မိုင်းတုံမြို့နယ်အတွင်း တပ်မတော်နယ်လှည့် အခမဲ့ ဆေးကုသပေးမှုအဖြစ် (၂၃၆)ဦးကို ဆေးကုသ

မိုင်းတုံမြို့နယ်အတွင်း တပ်မတော်နယ်လှည့် အခမဲ့ ဆေးကုသပေးမှုအဖြစ် (၂၃၆)ဦးကို ဆေးကုသ
ဖေဖော်ဝါရီ 27, 2019
By Tachileik News Agency


 တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့၊ အမှတ်(၁၂) စစ်မြေပြင် ဆေးတပ်ရင်းမှ ဗိုလ်မှူးဇာနည်ထွေး ဦးစီးသည့် ဆေးကုသမှုအဖွဲ့မှ မိုင်းတုံမြို့နယ်၊ ၀မ်မိုင်ရပ်ကွက်ရှိ ၀မ်မိုင်ကျောင်းတိုက်တွင် ၂၀၁၉ခုနှစ် ဖေဖော်ဝါရီလ(၂၇)ရက်နေ့ နံနက်က စ၍ ဆေးဝါးကုသမှုပေးရာ သံဃာတော်(၇)ပါး အပါအ၀င် အမျိုးသား(၉၃)ဦးနှင့် အမျိုးသမီး(၁၀၅) ဦး အပြင်ကလေး (၃၈)ဦး စုစုပေါင်း  (၂၃၆) ဦးတို့ လာရောက်၍ ဆေးဝါးကုသမှု ခံယူကြယူကြောင်း သိရသည်။


တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ရှမ်းပြည်နယ်အရှေ့ပိုင်းအတွင်း ဝေးလံခေါင်ဖျားသည့် ဒေသ နှင့် တိုင်းရင်းသား ကျေးရွာများသို့ သွားရောက် ကုသပေးလေ့ရှိကြောင်း သိရသည်။



~~~~~~~~⊰❂ Unicode Version ~~~~~~~~

တြိဂံဒေသတိုင်းစစ်ဌာနချုပ်၏ တပ်မတော်နယ်လှည့် အခမဲ့ ဆေးကုသပေးမှုအဖြစ် ဖေဖော်ဝါရီလ(၂၇)ရက်နေ့တွင် မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်အတွင်း ဆောင်ရွက်ရာ ဒေသခံပြည်သူ (၂၃၆)ဦးကို ဆေးဝါးကုသမှု ပေးနိုင်ခဲ့ကြောင်း သိရသည်။

 တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့၊ အမှတ်(၁၂) စစ်မြပြေင် ဆေးတပ်ရင်းမှ ဗိုလ်မှူးဇာနည်ထွေး ဦးစီးသည့် ဆေးကုသမှုအဖွဲ့မှ မိုင်းတုံမြို့နယ်၊ ဝမ်မိုင်ရပ်ကွက်ရှိ ဝမ်မိုင်ကျောင်းတိုက်တွင် ၂၀၁၉ခုနှစ် ဖေဖော်ဝါရီလ(၂၇)ရက်နေ့ နံနက်က စ၍ ဆေးဝါးကုသမှုပေးရာ သံဃာတော်(၇)ပါး အပါအဝင် အမျိုးသား(၉၃)ဦးနှင့် အမျိုးသမီး(၁၀၅) ဦး အပြင်ကလေး (၃၈)ဦး စုစုပေါင်း (၂၃၆) ဦးတို့ လာရောက်၍ ဆေးဝါးကုသမှု ခံယူကြယူကြောင်း သိရသည်။

ဆေးဝါးကုသမှုခံယူသူ (၂၃၆)ဦးတွင် အထွေထွေရောဂါဝေဒနာရှင် (၉၆) ဦး၊ အရိုး(၃၆) ဦး၊ ခွဲစိတ်(၃၂) ဦး၊ မျက်စိ(၁၁) ဦး၊ နား၊နှာခေါင်း၊လည်ချောင်း(၇) ဦး၊ အမျိုးသမီးရောဂါ(၁၆) ဦး၊ သွားနှင့် ခံတွင်း (၁၁) ဦး၊ ကလေး (၂၇) ဦးနှင့် Ultrasound လူနာ(၂၃) ဦး ပါဝင်ကြောင်းနှင့် ဆေးဝါးကုသပေးရာနေရာသို့ တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်ချုပ်ခင်လှိုင်၊ စစ်ဗျူဟာ အခြေချ(မိုင်းတုံ)စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး အောင်နိုင်ဦး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစောမူးလာ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေအောင်နှင့် တာဝန်ရှိသူတို့မှ လာရောက်ကာ ဆေးဝါကုသမှု ခံယူသူ လူနာများအား အားပေးခဲ့ကြကြောင်း သိရသည်။

တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ရှမ်းပြည်နယ်အရှေ့ပိုင်းအတွင်းေဝးလံခေါင်ဖျားသည့် ဒေသ နှင့် တိုင်းရင်းသား ကျေးရွာများသို့ သွားရောက် ကုသပေးလေ့ရှိကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - စိုင်းအောင်ထွေး

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~