ကယားျပည္နယ္တြင္ ကန္႔ကြက္သူႏွင့္ ေထာက္ခံသူမ်ားရွိခဲ့သည့္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းရုပ္တုအား ကႏၶာေဟဝန္ပန္းျခံအတြင္း စိုက္ထူၿပီးစီး၍ ဖြင့္ပြဲက်င္းပ

ကယားျပည္နယ္တြင္ ကန္႔ကြက္သူႏွင့္ ေထာက္ခံသူမ်ားရွိခဲ့သည့္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းရုပ္တုအား ကႏၶာေဟဝန္ပန္းျခံအတြင္း စိုက္ထူၿပီးစီး၍ ဖြင့္ပြဲက်င္းပ
ဖေဖော်ဝါရီ 2, 2019
By Tachileik News Agency

ကယားျပည္နယ္၊ လိြဳင္ေကာ္ၿမိဳ႕ရွိ ကႏၶာေဟဝန္ပန္းျခံအတြင္း ဗိုလ္ခ်ဳပ္ေအာင္ဆန္းျမင္းစီး ေၾကးရုပ္ဖြင့္ပြဲကို ၂၀၁၉ ခုႏွစ္၊ ေဖေဖာ္ဝါရီလ (၂) ရက္ေန႔တြင္ ဗိုလ္ခ်ဳပ္ေၾကးရုပ္ျဖစ္ေျမာက္ေရး ေကာ္မတီကဦးေဆာင္၍ ဖြင့္ပြဲ အခမ္းအနားက်င္းပရာ ကယားျပည္နယ္အစိုးရအဖြဲ႕ ဝန္ႀကီးခ်ဳပ္ တက္ေရာက္သည္။

"ကြ်န္ေတာ္တို႔ အခက္အခဲေတြ အမ်ားႀကီးရွိတာေပါ့။ ဒီေၾကးရုပ္နဲ႔ပတ္သက္လို႔ အေကာင္းဖက္က ျမင္ရင္ေတာ့ အေကာင္းျဖစ္မွာပဲ အဆိုးဖက္ကျမင္ရင္ေတာ့ အဆိုးျဖစ္မွာပဲ ျပည္သူေတြအမ်ားစုကို ကၽြန္ေတာ္ လိုက္စုံစမ္းၾကည့္ေတာ့ အမ်ားစုက မေကာင္းဖက္ မေျပာၾကပါဘူူး။ ဗိုလ္ခ်ဳပ္က သတၱိရွိတယ္။ ရဲရင့္တယ္။ ျပတ္သားတယ္။ လြတ္လပ္ေရးဖခင္ ျဖစ္တဲ့အတြက္ေၾကာင့္မို႕ ဒီျပည္နယ္မွာရွိသင့္တယ္။ ေနာက္လုပ္ၿပီးသားလည္း ျဖစ္ေနတဲ့အတြက္ေၾကာင့္ ႀကိဳးႀကိဳးပမ္းပမ္းနဲ႔ ဝိုင္းဝန္သယ္ေဆာင္ၾကတာပါ"ဟု ဗိုလ္ခ်ဳပ္ေၾကးရုပ္ ျဖစ္ေျမာက္ေရးေကာ္မတီအဖြဲ႕ေခါင္းေဆာင္ ဦးခြန္းကိုရီက ေျပာသည္။

လိြဳင္ေကာ္ၿမိဳ႕ ကႏၶာေဟဝန္ပန္းျခံတြင္ ဇန္နဝါရီလ (၃၁) ရက္ေန႔ကဗိုလ္ခ်ဳပ္ေအာင္ဆန္းျမင္းစီး ေၾကးရုပ္အား စတင္စိုက္ထူခဲ့ၿပီး ရုပ္တုထားျခင္းကို ကန္႔ကြက္ဆႏၵျပသူမ်ားႏွင့္ ရုပ္ထုထားရိွျခင္းကို ေထာက္ခံေၾကာင္း ဆႏၵထုတ္ေဖၚမႈမ်ား အသီးသီးျပဳလုပ္ခဲ့ၾကသည္ကို ေတြ႔ရသည္။

