Update News

တာခ်ီလိတ္တြင္ ျပန္လည္စြန္႔လႊတ္ထားသည့္ တပ္သိမ္းေျမကို ဒုသမၼတက အခမ္းအနားျဖင့္ လႊဲေပးခဲ့ေသာ္လည္း မူလပိုင္ရွင္မ်ား ျပန္မရေသး

ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕တြင္ ၂၀၁၈ ခုႏွစ္အတြင္း ဒုတိယသမၼတ ဦးဟင္နရီဗန္ထီးယူ လာေရာက္စဥ္ အခမ္းအနားျဖင့္ လႊဲေျပာင္းေပးခဲ့သည့္ လြယ္ေတာ္ခမ္းေက်းရြာမွ တပ္မေတာ္ ျပန္လည္ စြန္႔လႊတ္ေျမမွာ မူလပိုင္ရွင္မ်ားထံ ယခုအခ်ိန္ထိ ျပန္လည္မရေသးသည့္အတြက္၂၀၁၉ ခုႏွစ္၊ ေဖေဖၚဝါရီလ (၅)ရက္ေန႔က ႏုိင္ငံေတာ္၏အတုိင္ပင္ခံပုဂၢိဳလ္ထံ ေဒသခံမ်ားမွ တင္ျပထားသည္။

“ဒီလို လယ္ယာေျမကိစၥေတြက တစ္ႏိုင္ငံလံုးမွာ ရိွတာပဲ။ အခုကၽြန္မေရာက္လာလို႔လည္း ရွင္းလင္း တင္ျပတယ္။ မၾကာခင္တုန္းကလည္း ဒုသမၼတႀကီးဦးဗန္ထီးယူကေနၿပီးေတာ့မွ လယ္ယာေျမေတြ ျပန္ၿပီးေတာ့ ေပးအပ္ခဲ့တယ္။ အခမ္းအနားေတြဘာေတြ က်င္းပၿပီးၿပီဆိုေတာ့ ဒုသမၼတႀကီးကို ဒီကိစၥကို အထူးအေရးေပးၿပီးေတာ့ အျမန္ၾကည့္ေပးပါလို႔ ကၽြန္မေမတၱာရပ္ခံေပးပါ့မယ္”ဟု ႏုိင္ငံေတာ္၏ အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ျပန္လည္ေျဖၾကားခဲ့သည္။

လြယ္ေတာ္ခမ္းေက်းရြာအုပ္စုတြင္ တပ္မေတာ္က သိမ္းဆည္းထားသည့္ ေျမဧက (၆၀၀)အား ၂၀၁၆ ခုႏွစ္တြင္ ျပန္လည္စြန္႔လႊတ္ခဲ့ၿပီး ၂၀၁၈ ခုႏွစ္ မတ္လ (၂၁)ရက္ေန႔က ဒုတိယသမၼတ ဦးဟင္နရီဗန္ထီးယူ တာခ်ီလိတ္ၿမိဳ႕သို႔ လာေရာက္စဥ္ ေျမယာမ်ားကို အခမ္းအနားျဖင့္ ျပန္လည္ေပးအပ္ခဲ့ၿပီး သက္ဆုိင္ရာ တာဝန္ရိွသူမ်ားက မူလပို္င္ရွင္မ်ား စိစစ္ကာ ျပန္လည္ေပးအပ္ေစခဲ့ျခင္းျဖစ္ေသာ္လည္း လက္ရိွအခ်ိန္ထိ ျပန္လည္ရရိွျခင္း မရိွေသးေၾကာင္း ေဒသခံတစ္ဦးက တင္ျပခဲ့ျခင္းျဖစ္သည္။

"ဒုတိယသမၼတ ဦးဟင္နရီဗန္ထီးယူကေနၿပီးေတာ့ အခမ္းအနားနဲ႔ ျပန္လည္ေပးအပ္ၿပီးျဖစ္ပါတယ္။ ဒါေပမဲ့ ကၽြန္ေတာ္တို႔ ေတာင္သူေတြရဲ႕လက္ဝယ္ကို ယေန႔အခ်ိန္အထိ ျပန္လည္ေပးအပ္ခဲ့ျခင္း မရိွေသးပါဘူး။ အဲဒီလို မေပးအပ္တဲ့အျပင္မွာ Town Plan (၂၁၄) ဧကကို သိမ္းၿပီးေတာ့ ၿမိဳ႕စီမံကိန္းေရးဆြဲဖို႔ ဌာနဆိုင္ရာ အသီးသီးက စီစဥ္ေနပါတယ္။ အာခါတိုင္းရင္းသားအမ်ားစုျဖစ္ၿပီး ဒီလိုေျမေတြသိမ္းလို႔ရိွရင္ မိသားစု အခက္အခဲ မ်ားစြာျဖစ္ႏိုင္ပါတယ္။ အေမစုအေနနဲ႔ ေသေသခ်ာခ်ာေလး ဆံုးျဖတ္ေပးေစခ်င္ပါတယ္”ဟု လြယ္ေတာ္ခမ္းေက်းရြာအုပ္စုမွ ေဒသခံတစ္ဦးျဖစ္သည့္ ဦးသက္ႏုိင္က တင္ျပခဲ့ျခင္းျဖစ္သည္။

