တာခ်ီလိတ္တြင္ ကားႏွင့္ဆိုင္ကယ္တိုက္မိရာက ဆိုင္ကယ္ေမာင္းလာသူ လူငယ္တစ္ဦး ေသဆံုးၿပီး ကားေမာင္းသူမွာ ထြက္ေျပးတိမ္းေရွာင္ေန

တာခ်ီလိတ္တြင္ ကားႏွင့္ဆိုင္ကယ္တိုက္မိရာက ဆိုင္ကယ္ေမာင္းလာသူ လူငယ္တစ္ဦး ေသဆံုးၿပီး ကားေမာင္းသူမွာ ထြက္ေျပးတိမ္းေရွာင္ေန
ဖေဖော်ဝါရီ 11, 2019
By Tachileik News Agency

ျမန္မာ - ထိုင္းနယ္စပ္ေဒသ တာခ်ီလိတ္ၿမိဳ႕ ၀ိန္းေက်ာက္ရပ္ကြက္အပိုင္း ဗိုလ္ခ်ဳပ္ေအာင္ဆန္း လမ္းမေပၚတြင္ ၂၀၁၉ခုႏွစ္ ေဖေဖာ္၀ါရီလ(၁၁)ရက္ေန႔ နံနက္(၄)နာရီခြဲ၀န္းက်င္က ယာဥ္တိုက္မႈ ျဖစ္ပြားရာက ျပင္းထန္ဒဏ္ရာရရွိသူ လူငယ္တစ္ဦး ေဆးရံုတြင္ ေသဆံုးသြားေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ  ပါလွ်ံမီးပြိဳင့္ဘက္မွာ လာသည့္ ေမာ္ေတာ္ယာဥ္သည္ တာခ်ီလိတ္ၿမိဳ႕ ၀ိန္းေက်ာက္ရပ္ကြက္၊ ေတာ္ေကာ့(ျပင္) စိန္ပန္းနီနီစားေသာက္ဆိုင္ေရွ႕လမ္းဆံုအနီးတြင္ လမ္း၏ ဘဲဘက္ရွိ လမ္းသြယ္ အတြင္းသို႔ ခ်ဳိးေကြ႕ေမာင္းႏွင္စဥ္ အာခါေစ်းမီးပြိဳင့္ဘက္မွ အသက္(၂၆)ႏွစ္အရြယ္ရွိ ေမာင္အားဒို ေမာင္းလာေသာ ေမာ္ေတာ္ဆိုင္ကယ္အား ရုတ္တရက္ ၀င္ေရာက္တိုက္မိၿပီးေနာက္ တိုက္မိသည့္ ေမာ္ေတာ္ယာဥ္မွာ ရပ္တန္႔ျခင္းမရွိဘဲ ေမာင္းႏွင္ထြက္ေျပးသြားေၾကာင္း  သိရၿပီး ေမာင္းႏွင္ ထြက္ေျပး သြားေသာ ယာဥ္အား ယာဥ္ထိန္းရဲတပ္ဖြဲ႔မွ စံုစမ္းေဖာ္ထုတ္ေနလ်က္ရွိေၾကာင္း သိရသည္။

ယာဥ္တိုက္မႈေၾကာင့္ ေမာင္အားဒိုသည္ ၀ဲဘက္မ်က္ခံုးေပါက္ၿပဲဒဏ္ရာရရွိကာ သတိလစ္သြားေန၍ တာခ်ီလိတ္နာေရးကူညီမႈအသင္းမွ တာခ်ီလိတ္ျပည္သူ႔ေဆးရံုသို႔ အေရးေပၚပို႔ေဆာင္ေပးထားၿပီး ေဆး၀ါး ကုသမႈခံယူေနစဥ္ ေသဆံုးသြားေၾကာင္း သိရသည္။

အဆိုပါ ျဖစ္စဥ္ႏွင့္ ပတ္သက္၍ ယာဥ္တိုက္မႈျဖစ္ပြားၿပီး ေမာင္းႏွင္ထြက္ေျပးသြားသည့္ အမည္မသိသူအား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ ယာဥ္(ပ) ၃/၂၀၁၉ ၊ ရာဇသတ္ႀကီး ဥပေဒပုဒ္မ ၃၃၈/၂၀၂ အရ အမႈဖြင့္ထားကာ စံုစမ္းေနလ်က္ရွိေၾကာင္း ႏွင့္ ေသဆံုးသြားသူမွာ တာခ်ီလိတ္ၿမိဳ႕ လြယ္ေတာ္ခမ္း ေက်းရြာအုပ္စုတြင္း ပါလရြာမွ ျဖစ္ေၾကာင္း သိရွိရသည္။