ကႏၶာေဟဝန္ပန္းျခံတြင္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းေၾကးရုပ္တု ထားရွိျခင္းႏွင့္ ပတ္သက္၍ ကန္႔ကြက္ဆႏၵျပကာ သပိတ္စခန္းဖြင့္ရာတြင္ ပါ၀င္သည့္ ဦးေဆာင္သူ(၂၀)ဦးအား ၿငိမ္းစုစီဥပေဒျဖင့္ ေဖေဖာ္၀ါရီလ(၁)ရက္ေန႔က တရားစြဲလိုက္ၿပီး ကိုယ္တိုင္ခံ၀န္ျဖင့္ တစ္ဦးလွ်င္ က်ပ္(၁၀)သိန္းသတ္မွတ္ကာ အာမခံေပးထားေၾကာင္း သိရွိရသည္။

သတင္း/ဓါတ္ပံု - ဆန္းၿဖဳိးထြန္း


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ကယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ ကန္ဓာဟေဝန်ပန်းခြံအတွင်း ဗိုလ်ချုပ်အောင်ဆန်းမြင်းစီး ကြေးရုပ်ဖွင့်ပွဲကို ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၂) ရက်နေ့တွင် ဗိုလ်ချုပ်ကြေးရုပ်ဖြစ်မြောက်ရေး ကော်မတီကဦးဆောင်၍ ဖွင့်ပွဲ အခမ်းအနားကျင်းပရာ ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် တက်ရောက်သည်။

"ကျွန်တော်တို့ အခက်အခဲတွေ အများကြီးရှိတာပေါ့။ ဒီကြေးရုပ်နဲ့ပတ်သက်လို့ အကောင်းဖက်က မြင်ရင်တော့ အကောင်းဖြစ်မှာပဲ အဆိုးဖက်ကမြင်ရင်တော့ အဆိုးဖြစ်မှာပဲ ပြည်သူတွေအများစုကို ကျွန်တော် လိုက်စုံစမ်းကြည့်တော့ အများစုက မကောင်းဖက် မပြောကြပါဘူး။ ဗိုလ်ချုပ်က သတ္တိရှိတယ်။ ရဲရင့်တယ်။ ပြတ်သားတယ်။ လွတ်လပ်ရေးဖခင် ဖြစ်တဲ့အတွက်ကြောင့်မို့ ဒီပြည်နယ်မှာရှိသင့်တယ်။ နောက်လုပ်ပြီးသားလည်း ဖြစ်နေတဲ့အတွက်ကြောင့် ကြိုးကြိုးပမ်းပမ်းနဲ့ ဝိုင်းဝန်သယ်ဆောင်ကြတာပါ"ဟု ဗိုလ်ချုပ်ကြေးရုပ် ဖြစ်မြောက်ရေးကော်မတီအဖွဲ့ခေါင်းဆောင် ဦးခွန်းကိုရီက ပြောသည်။

လွိုင်ကော်မြို့ ကန္ဓာဟေဝန်ပန်းခြံတွင် ဇန်နဝါရီလ (၃၁) ရက်နေ့ကဗိုလ်ချုပ်အောင်ဆန်းမြင်းစီး ကြေးရုပ်အား စတင်စိုက်ထူခဲ့ပြီး ရုပ်တုထားခြင်းကို ကန့်ကွက်ဆန္ဒပြသူများနှင့် ရုပ်ထုထားရှိခြင်းကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်မှုများ အသီးသီးပြုလုပ်ခဲ့ကြသည်ကို တွေ့ရသည်။

ကန္ဓာဟေဝန်ပန်းခြံတွင် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တု ထားရှိခြင်းနှင့် ပတ်သက်၍ ကန့်ကွက်ဆန္ဒပြကာ သပိတ်စခန်းဖွင့်ရာတွင် ပါဝင်သည့် ဦးဆောင်သူ(၂၀)ဦးအား ငြိမ်းစုစီဥပဒဖြေင့် ဖေဖော်ဝါရီလ(၁)ရက်နေ့က တရားစွဲလိုက်ပြီး ကိုယ်တိုင်ခံဝန်ဖြင့် တစ်ဦးလျှင် ကျပ်(၁၀)သိန်းသတ်မှတ်ကာ အာမခံပေးထားကြောင်း သိရှိရသည်။

သတင်း/ဓာတ်ပုံ - ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~