က်ိဳင္းတံု - ေတာင္ႀကီးသြားလမ္းေပၚတြင္ ကားေပၚမွ ႀကဲခ်သည့္ပိုက္ဆံကို လုိက္ေကာက္သည့္ ဆယ္ႏွစ္အရြယ္ကေလးတစ္ဦး ကားျဖင့္ပြတ္တိုက္မိ၍ ထိခိုက္ဒဏ္ရာရ

က်ိဳင္းတံု - ေတာင္ႀကီးသြားလမ္းေပၚတြင္ ကားေပၚမွ ႀကဲခ်သည့္ပိုက္ဆံကို လုိက္ေကာက္သည့္ ဆယ္ႏွစ္အရြယ္ကေလးတစ္ဦး ကားျဖင့္ပြတ္တိုက္မိ၍ ထိခိုက္ဒဏ္ရာရ
ဖေဖော်ဝါရီ 24, 2019
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ က်ဳိင္းတံုခရိုင္၊ မိုင္းပ်ဥ္းၿမိဳ႕နယ္၊ ဆင္းေမာင္ေက်းရြာအုပ္စု၊ ပေလာင္ခ်ဳိင့္ ေက်းရြာအနီး က်ဳိင္းတံု - ေတာင္ႀကီးသြားလမ္းေပၚတြင္ ၂၀၁၉ ခုႏွစ္၊ ေဖေဖၚဝါရီလ (၂၃)ရက္ေန႔ ညေန(၃)နာရီခြဲ၀န္းက်င္ အခ်ိန္က ကားေပၚမွ ႀကဲခ်သည့္ ပိုက္ဆံလုိက္ေကာက္သည့္ (၁၀)ႏွစ္အရြယ္ကေလးကို ကားျဖင့္ပြတ္တိုက္မိၿပီး ဒဏ္ရာရသြားသျဖင့္ ယာဥ္ေမာင္းအား အမႈဖြင့္ထားေၾကာင္း သိရသည္။

ေတာင္ႀကီးမွ က်ိဳင္းတံုသို႔ စိုင္းအိုက္ေလာင္ေမာင္းႏွင္ၿပီး ဇနီးျဖစ္သူ နန္းေလာင္ေဖြးလိုက္ပါလာသည့္ ေမာ္ေတာ္ယာဥ္သည္ ပေလာင္ခ်ိဳင့္ေက်းရြာအနီးျဖတ္သန္းစဥ္ နန္းေလာင္ေဖြးက ကားလမ္းေဘးရိွ ကေလးမ်ားအား ပိုက္ဆံႀကဲခ်လုိက္ရာ ပိုက္ဆံေကာက္သည့္ ကေလးမ်ားအနက္ (၁၀)ႏွစ္အရြယ္ အိုက္ခမ္းလူမွာ ကားေနာက္ဘီးျဖင့္ ပြတ္တုိက္မိသြားျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ကေလးငယ္မွာ ေျခဖမိုးစုတ္ၿပဲဒဏ္ရာ၊ ေျခမအရိုးက်ိဳး၊ စုတ္ၿပဲဒဏ္ရာမ်ားရသြားေၾကာင္း သိရၿပီး ယာဥ္ေမာင္း စိုင္းအိုက္ေလာင္အား မိုင္းပ်ဥ္းၿမိဳ႕မရဲစခန္းတြင္ ယာဥ္(ပ)၃/၂၀၁၉၊ ရာဇသတ္ႀကီးပုဒ္မ ၂၇၉/၃၃၈ ျဖင့္ အမႈဖြင့္ထားျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း - ၿငိမ္းခ်မ္း(ျပည္)




~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်၊ ဆင်းမောင်ကျေးရွာအုပ်စု၊ ပလောင်ချိုင့် ကျေးရွာအနီး ကျိုင်းတုံ - တောင်ကြီးသွားလမ်းပေါ်တွင် ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၃)ရက်နေ့ ညနေ(၃)နာရီခွဲဝန်းကျင် အချိန်က ကားပေါ်မှ ကြဲချသည့် ပိုက်ဆံလိုက်ကောက်သည့် (၁၀)နှစ်အရွယ်ကလေးကို ကားဖြင့်ပွတ်တိုက်မိပြီး ဒဏ်ရာရသွားသဖြင့် ယာဉ်မောင်းအား အမှုဖွင့်ထားကြောင်း သိရသည်။

တောင်ကြီးမှ ကျိုင်းတုံသို့ စိုင်းအိုက်လောင်မောင်းနှင်ပြီး ဇနီးဖြစ်သူ နန်းလောင်ဖွေးလိုက်ပါလာသည့် မော်တော်ယာဉ်သည် ပလောင်ချိုင့်ကျေးရွာအနီးဖြတ်သန်းစဉ် နန်းလောင်ဖွေးက ကားလမ်းဘေးရှိ ကလေးများအား ပိုက်ဆံကြဲချလိုက်ရာ ပိုက်ဆံကောက်သည့် ကလေးများအနက် (၁၀)နှစ်အရွယ် အိုက်ခမ်းလူမှာ ကားနောက်ဘီးဖြင့် ပွတ်တိုက်မိသွားခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ကလေးငယ်မှာ ခြေဖမိုးစုတ်ပြဲဒဏ်ရာ၊ ခြေမအရိုးကျိုး၊ စုတ်ပြဲဒဏ်ရာများရသွားကြောင်း သိရပြီး ယာဉ်မောင်း စိုင်းအိုက်လောင်အား မိုင်းပျဉ်းမြို့မရဲစခန်းတွင် ယာဉ်(ပ)၃/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၂၇၉/၃၃၈ ဖြင့် အမှုဖွင့်ထားခြင်းဖြစ်ကြောင်း သိရသည်။

သတင်း - ငြိမ်းချမ်း(ပြည်)

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~