ယာဥ္တိုက္မႈအမ်ားဆံုး ျဖစ္ပြားရာတြင္ အမ်ားအားျဖင့္ ညပို္င္မ်ားတြင္ ျဖစ္ေလ့ရွိေၾကာင္း ႏွင့္ ယာဥ္ေမာင္းသူမ်ားအေနျဖင့္လည္း မီးပြိဳင့္ႏွင့္ ပတ္သက္၍ မီး၀ါ၊ မီးနီမ်ားကိုလည္း သတိျပဳေစလိုေၾကာင္း သိရသည္။

"ကြ်န္ေတာ္တို႔ ယာဥ္တိုက္မႈနဲ႔ပတ္သက္ၿပီး စစ္တမ္းတစ္ခုလုပ္ထားတယ္။ အဲဒီစစ္တမ္းအရ ယာဥ္တိုက္မႈ အမ်ားဆံုးက ည (၁၂)နာရီေက်ာ္ေတြမွာ အျဖစ္မ်ားတယ္။ လမ္းရွင္းေတာ့ အရိွန္နဲ႔ ေမာင္းၾကတာမ်ားတယ္။ ဆိုင္ကယ္သမားကလည္း လမ္းရွင္းတယ္ဆိုၿပီးေကြ႕တယ္။ ကားကလည္း လမ္းရွင္းတယ္ဆိုၿပီး အရိွန္နဲ႔ ေမာင္းတာေပါ့။ ယာဥ္တိုက္မႈတစ္ခုမွာ မွန္တယ္မွားတယ္ဆိုတာ ဥပေဒအရဆံုးျဖတ္တာေပါ့။ အဓိက က ေမာင္းၿပီဆိုကတည္းက စိတ္ထဲမွာ စည္းကမ္းဆိုတာ ထားရမယ္။ ကေလးထြက္လာမလား၊ လူျဖတ္ကူးမလား လမ္းထဲက ကား၊ ဆိုင္ကယ္ထြက္လာမလား ဆိုတာ သတိထားၿပီးေမာင္းရမွာေပါ့။ မီးပိြဳင့္ေတြမွာဆို အ၀ါျပရင္အရိွန္ျမႇင့္ ေမာင္းခိုင္းသလို ျဖစ္ေနတယ္။ မီး၀ါေနခ်ိန္မွာ မီးနီမွာစိုးလို႔ တစ္ဖက္က အတင္းျဖတ္တယ္။ တစ္ဖက္ကလည္း မီးမစိမ္းေသးခင္ ျဖတ္ဖို႔အရန္သင့္ လုပ္ေနတယ္ေပါ့။ အဲဒီ စကၠန္႔ေလာက္ၾကာတဲ့အခ်ိန္မွာ ျဖစ္တာမ်ားတယ္။"ဟု အမွတ္(၁၁၉) ယာဥ္ထိန္း ရဲတပ္ဖြဲ႕စု (တာခ်ီလိတ္ခရိုင္)မွ တပ္ၾကပ္ႀကီး၀င္းထြန္ႏိုင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

