုက်လောင်းကစား ပြုလုပ်သည့် အမျိုးသား(၃)ဦးကို ကြက်ဖ နှစ်ကောင်နှင့်အတူ ဖမ်းဆီးရမိ၍ ထောင်ဒဏ် (၆)လအထိ ချမှတ်နိုင်သည့် ပုဒ်မဖြင့် အမှုဖွင့်

ကြက်တိုက်လောင်းကစား ပြုလုပ်သည့် အမျိုးသား(၃)ဦးကို ကြက်ဖ နှစ်ကောင်နှင့်အတူ ဖမ်းဆီးရမိ၍ ထောင်ဒဏ် (၆)လအထိ ချမှတ်နိုင်သည့် ပုဒ်မဖြင့် အမှုဖွင့်
ဖေဖော်ဝါရီ 25, 2019
By Tachileik News Agency
 
ကြက်တိုက်လောင်းကစား ပြုလုပ်သည့် အမျိုးသား(၃)ဦးကို ကြက်ဖ နှစ်ကောင်နှင့်အတူ ဖမ်းဆီးရမိ၍ ထောင်ဒဏ် (၆)လအထိ ချမှတ်နိုင်သည့် ပုဒ်မဖြင့် အမှုဖွင့်

ပုသိမ်ကြီးမြို့နယ်၊ ဆင်ရွာကျေးရွာအုပ်စု၊ ငြိမ်းချမ်းသာစံကျေးရွာ၊ အနောက်လယ်မြေကွက်တွင် ကြက်တိုက် လောင်းကစား ပြုလုပ်နေကြောင်း သတင်းအရ သွားရောက် ဖမ်းဆီးရာမှာ အမျိုးသား(၃)ဦး နှင့်အတူ ကြက်(၂)ကောင်ကို ဖမ်းဆီးရမိ၍ ထောင်ဒဏ် အမြင့်ဆုံး (၆)လအထိ ချမှတ်နိုင်သည့် ပုဒ်မဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

ပုသိမ်းကြီးမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက ၂၀၁၉ခုနှစ် ဖေဖော်ဝါရီလ(၂၄)ရက်နေ့ ညနေပိုင်းက ငြိမ်းချမ်းသာစံကျေးရွာ၊ အနောက်လယ်မြေကွက်တွင် ကြက်တိုက်နေကြောင်း သတင်းအရ သွားရောက် ဖမ်းဆီးရာက ကြက်ဝိုင်းတွင် လူ(၁၀)ဦးဝန်းကျင်တွေ့ရပြီး ကျန်လူများမှာ ထွက်ပြေးသွားကြပြီးနောက် အသက်(၅၂)နှစ်ရှိ ဝင်းကျော်၊ အသက်(၆၅)နှစ်ရှိ သန်းလွင် နှင့် အသက်(၄၆)နှစ်ရှိ သန်းနိုင်ဦးတို့အား ကြက်ဖနှစ်ကောင်နှင့်အတူ လောင်းကြေး ငွေ (၁၅၈,၇၅၀)ကျပ်၊ ဖုန်းတစ်လုံးနှင့် ကြက်တိုက် လောင်းကစားရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းတို့အား တွေ့ရှိ သိမ်းဆည်းကာ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ကြက်တိုက်သည့် ၎င်းတို့ သုံးဦးအား ပုသိမ်ကြီးမြို့မရဲစခန်း (ပ)၁၀၅/၂၀၁၉၊ လောင်းကစားဥပဒေပုဒ်မ ၁၂(က)အရ အမှုဖွင့် အရေးယူထားရှိကြောင်း သိရှိရသည်။

လောင်းကစားဥပဒေပုဒ်မ ၁၂(က)သည် ပြစ်မှုထင်ရှားပါက ထောင်(၆)လအထိ သို့မဟုတ် ဒဏ်ငွေ(၅၀၀၀၀)ကျပ်အထိ ချမှတ်နိုင်သည့် အပြင် ပြစ်မှုနှင့် အကျုံးဝင်သော သက်သေခံပစ္စည်းများနှင့်ငွေများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်း ခံရမည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ - ရဲတပ်ဖွဲ့

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~