မကွေးတိုင်းဒေသကြီး၏ (၃)ခုမြောက် လူထုအခြေပြုခရီးသွားလုပ်ငန်းအတွက် ရင်းနှီးမြုပ်နှံသူမရှိ၍ အကောင်အထည် မဖေါ်နိုင်သေး
မကွေးတိုင်းဒေသကြီး၏ (၃)ခုမြောက် လူထုအခြေပြုခရီးသွားလုပ်ငန်းအတွက် ရင်းနှီးမြုပ်နှံသူမရှိ၍ အကောင်အထည် မဖေါ်နိုင်သေး
ဖေဖော်ဝါရီ 4, 2019
By Tachileik News Agency
မကွေးတိုင်းဒေသကြီး ပုံတောင်ပုံညာ၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ် ထန်းပင်ကုန်းကျေးရွာတွင် (၃)ခုမြောက် လူထုအခြေပြု ခရီးသွားလုပ်ငန်းအတွက် တည်းခိုဆောင်ဆောက်ရန် မြေနေရာလျှောက်ထားမှု ကြန့်ကြာနေရာ ရင်းနှီးမြုပ်နှံမည့် ကုမ္ပဏီမရှိတော့သဖြင့် လုပ်ငန်းအကောင်အထည် မဖေါ်နိုင်ဘဲဖြစ်နေကြောင်း သိရသည်။
လူထုအခြေပြု ခရီးသွားလုပ်ငန်းကို မကွေးတိုင်းဒေသကြီးအတွင်း မြိုင်တွင်၂၀၁၅ ခုနှစ်၊ အောက်တိုဘာလက လည်းကောင်း၊ ချောက်မြို့နယ်၊ မန်ကျည်းကန်ကျေးရွာတွင် ၂၀၁၆ ခုနှစ် နိုဝင်ဘာလတွင် လည်းကောင်း စတင်ဖွင့်လှစ်ခဲ့ပြီးနောက် တတိယမြောက်အဖြစ် ထီးလင်းမြို့နယ်၊ ထန်းပင်ကုန်း ကျေးရွာတွင် အကောင်အထည်ဖေါ်ရန်ပြင်ဆင်နေသော်လည်း ရင်းနှီးမြုပ်နှံမည့် လုပ်ငန်းမရှိ၍ ကြန့်ကြာနေခြင်းဖြစ်ကြောင်း သိရသည်။
ထန်းပင်ကုန်းကျေးရွာတွင် လူထုအခြေပြုခရီးသွား လုပ်ငန်းအတွက် ကျေးရွာ CBT ဦးဆောင် ကော်မတီကိုလည်း ဖွဲ့စည်းပြီး ဒေသတွင်း ပညာပေးဆွေးနွေးမှုများ၊ အင်္ဂလိပ်စာအခြေခံ သင်တန်းများ အပါအဝင် ခရီးသွားလုပ်ငန်းနှင့်ပတ်သက်၍ ဆက်စပ်သင်တန်းများကို ပို့ချပေးထားပြီးဖြစ်ကြောင်း သိရသည်။
လူထုအခြေပြုခရီးသွားလုပ်ငန်းများကို ဒေသအလိုက် အကောင်အထည်ဖေါ်နေရာ တစ်နိုင်ငံလုံးတွင် အကောင်အထည်ဖေါ်ပြီးလုပ်ငန်းစုစုပေါင်း (၁၇)ခုရှိကြောင်း သိရသည်။
သတင်း - ဖီးနစ်
ဓာတ်ပုံ - ဟိုတယ်ခရီး
~~~~~~~~⊰❂ Unicode Version ~~~~~~~~
မကွေးတိုင်းဒေသကြီး ပုံတောင်ပုံညာ၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ် ထန်းပင်ကုန်းကျေးရွာတွင် (၃)ခုမြောက် လူထုအခြပြေု ခရီးသွားလုပ်ငန်းအတွက် တည်းခိုဆောင်ဆောက်ရန် မြေနေရာလျှောက်ထားမှု ကြန့်ကြာနေရာ ရင်းနှီးမြုပ်နှံမည့် ကုမ္ပဏီမရှိတော့သဖြင့် လုပ်ငန်းအကောင်အထည် မဖော်နိုင်ဘဲဖြစ်နေကြောင်း သိရသည်။
