တာခ်ီလိတ္တြင္ အေရးေပၚ လိုအပ္ခ်က္အရ မီးပြိဳင့္(၅)ခုအတြက္ ကိုယ္ထူကိုယ္ထစနစ္ျဖင့္ CCTV မ်ား တပ္ဆင္မႈ စတင္

တာခ်ီလိတ္တြင္ အေရးေပၚ လိုအပ္ခ်က္အရ မီးပြိဳင့္(၅)ခုအတြက္ ကိုယ္ထူကိုယ္ထစနစ္ျဖင့္ CCTV မ်ား တပ္ဆင္မႈ စတင္
ဖေဖော်ဝါရီ 24, 2019
By Tachileik News Agency
ျမန္မာ - ထိုင္းနယ္စပ္ေဒသ၊ တာခ်ီလိတ္ၿမိဳ႕ရွိ မီးပိြဳင့္(၅)ေနရာ၌ တပ္ဆင္ထားသည့္ CCTV မ်ားမွာ အလုပ္ မလုပ္သျဖင့္ အေရးႀကီးေနရာမ်ားတြင္ အရည္အေသြးျမင့္ CCTV မ်ားကို ကိုယ္ယူကိုယ္ထစနစ္ျဖင့္ စတင္လဲလွယ္ တပ္ဆင္ေနၿပီး စုစုေပါင္းလွဴဒါန္းေငြ က်ပ္သိန္း (၂၄၀) ရရိွထားေသာ္လည္း တစ္ၿမိဳ႕လံုး ခ်ိတ္ဆက္မည့္ CCTV ကြန္ယက္လုပ္ေဆာင္ရန္ အစိုးရထံမွ ဘတ္ဂ်က္ရရိွရန္လိုအပ္ေနဆဲျဖစ္ေၾကာင္း သိရသည္။

“CCTV ေတြ တပ္တာက ၾကားျဖတ္အစီအစဥ္နဲ႔ လွဴတဲ့ဟာေပါ့။ ပြိဳင့္ (၅) ပိြဳင့္မွာ အဓိကထား တပ္သြားတာေပါ့။ တစ္ၿမိဳ႕လံုးခ်ိတ္ဆက္မယ့္ကြန္ယက္နဲ႔ ခ်ိတ္တာေတာ့ မဟုတ္ဘူး။ ေလာေလာဆယ္ ဗိုလ္ခ်ဳပ္လမ္းမႀကီး တစ္ေလွ်ာက္ေပါ့။ ယာယီအစီအစဥ္အေနနဲ႔ လွဴဒါန္းတဲ့ဟာေတြ စတပ္တာ”ဟု တာခ်ီလိတ္ခရိုင္ အုပ္ခ်ဳပ္ေရးမွဴး ဦးျမင့္ႏိုင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ၂၀၁၉ ခုႏွစ္၊ ေဖေဖာ္ဝါရီလ (၂၃) ရက္ေန႔က ေျပာသည္။

တာခ်ီလိတ္ၿမိဳ႕တြင္ ယာဥ္တုိက္မႈျဖစ္ပြားၿပီး ထြက္ေျပးေမာင္းႏွင္မႈမ်ား ႏွင့္  လမ္းမေပၚတြင္ ေသနတ္ပစ္ခတ္မႈမ်ားအထိ ျဖစ္ပြားခဲ့ရာ ၿမိဳ႕လံုၿခံဳေရးႏွင့္ မႈခင္းေဖၚထုတ္ေရးအတြက္ အရည္အေသြးျမႇင့္သည့္ CCTV မ်ား တပ္ဆင္ထားႏိုင္ရန္ လိုအပ္ေနၿပီး လက္ရိွၿမိဳ႕တြင္း မီးပိြဳင့္မ်ားတြင္ တပ္ဆင္ထားသည့္ CCTV မ်ားမွာ မွတ္တမ္းအရည္အေသြးေကာင္းမြန္ျခင္း မရိွသည့္အျပင္ အလုပ္ မလုပ္ေတာ့သည့္ CCTV မ်ားလည္းရိွေနသျဖင့္ အသစ္လဲလွယ္တပ္ဆင္ေနျခင္းျဖစ္ေၾကာင္း သိရသည္။

