မေကြးတိုင္းေဒသႀကီးအတြင္း အေထာက္အထားမဲ့ ၀င္ေရာက္လာသည့္ ဘဂၤါလီ (၄၃)ဦးကို ထပ္မံ ဖမ္းဆီးရမိ

မေကြးတိုင္းေဒသႀကီးအတြင္း အေထာက္အထားမဲ့ ၀င္ေရာက္လာသည့္ ဘဂၤါလီ (၄၃)ဦးကို ထပ္မံ ဖမ္းဆီးရမိ
ဖေဖော်ဝါရီ 14, 2019
By Tachileik News Agency

မေကြးတိုင္းေဒသႀကီးအတြင္းသို႔ ၂၀၁၉ ခုနွစ္ ေဖေဖာ္၀ါရီလ (၁၂) ရက္ေန႔တြင္ အေထာက္အထားမဲ့ တရားမဝင္ ဝင္ေရာက္လာသည့္ ဘဂၤါလီ (၁၆) ဦးကို ဖမ္းစီးရမိခဲ့ၿပီး ၎တို႔ကို စစ္ေဆးေမးျမန္း ေဖာ္ထုတ္ခ်က္မ်ားအရ ေဖေဖာ္ဝါရီလ (၁၃) ရက္ေန႔တြင္ ဘဂၤါလီ (၄၃) ဦးကို ထပ္မံဖမ္းဆီးရမိခဲ့ေၾကာင္း မင္းလွၿမိဳ႕နယ္ ေရနံမနယ္ေျမရဲစခန္းမွ သိရသည္။

“တရားမဝင္ ဝင္ေရာက္လာတဲ့ ဘဂၤါလီလူမ်ိဳးေတြကို ဖမ္ဆီးရမိဖို႔အတြက္ တပ္ဖဲြ႔ဝင္ေတြက မ်က္ေျခ မျပတ္ ေစာင့္ၾကပ္ သတင္းရယူ ဖမ္းဆီးေနပါတယ္။ ေဒသခံေတြကလည္း လူစိမ္းေတြ႕တယ္ဆိုရင္ ခ်က္ခ်င္း သတင္းပို႔ ပူးေပါင္းေဆာင္ရြက္ေပးေနလို႔ ေက်းဇူးတင္ရပါတယ္။ ဆက္လက္ၿပီးေတာ့လည္း သတိထား ေစာင့္ၾကပ္စစ္ေဆး လွ်က္ရိွေနပါတယ္”ဟု မင္းလွၿမိဳ႕နယ္ရဲတပ္ဖဲြ႕မွဴး ရဲမွဴးထင္ေအာင္လင္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ဖမ္းဆီးရမိထားသူမ်ားကို လူဝင္မႈႀကီးၾကပ္ေရးဦးစီးဌာနႏွင့္ ပူးေပါင္းစစ္ေဆး၍ လဝကအက္ျဖင့္ အေရး ယူႏိုင္ရန္ ေဆာင္ရြက္လွ်က္ရိွေၾကာင္း သိရၿပီး   မင္းလွၿမိဳ႕နယ္ႏွင့္ မင္းတုန္းၿမိဳ႕နယ္ အတြင္းသို႔ ၂၀၁၉ခုႏွစ္ ဇန္နဝါရီလမွစ၍ အေထာက္အထားမဲ့ တရားမဝင္ ဝင္ေရာက္လာသည့္ ဘဂၤါလီလူမ်ိဳး (၁၁၁) ဦးႏွင့္ အခေၾကးေငြရယူ၍ သယ္ေဆာင္သူ စုစုေပါင္း (၁၁) ဦးတို႔ကို ဖမ္းဆီးရမိထားေၾကာင္း သိရသည္။

သတင္း -  ဖီးနစ္
ဓာတ္ပံု - ရဲတပ္ဖဲြ႔



~~~~~~~⊰❂ Unicode Version ~~~~~~~~

မကွေးတိုင်းဒေသကြီးအတွင်းသို့ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် အထောက်အထားမဲ့ တရားမဝင် ဝင်ရောက်လာသည့် ဘင်္ဂါလီ (၁၆) ဦးကို ဖမ်းစီးရမိခဲ့ပြီး၎င်းတို့ကို စစ်ဆေးမေးမြန်း ဖော်ထုတ်ချက်များအရ ဖေဖော်ဝါရီလ (၁၃) ရက်နေ့တွင် ဘင်္ဂါလီ (၄၃) ဦးကို ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း မင်းလှမြို့နယ် ရေနံမနယ်မြေရဲစခန်းမှ သိရသည်။

“တရားမဝင် ဝင်ရောက်လာတဲ့ ဘင်္ဂါလီလူမျိုးတွေကို ဖမ်ဆီးရမိဖို့အတွက် တပ်ဖွဲ့ဝင်တွေက မျက်ခြေ မပြတ် စောင့်ကြပ် သတင်းရယူ ဖမ်းဆီးနေပါတယ်။ ဒေသခံတွေကလည်း လူစိမ်းတွေ့တယ်ဆိုရင် ချက်ချင်း သတင်းပို့ ပူးပေါင်းဆောင်ရွက်ပေးနေလို့ ကျေးဇူးတင်ရပါတယ်။ ဆက်လက်ပြီးတော့လည်း သတိထား စောင့်ကြပ်စစ်ဆေး လျှက်ရှိနေပါတယ်”ဟု မင်းလှမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးထင်အောင်လင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဖမ်းဆီးရမိထားသူများကို လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနနှင့် ပူးပေါင်းစစ်ဆေး၍ လဝကအက်ဖြင့် အရေး ယူနိုင်ရန် ဆောင်ရွက်လျှက်ရှိကြောင်း သိရပြီး မင်းလှမြို့နယ်နှင့် မင်းတုန်းမြို့နယ် အတွင်းသို့ ၂၀၁၉ခုနှစ် ဇန်နဝါရီလမှစ၍ အထောက်အထားမဲ့ တရားမဝင် ဝင်ရောက်လာသည့် ဘင်္ဂါလီလူမျိုး (၁၁၁) ဦးနှင့် အခကြေးငွေရယူ၍ သယ်ဆောင်သူ စုစုပေါင်း (၁၁) ဦးတို့ကို ဖမ်းဆီးရမိထားကြောင်း သိရသည်။

သတင်း - ဖီးနစ်
ဓာတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~