ဘ/ကကျောင်းများတွင် တာဝန်ထမ်းဆောင်နေသည့် ဆရာ ဆရာမများအတွက် ထောက်ပံ့ငွေ နှစ်ဆတိုးမြှင့်ပေးရန် အစီအစဉ် မရှိသေး

ဘ/ကကျောင်းများတွင် တာဝန်ထမ်းဆောင်နေသည့် ဆရာ ဆရာမများအတွက် ထောက်ပံ့ငွေ နှစ်ဆတိုးမြှင့်ပေးရန် အစီအစဉ် မရှိသေး
ဖေဖော်ဝါရီ 19, 2019
By Tachileik News Agency


“လက်ရှိတွင် ယခင်ထောက်ပံ့ပေးနေသောငွေ၏ နှစ်ဆဖြစ်သည့်‌ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်း မူလတန်းသင် ဆရာ၊ ဆရာမတစ်ဦးလျှင် ငွေကျပ် (၇၂,၀၀၀)၊ မူလတန်းလွန်နှင့် အလယ်တန်းသင် ဆရာ၊ ဆရာမမတစ်ဦးလျှင် ငွေကျပ် (၈၂,၀၀၀) နှင့် အထက်တန်းသင် ဆရာ၊ ဆရာမ တစ်ဦးလျှင် ငွေကျပ် (၉၀,၀၀၀) နှုန်းဖြင့် တိုးမြှင့်ထောက်ပံ့ပေးနိုင်ရန် ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်မှစ၍ လျာထားရေးဆွဲ တင်ပြခဲ့သော်လည်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ဘတ်ဂျက်မူဘောင်သတ်မှတ်ချက်အရ ထပ်မံတိုးပေးနိုင်ခဲ့ခြင်း မရှိပါ၍ လက်ရှိတွင် တိုးမြှင့်ပေးနိုင်ခြင်း အစီအစဉ်မရှိသေး ကြောင်း”ဟု သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကြည်မင်းက လွှတ်တော်တွင် ဖြေကြားသည်။

ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများတွင် တာဝန်ထမ်းဆောင် နေကြသော အထက်တန်းပြ၊ အလယ်တန်းပြ၊ မူလတန်းပြ ဆရာ၊ ဆရာမများ၏ လစဉ်ထောက်ပံ့ကြေးငွေကို တိုးပေးနိုင်ခြင်း ရှိ၊ မရှိကို မြင်းခြံ မဲဆန္ဒနယ်မှ ဦးစိန်မြင့်က ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ (၁၈) ရက်နေ့တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် မေးမြန်းခဲ့ခြင်းဖြစ်သည်။



Tachileik News Agency



~~~~~~~~⊰❂ Unicode Version ~~~~~~~~

ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများတွင် တာဝန်ထမ်းဆောင်နေသည့် ဆရာ၊ ဆရာမများအတွက် ထောက်ပံ့ငွေကို လက်ရှိထက် နှစ်ဆတိုးပေးရန် ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်အတွက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ရန်ပုံငွေတောင်းခံမှုကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ခွင့်ပြုပေးနိုင်ခြင်း မရှိ၍ လက်ရှိတွင် ထောက်ပံ့ငွေထပ်တိုးပေးနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

“လက်ရှိတွင် ယခင်ထောက်ပံ့ပေးနေသောငွေ၏ နှစ်ဆဖြစ်သည်‌့ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်း မူလတန်းသင် ဆရာ၊ ဆရာမတစ်ဦးလျှင် ငွေကျပ် (၇၂,ဝဝဝ)၊ မူလတန်းလွန်နှင့် အလယ်တန်းသင် ဆရာ၊ ဆရာမမတစ်ဦးလျှင် ငွေကျပ် (၈၂,ဝဝဝ) နှင့် အထက်တန်းသင် ဆရာ၊ ဆရာမ တစ်ဦးလျှင် ငွေကျပ် (၉၀,ဝဝဝ) နှုန်းဖြင့် တိုးမြှင့်ထောက်ပံ့ပေးနိုင်ရန် ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်မှစ၍ လျာထားရေးဆွဲ တင်ပြခဲ့သော်လည်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ဘတ်ဂျက်မူဘောင်သတ်မှတ်ချက်အရ ထပ်မံတိုးပေးနိုင်ခဲ့ခြင်း မရှိပါ၍ လက်ရှိတွင် တိုးမြှင့်ပေးနိုင်ခြင်း အစီအစဉ်မရှိသေး ကြောင်း”ဟု သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကြည်မင်းက လွှတ်တော်တွင် ဖြကြေားသည်။

ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများတွင် တာဝန်ထမ်းဆောင် နကြေသော အထက်တန်းပြ၊ အလယ်တန်းပြ၊ မူလတန်းပြ ဆရာ၊ ဆရာမများ၏ လစဉ်ထောက်ပံ့ကြေးငွေကို တိုးပေးနိုင်ခြင်း ရှိ၊ မရှိကို မြင်းခြံ မဲဆန္ဒနယ်မှ ဦးစိန်မြင့်က ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ (၁၈) ရက်နေ့တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် မေးမြန်းခဲ့ခြင်းဖြစ်သည်။

ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများအတွက် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်မှစ၍ တစ်နှစ်လျှင် ကျပ်သန်း (၃,ဝဝဝ) ခွင့်ပြုပေးခဲ့ရာ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများတွင် ကျောင်းသားဦးရေ (၄၀) လျှင် ဆရာ၊ ဆရာမ တစ်ဦးနှုန်းဖြင့် မူလတန်းသင် ဆရာ၊ ဆရာမတစ်ဦးလျှင် ငွေကျပ် (၃၆,ဝဝဝ)၊ မူလတန်းလွန်နှင့် အလယ်တန်းသင် ဆရာ၊ ဆရာမ တစ်ဦးလျှင် ငွေကျပ် (၄၁,ဝဝဝ) နှင့် အထက်တန်းသင် ဆရာ၊ ဆရာမ တစ်ဦးလျှင် ငွေကျပ် (၄၅၀၀၀) နှုန်းကို ထောက်ပံ့ကြေး အဖြစ်သက်မှတ်ပေးထားကြောင်း သိရသည်။

၂၀၁၉ခုနှစ်အထိ မြန်မာနိုင်ငံတွင် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း စုစုပေါင်း (၁၅၀၀)ကျော်ရှိကြောင်း သိရသည်။

Tachileik News Agency 

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~