“သိန္း (၂၄၀) ထဲကမဟုတ္ဘူး။ သီးျခား ကိုစိုင္းခမ္းတို႔ လွဴတဲ့ဟာေလးနဲ႔စတာ။ သိန္း (၂၄၀) ကမစေသးဘူး။ ကြန္ယက္နဲ႔ခ်ိတ္မယ့္ဟာက ေသခ်ာေဆြးေႏြးတိုင္ပင္ၿပီးမွ ေရြးခ်ယ္ၿပီးမွ စမွာ ဗိုလ္ခ်ဳပ္လမ္းမမွာက ေလာေလာဆယ္အေရးႀကီးေနလို႔ လွဴဒါန္းတဲ့ဟာနဲ႔ အရင္စလိုက္တာ။ ေဟာင္လိတ္လမ္းဆံု၊ အာခါေစ်းမီးပြိဳင့္၊ တံတား(၂)၊ ရွမ္းရိုးမကြင္းေရွ႕ရယ္ တံတား(၁) အ၀ိုင္းထိပ္ေပါ့”ဟု လက္ရိွ CCTV တပ္ဆင္ေနမႈအေျခအေနမ်ားကို ခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးျမင့္ႏိုင္က ရွင္းျပသည္။

CCTV ကြန္ယက္ တစ္ၿမိဳ႕လံုး ခ်ိတ္ဆက္ႏုိင္ရန္ လိုအပ္သည့္ ဘတ္ဂ်က္ကို ျပည္နယ္အစိုးရထံ တင္ျပ ထားေသာ္လည္း ယခုႏွစ္ဘတ္ဂ်က္တြင္ ခ်ထားေပးႏုိင္ျခင္း မရိွေသးသျဖင့္ ကိုယ္ထူကိုယ္ထ ေဆာင္ရြက္ေနလ်က္ရွိၿပီး မႈခင္းတစ္စံုတစ္ရာျဖစ္ေပၚသည့္အခါမ်ားတြင္လည္း ၿမိဳ႕လူထုအေနျဖင့္ မိမိတုိ႔ေနအိမ္၊ ဆိုင္ခန္းမ်ား၌ တပ္ဆင္ထားသည့္ CCTV မွတ္တမ္းမ်ားကို လိုအပ္လာ၍ ရဲတပ္ဖြဲ႕က ေတာင္းယူၾကည့္သည့္အခါမ်ဳိးတြင္  ၿမိဳ႕လံုၿခံဳေရးအတြက္ ပူးေပါင္းကူညီၾကရန္ကိုလည္း တာခ်ီလိတ္ၿမိဳ႕နယ္ရဲတပ္ဖြဲ႔မွဴးက ေမတၱာရပ္ခံထားသည္။

“ကၽြန္ေတာ္တို႔ ျပည္သူေတြကို အကူအညီေတာင္းခံခ်င္တာက ကၽြန္ေတာ္တို႔ ဒီၿမိဳ႕မွာဆိုရင္ ဗိုလ္ခ်ဳပ္လမ္းမႀကီးေဘးမွာရိွတဲ့ စတိုးဆိုင္ေတြက CCTV ေတြ တပ္ဆင္ထားတာေတြရိွတယ္။ သူတို႔လံုၿခံဳေရး အတြက္ေရာ၊ လမ္းမေပၚမွာ မေတာ္တဆမႈ ျဖစ္သြားရင္ သိရိွအာင္ဆိုၿပီး ဆိုင္တိုင္းမွာ တပ္ဆင္ထားတာ ေတြ႕ရပါတယ္။ ၿပီးခဲ့တဲ့ လပိုင္းေတြမွာ ျဖစ္ပြားခဲ့တဲ့ မႈခင္းေတြမွာဆိုရင္ လမ္းမတန္းေတြမွာ ျဖစ္ပြားခဲ့တာျဖစ္တဲ့ အတြက္ေၾကာင့္ CCTV မွတ္တမ္းေတြျပန္ဖတ္ဖို႔ လိုအပ္တာေပါ့။ ကၽြန္ေတာ္တို႔ ေတာင္းဆိုခ်င္တာက CCTV မွတ္တမ္းေလးေတြကို ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕အေနနဲ႔ လိုအပ္တဲ့အခါ  ယာဥ္ထိန္းရဲတပ္ဖြဲ႕ အေနနဲ႔ လိုအပ္တဲ့အခါ ၾကည့္ခြင့္ေလးေပးၿပီးေတာ့ ကူညီရင္ ပိုအဆင္ေျပတာေပါ့။ မီးပိြဳင့္မွာရိွတဲ့ မွတ္တမ္းကိုၾကည့္လို႔လည္းမရဘူး။ မီးပြိဳင့္နဲ႔ဒီဘက္ၾကားမွာရိွတဲ့ ေနရာမွာျဖစ္သြားလို႔ရိွရင္ အဲဒီနားက ဆိုင္ေတြရဲ႕ CCTV မွတ္တမ္းေတြဖတ္မွသာ ပိုၿပီးေတာ့ အဆင္ေျပတာေပါ့”ဟု တာခ်ီလိတ္ၿမိဳ႕နယ္ရဲတပ္ဖြဲ႕မွဴး ရဲမွဴးလွဦးက ေျပာသည္။