တာခ်ီလိတ္တြင္ ယာဥ္တိုက္မႈႏွင့္အတူ စက္တပ္ယာဥ္ဆူညံသံမ်ားေၾကာင့္ အမ်ားျပည္သူမ်ား အေႏွာက္အယွက္မျဖစ္ေစေရးအတြက္ အေရးယူမႈမ်ားလည္း ျပဳလုပ္ေနေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - တာခ်ီလိတ္နာေရးကူညီမႈအသင္း



~~~~~~~~⊰❂ Unicode Version ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက်အပိုင်း ဗိုလ်ချုပ်အောင်ဆန်း လမ်းမပေါ်တွင် ၂၀၁၉ခုနှစ် ဖေဖော်ဝါရီလ(၁၁)ရက်နေ့ နံနက်(၄)နာရီခွဲဝန်းကျင်က ယာဉ်တိုက်မှု ဖြစ်ပွားရာက ပြင်းထန်ဒဏ်ရာရရှိသူ လူငယ်တစ်ဦး ဆေးရုံတွင် သေဆုံးသွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ပါလျှံမီးပွိုင့်ဘက်မှာ လာသည့် မော်တော်ယာဉ်သည် တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက်၊ တော်ကော့(ပြင်) စိန်ပန်းနီနီစားသောက်ဆိုင်ရှေ့လမ်းဆုံအနီးတွင် လမ်း၏ ဘဲဘက်ရှိ လမ်းသွယ် အတွင်းသို့ ချိုးကွေ့မောင်းနှင်စဉ် အာခါဈေးမီးပွိုင့်ဘက်မှ အသက်(၂၆)နှစ်အရွယ်ရှိ မောင်အားဒို မောင်းလာသော မော်တော်ဆိုင်ကယ်အား ရုတ်တရက် ဝင်ရောက်တိုက်မိပြီးနောက် တိုက်မိသည့် မော်တော်ယာဉ်မှာ ရပ်တန့်ခြင်းမရှိဘဲ မောင်းနှင်ထွက်ပြေးသွားကြောင်း သိရပြီး မောင်းနှင် ထွက်ပြေး သွားသော ယာဉ်အား ယာဉ်ထိန်းရဲတပ်ဖွဲ့မှ စုံစမ်းဖော်ထုတ်နေလျက်ရှိကြောင်း သိရသည်။

ယာဉ်တိုက်မှုကြောင့် မောင်အားဒိုသည် ဝဲဘက်မျက်ခုံးပေါက်ပြဲဒဏ်ရာရရှိကာ သတိလစ်သွားနေ၍ တာချီလိတ်နာရေးကူညီမှုအသင်းမှ တာချီလိတ်ပြည်သူ့ဆေးရုံသို့ အရေးပေါ်ပို့ဆောင်ပေးထားပြီး ဆေးဝါး ကုသမှုခံယူနေစဉ် သေဆုံးသွားကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ယာဉ်တိုက်မှုဖြစ်ပွားပြီး မောင်းနှင်ထွက်ပြေးသွားသည့် အမည်မသိသူအား တာချီလိတ်မြို့မရဲစခန်းတွင် ယာဉ်(ပ) ၃/၂၀၁၉၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၃၈/၂၀၂ အရ အမှုဖွင့်ထားကာ စုံစမ်းနေလျက်ရှိကြောင်း နှင့် သေဆုံးသွားသူမှာ တာချီလိတ်မြို့ လွယ်တော်ခမ်း ကျေးရွာအုပ်စုတွင်း ပါလရွာမှ ဖြစ်ကြောင်း သိရှိရသည်။

ယာဉ်တိုက်မှုအများဆုံး ဖြစ်ပွားရာတွင် အများအားဖြင့် ညပို်င်များတွင် ဖြစ်လေ့ရှိကြောင်း နှင့် ယာဉ်မောင်းသူများအနဖြေင့်လည်း မီးပွိုင့်နှင့် ပတ်သက်၍ မီးဝါ၊ မီးနီများကိုလည်း သတိပြုစေလိုကြောင်း သိရသည်။

"ကျွန်တော်တို့ ယာဉ်တိုက်မှုနဲ့ပတ်သက်ပြီး စစ်တမ်းတစ်ခုလုပ်ထားတယ်။ အဲဒီစစ်တမ်းအရ ယာဉ်တိုက်မှု အများဆုံးက ည (၁၂)နာရီကျော်တွေမှာ အဖြစ်များတယ်။ လမ်းရှင်းတော့ အရှိန်နဲ့ မောင်းကြတာများတယ်။ ဆိုင်ကယ်သမားကလည်း လမ်းရှင်းတယ်ဆိုပြီးကွေ့တယ်။ ကားကလည်း လမ်းရှင်းတယ်ဆိုပြီး အရှိန်နဲ့ မောင်းတာပေါ့။ ယာဉ်တိုက်မှုတစ်ခုမှာ မှန်တယ်မှားတယ်ဆိုတာ ဥပဒေအရဆုံးဖြတ်တာပေါ့။ အဓိက က မောင်းပြီဆိုကတည်းက စိတ်ထဲမှာ စည်းကမ်းဆိုတာ ထားရမယ်။ ကလေးထွက်လာမလား၊ လူဖြတ်ကူးမလား လမ်းထဲက ကား၊ ဆိုင်ကယ်ထွက်လာမလား ဆိုတာ သတိထားပြီးမောင်းရမှာပေါ့။ မီးပွိုင့်တွေမှာဆို အဝါပြရင်အရှိန်မြှင့် မောင်းခိုင်းသလို ဖြစ်နေတယ်။ မီးဝါနေချိန်မှာ မီးနီမှာစိုးလို့ တစ်ဖက်က အတင်းဖြတ်တယ်။ တစ်ဖက်ကလည်း မီးမစိမ်းသေးခင် ဖြတ်ဖို့အရန်သင့် လုပ်နေတယ်ပေါ့။ အဲဒီ စက္ကန့်လောက်ကြာတဲ့အချိန်မှာ ဖြစ်တာများတယ်။"ဟု အမှတ်(၁၁၉) ယာဉ်ထိန်း ရဲတပ်ဖွဲ့စု (တာချီလိတ်ခရိုင်)မှ တပ်ကြပ်ကြီးဝင်းထွန်နိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်တွင် ယာဉ်တိုက်မှုနှင့်အတူ စက်တပ်ယာဉ်ဆူညံသံများကြောင့် အများပြည်သူများ အနှောက်အယှက်မဖြစ်စေရေးအတွက် အရေးယူမှုများလည်း ပြုလုပ်နေကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - တာချီလိတ်နာရေးကူညီမှုအသင်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~