အဆိုပါ ေျမေနရာကို တပ္မေတာ္က မသိမ္းယူစဥ္ ကာလအထိ စိုက္ပ်ိဳးလုပ္ကိုင္လာသည့္ အေထာက္ အထားမ်ားအား စိုက္ပ်ိဳးေရးအတြက္ ေပးသြင္းထားသည့္ ေျပစာမ်ား၊ အသက္ (၆၀)၊ (၇၀)ႏွင့္အထက္ ေဒသခံေတာင္သူႀကီးမ်ား သက္ေသအေထာက္အထားမ်ားျဖင့္ တင္ျပႏုိင္သည္ဟု ေဒသခံမ်ားထံမွ သိရသည္။

သတင္း - ဟန္စိုးထုိက္


~~~~~~~~⊰❂ Unicode Version ~~~~~~~~


ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် ၂၀၁၈ ခုနှစ်အတွင်း ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ လာရောက်စဉ် အခမ်းအနားဖြင့် လွှဲပြောင်းပေးခဲ့သည့် လွယ်တော်ခမ်းကျေးရွာမှ တပ်မတော် ပြန်လည် စွန့်လွှတ်မြေမှာ မူလပိုင်ရှင်များထံ ယခုအချိန်ထိ ပြန်လည်မရသေးသည့်အတွက်၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၅)ရက်နေ့က နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ထံ ဒေသခံများမှ တင်ပြထားသည်။

“ဒီလို လယ်ယာမြေကိစ္စတွေက တစ်နိုင်ငံလုံးမှာ ရှိတာပဲ။ အခုကျွန်မရောက်လာလို့လည်း ရှင်းလင်း တင်ပြတယ်။ မကြာခင်တုန်းကလည်း ဒုသမ္မတကြီးဦးဗန်ထီးယူကနပြေီးတော့မှ လယ်ယာမြေတွေ ပြန်ပြီးတော့ ပေးအပ်ခဲ့တယ်။ အခမ်းအနားတွေဘာတွေ ကျင်းပပြီးပြီဆိုတော့ ဒုသမ္မတကြီးကို ဒီကိစ္စကို အထူးအရေးပေးပြီးတော့ အမြန်ကြည့်ပေးပါလို့ ကျွန်မမေတ္တာရပ်ခံပေးပါ့မယ်”ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြန်လည်ဖြကြေားခဲ့သည်။

လွယ်တော်ခမ်းကျေးရွာအုပ်စုတွင် တပ်မတော်က သိမ်းဆည်းထားသည့် မြေဧက (၆၀၀)အား ၂၀၁၆ ခုနှစ်တွင် ပြန်လည်စွန့်လွှတ်ခဲ့ပြီး ၂၀၁၈ ခုနှစ် မတ်လ (၂၁)ရက်နေ့က ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တာချီလိတ်မြို့သို့ လာရောက်စဉ် မြေယာများကို အခမ်းအနားဖြင့် ပြန်လည်ပေးအပ်ခဲ့ပြီး သက်ဆိုင်ရာ တာဝန်ရှိသူများက မူလပို်င်ရှင်များ စိစစ်ကာ ပြန်လည်ပေးအပ်စေခဲ့ခြင်းဖြစ်သော်လည်း လက်ရှိအချိန်ထိ ပြန်လည်ရရှိခြင်း မရှိသေးကြောင်း ဒေသခံတစ်ဦးက တင်ပြခဲ့ခြင်းဖြစ်သည်။

"ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူကနပြေီးတော့ အခမ်းအနားနဲ့ ပြန်လည်ပေးအပ်ပြီးဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ တောင်သူတွေရဲ့လက်ဝယ်ကို ယနေ့အချိန်အထိ ပြန်လည်ပေးအပ်ခဲ့ခြင်း မရှိသေးပါဘူး။ အဲဒီလို မပေးအပ်တဲ့အပြင်မှာ Town Plan (၂၁၄) ဧကကို သိမ်းပြီးတော့ မြို့စီမံကိန်းရေးဆွဲဖို့ ဌာနဆိုင်ရာ အသီးသီးက စီစဉ်နေပါတယ်။ အာခါတိုင်းရင်းသားအများစုဖြစ်ပြီး ဒီလိုမြေတွေသိမ်းလို့ရှိရင် မိသားစု အခက်အခဲ များစွာဖြစ်နိုင်ပါတယ်။ အမေစုအနေနဲ့ သေသေချာချာလေး ဆုံးဖြတ်ပေးစေချင်ပါတယ်”ဟု လွယ်တော်ခမ်းကျေးရွာအုပ်စုမှ ဒေသခံတစ်ဦးဖြစ်သည့် ဦးသက်နိုင်က တင်ပြခဲ့ခြင်းဖြစ်သည်။

အဆိုပါ မြေနေရာကို တပ်မတော်က မသိမ်းယူစဉ် ကာလအထိ စိုက်ပျိုးလုပ်ကိုင်လာသည့် အထောက် အထားများအား စိုက်ပျိုးရေးအတွက် ပေးသွင်းထားသည့် ပြေစာများ၊ အသက် (၆၀)၊ (၇၀)နှင့်အထက် ဒေသခံတောင်သူကြီးများ သက်သေအထောက်အထားများဖြင့် တင်ပြနိုင်သည်ဟု ဒေသခံများထံမှ သိရသည်။

သတင်း - ဟန်စိုးထိုက်
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

« PREV
NEXT »

No comments

Post a Comment

Note: Only a member of this blog may post a comment.