လက္ရိွတြင္ ရွမ္းျပည္နယ္အတြင္း၌ ျပည္နယ္အဆင့္ၿမိဳ႕မ်ားတြင္ CCTV မ်ား တပ္ဆင္ရန္အတြက္ ျပည္နယ္အစိုးရမွ ဘတ္ဂ်က္ခ်ထားေပးျခင္းျဖစ္ေသာ္လည္း ခရိုင္ၿမိဳ႕မ်ားအတြက္ ဘတ္ဂ်က္ ခ်ေပးရန္မွာ အစီအစဥ္ရွိေသာ္လည္း သတ္မွတ္ကာလမသိရေသးေၾကာင္း ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးခင္ေမာင္တင့္ထံက သိရသည္။

သတင္း - ဟန္စိုးထုိက္
ဓါတ္ပံု - ေက်ာ္ဇင္ဟိန္း



~~~~~~~~⊰❂ Unicode Version ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့ရှိ မီးပွိုင့်(၅)နေရာ၌ တပ်ဆင်ထားသည့် CCTV များမှာ အလုပ် မလုပ်သဖြင့် အရေးကြီးနေရာများတွင် အရည်အသွေးမြင့် CCTV များကို ကိုယ်ယူကိုယ်ထစနစ်ဖြင့် စတင်လဲလှယ် တပ်ဆင်နပြေီး စုစုပေါင်းလှူဒါန်းငွေ ကျပ်သိန်း (၂၄၀) ရရှိထားသော်လည်း တစ်မြို့လုံး ချိတ်ဆက်မည့် CCTV ကွန်ယက်လုပ်ဆောင်ရန် အစိုးရထံမှ ဘတ်ဂျက်ရရှိရန်လိုအပ်နေဆဲဖြစ်ကြောင်း သိရသည်။

“CCTV တွေ တပ်တာက ကြားဖြတ်အစီအစဉ်နဲ့ လှူတဲ့ဟာပေါ့။ ပွိုင့် (၅) ပွိုင့်မှာ အဓိကထား တပ်သွားတာပေါ့။ တစ်မြို့လုံးချိတ်ဆက်မယ့်ကွန်ယက်နဲ့ ချိတ်တာတော့ မဟုတ်ဘူး။ လောလောဆယ် ဗိုလ်ချုပ်လမ်းမကြီး တစ်လျှောက်ပေါ့။ ယာယီအစီအစဉ်အနေနဲ့ လှူဒါန်းတဲ့ဟာတွေ စတပ်တာ”ဟု တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၃) ရက်နေ့က ပြောသည်။

တာချီလိတ်မြို့တွင် ယာဉ်တိုက်မှုဖြစ်ပွားပြီး ထွက်ပြေးမောင်းနှင်မှုများ နှင့် လမ်းမပေါ်တွင် သေနတ်ပစ်ခတ်မှုများအထိ ဖြစ်ပွားခဲ့ရာ မြို့လုံခြုံရေးနှင့် မှုခင်းဖော်ထုတ်ရေးအတွက် အရည်အသွေးမြှင့်သည့် CCTV များ တပ်ဆင်ထားနိုင်ရန် လိုအပ်နပြေီး လက်ရှိမြို့တွင်း မီးပွိုင့်များတွင် တပ်ဆင်ထားသည့် CCTV များမှာ မှတ်တမ်းအရည်အသွေးကောင်းမွန်ခြင်း မရှိသည့်အပြင် အလုပ် မလုပ်တော့သည့် CCTV များလည်းရှိနေသဖြင့် အသစ်လဲလှယ်တပ်ဆင်နခြေင်းဖြစ်ကြောင်း သိရသည်။

“သိန်း (၂၄၀) ထဲကမဟုတ်ဘူး။ သီးခြား ကိုစိုင်းခမ်းတို့ လှူတဲ့ဟာလေးနဲ့စတာ။ သိန်း (၂၄၀) ကမစသေးဘူး။ ကွန်ယက်နဲ့ချိတ်မယ့်ဟာက သေချာဆွေးနွေးတိုင်ပင်ပြီးမှ ရွေးချယ်ပြီးမှ စမှာ ဗိုလ်ချုပ်လမ်းမမှာက လောလောဆယ်အရေးကြီးနေလို့ လှူဒါန်းတဲ့ဟာနဲ့ အရင်စလိုက်တာ။ ဟောင်လိတ်လမ်းဆုံ၊ အာခါဈေးမီးပွိုင့်၊ တံတား(၂)၊ ရှမ်းရိုးမကွင်းရှေ့ရယ် တံတား(၁) အဝိုင်းထိပ်ပေါ့”ဟု လက်ရှိ CCTV တပ်ဆင်နေမှုအခြေအနေများကို ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က ရှင်းပြသည်။