"လူထုအခြပြေုခရီးသွားလုပ်ငန်း ( Community Based Tourism - CBT)ကို တစ်နိုင်ငံလုံး(၁၇)ခု လုပ်ခဲ့တာမှာ ပြည်ထောင်စု ဘတ်ဂျက်နဲ့ လုပ်ခဲ့တာမရှိဘဲ နောက်ခံအဖွဲ့အစည်း ကုမ္ပဏီတွေ၊ အလှူရှင်တွေနဲ့ပဲ လုပ်ခဲ့တာရှိပါတယ်။ အခုလုပ်မယ့် CBT ကို လှူမယ့် အလှူရှင် ကုမ္ပဏီရှိခဲ့ပေမဲ့ CBT ဖွင့်နိုင်ဖို့ မြေလျှောက်နေတဲ့ကာလက ကြာသွားတာ ကြောင့်ရယ် ကုမ္ပဏီရဲ့အခြေအနေရယ်ကြောင့် နောက်ဆုတ်သွားလို့ အခုလိုအခက်အခဲဖြစ်သွားတာ”ဟု ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှု ဦးစီးဌာန၏ မကွေးတိုင်းဦးစီးမှူး ဦးမြင့်စိန်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
လူထုအခြပြေု ခရီးသွားလုပ်ငန်းကို မကွေးတိုင်းဒေသကြီးအတွင်း မြိုင်တွင်၂၀၁၅ ခုနှစ်၊ အောက်တိုဘာလက လည်းကောင်း၊ ချောက်မြို့နယ်၊ မန်ကျည်းကန်ကျေးရွာတွင် ၂၀၁၆ ခုနှစ် နိုဝင်ဘာလတွင် လည်းကောင်း စတင်ဖွင့်လှစ်ခဲ့ပြီးနောက် တတိယမြောက်အဖြစ် ထီးလင်းမြို့နယ်၊ ထန်းပင်ကုန်း ကျေးရွာတွင် အကောင်အထည်ဖော်ရန်ပြင်ဆင်နေသော်လည်း ရင်းနှီးမြုပ်နှံမည့် လုပ်ငန်းမရှိ၍ ကြန့်ကြာနခြေင်းဖြစ်ကြောင်း သိရသည်။
ထန်းပင်ကုန်းကျေးရွာတွင် လူထုအခြပြေုခရီးသွား လုပ်ငန်းအတွက် ကျေးရွာ CBT ဦးဆောင် ကော်မတီကိုလည်း ဖွဲ့စည်းပြီး ဒေသတွင်း ပညာပေးဆွေးနွေးမှုများ၊ အင်္ဂလိပ်စာအခြေခံ သင်တန်းများ အပါအဝင် ခရီးသွားလုပ်ငန်းနှင့်ပတ်သက်၍ ဆက်စပ်သင်တန်းများကို ပို့ချပေးထားပြီးဖြစ်ကြောင်း သိရသည်။
"ခုကတည်းကကိုပဲ ပြည်တွင်း ပြည်ပခရီးသွားတွေရော လာရောက်မှုရှိနေပေမဲ့ ညအိပ်တည်းခိုနိုင်ဖို့ အဆောက်အဦကမရှိသေးတော့ တရားဝင်မဖွင့်နိုင်သေးဘူးဖြစ်နေတယ်။ တောတောင် ရေမြေ သဘာဝအလှ အပတွေနဲ့ တောင်သားလူမျိုးစုတွေရဲ့ ဝတ်စားဆင်ယင်မှုများနှင့် ရိုးရာဓလေ့ထုံးစံတွေ၊ ရိုးရာ ယက္ကန်းစင်တွေ၊ မောချောင်းနဲ့ရေတံခွန်၊ ဒေသထွက်ပယင်းကျောက်သွေးလုပ်ငန်း စတာတွေက ပြည်တွင်းနဲ့ ပြည်ပ ခရီးသွားတွေကို ဆွဲဆောင်နေတယ်။ အိမ်ခြေက(၁၂၀)လောက်ရှိပြီး လက်တွေ့ လုပ်ငန်းလုပ်ကိုင်နေတဲ့ ယက္ကန်းစင်က(၈၀) လောက် ရှိတယ်။ထူးခြားချက်တစ်ခုက အဆိပ်ရှိ ပိုးမွှားသတ္တ ဝါမရှိတာပဲ”ဟု တိုင်းဦးစီးမှူး ဦးမြင့်စိန်က ပြောသည်။
လူထုအခြပြေုခရီးသွားလုပ်ငန်းများကို ဒေသအလိုက် အကောင်အထည်ဖော်နေရာ တစ်နိုင်ငံလုံးတွင် အကောင်အထည်ဖော်ပြီးလုပ်ငန်းစုစုပေါင်း (၁၇)ခုရှိကြောင်း သိရသည်။
သတင်း - ဖီးနစ်
ဓာတ်ပုံ - ဟိုတယ်ခရီး
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~