CCTV ကွန်ယက် တစ်မြို့လုံး ချိတ်ဆက်နိုင်ရန် လိုအပ်သည့် ဘတ်ဂျက်ကို ပြည်နယ်အစိုးရထံ တင်ပြ ထားသော်လည်း ယခုနှစ်ဘတ်ဂျက်တွင် ချထားပေးနိုင်ခြင်း မရှိသေးသဖြင့် ကိုယ်ထူကိုယ်ထ ဆောင်ရွက်နေလျက်ရှိပြီး မှုခင်းတစ်စုံတစ်ရာဖြစ်ပေါ်သည့်အခါများတွင်လည်း မြို့လူထုအနဖြေင့် မိမိတို့နေအိမ်၊ ဆိုင်ခန်းများ၌ တပ်ဆင်ထားသည့် CCTV မှတ်တမ်းများကို လိုအပ်လာ၍ ရဲတပ်ဖွဲ့က တောင်းယူကြည့်သည့်အခါမျိုးတွင် မြို့လုံခြုံရေးအတွက် ပူးပေါင်းကူညီကြရန်ကိုလည်း တာချီလိတ်မြို့နယ်ရဲတပ်ဖွဲ့မှူးက မေတ္တာရပ်ခံထားသည်။

“ကျွန်တော်တို့ ပြည်သူတွေကို အကူအညီတောင်းခံချင်တာက ကျွန်တော်တို့ ဒီမြို့မှာဆိုရင် ဗိုလ်ချုပ်လမ်းမကြီးဘေးမှာရှိတဲ့ စတိုးဆိုင်တွေက CCTV တွေ တပ်ဆင်ထားတာတွေရှိတယ်။ သူတို့လုံခြုံရေး အတွက်ရော၊ လမ်းမပေါ်မှာ မတော်တဆမှု ဖြစ်သွားရင် သိရှိအာင်ဆိုပြီး ဆိုင်တိုင်းမှာ တပ်ဆင်ထားတာ တွေ့ရပါတယ်။ ပြီးခဲ့တဲ့ လပိုင်းတွေမှာ ဖြစ်ပွားခဲ့တဲ့ မှုခင်းတွေမှာဆိုရင် လမ်းမတန်းတွေမှာ ဖြစ်ပွားခဲ့တာဖြစ်တဲ့ အတွက်ကြောင့် CCTV မှတ်တမ်းတွပြေန်ဖတ်ဖို့ လိုအပ်တာပေါ့။ ကျွန်တော်တို့ တောင်းဆိုချင်တာက CCTV မှတ်တမ်းလေးတွေကို မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့ လိုအပ်တဲ့အခါ ယာဉ်ထိန်းရဲတပ်ဖွဲ့ အနေနဲ့ လိုအပ်တဲ့အခါ ကြည့်ခွင့်လေးပေးပြီးတော့ ကူညီရင် ပိုအဆင်ပြေတာပေါ့။ မီးပွိုင့်မှာရှိတဲ့ မှတ်တမ်းကိုကြည့်လို့လည်းမရဘူး။ မီးပွိုင့်နဲ့ဒီဘက်ကြားမှာရှိတဲ့ နေရာမှာဖြစ်သွားလို့ရှိရင် အဲဒီနားက ဆိုင်တွေရဲ့ CCTV မှတ်တမ်းတွေဖတ်မှသာ ပိုပြီးတော့ အဆင်ပြေတာပေါ့”ဟု တာချီလိတ်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးလှဦးက ပြောသည်။

လက်ရှိတွင် ရှမ်းပြည်နယ်အတွင်း၌ ပြည်နယ်အဆင့်မြို့များတွင် CCTV များ တပ်ဆင်ရန်အတွက် ပြည်နယ်အစိုးရမှ ဘတ်ဂျက်ချထားပေးခြင်းဖြစ်သော်လည်း ခရိုင်မြို့များအတွက် ဘတ်ဂျက် ချပေးရန်မှာ အစီအစဉ်ရှိသော်လည်း သတ်မှတ်ကာလမသိရသေးကြောင်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့်ထံက သိရသည်။

သတင်း - ဟန်စိုးထိုက်
ဓာတ်ပုံ - ကျော်ဇင်ဟိန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~