ဓါးခုတ္ဒဏ္ရာမ်ားႏွင့္အတူ မီးေလာင္ဒဏ္ရာမ်ားျဖင့္ ေသဆံုးေနသည့္ အေလာင္းကို ေခ်ာင္းေဘးၿခံဳအတြင္း ေတြ႔ရွိ

ဓါးခုတ္ဒဏ္ရာမ်ားႏွင့္အတူ မီးေလာင္ဒဏ္ရာမ်ားျဖင့္ ေသဆံုးေနသည့္ အေလာင္းကို ေခ်ာင္းေဘးၿခံဳအတြင္း ေတြ႔ရွိ
ဖေဖော်ဝါရီ 8, 2019
By Tachileik News Agency

ဓါးခုတ္ဒဏ္ရာမ်ားႏွင့္အတူ မီးေလာင္ဒဏ္ရာမ်ားျဖင့္ ေသဆံုးေနသည့္ အမ်ဳိးသားတစ္ဦး၏ ရုပ္အေလာင္းအား ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ လားရႈိးၿမိဳ႕၊ ဟူးမြန္းေက်းရြာအနီးရွိ ေရေအးေခ်ာင္းနံေဘး ၿခံဳအတြင္း၌ ၂၀၁၉ခုႏွစ္ ေဖေဖာ္၀ါရီလ(၈)ရက္ေန႔တြင္ ေတြ႔ရွိရေၾကာင္း သိရသည္။

"ေန႔လည္ (၁)နာရီေလာက္မွာ ရဲတပ္ဖြဲ႔က အေၾကာင္းၾကားလာလို႔ အဲ့ဒီေနရာကို ေရာက္ပါတယ္၊ ေရေအးေခ်ာင္း နံေဘး မွာ ဓါးနဲ႔ခုတ္ခံရသလို ဒဏ္ရာေတြနဲ႔ အမ်ိဳးသား အေလာင္းတစ္ခု မီးရိႈ႕ ခံထားရတာပါ၊ အသက္ (၂၅)ႏွစ္ ေလာက္လို႔ ခန္႔မွန္းရတယ္၊ ေခါင္းေတြ၊ လက္ေတြ ေျခေထာက္ေတြမွာ ဒဏ္ရာေတြလည္း ေတြ႔တယ္၊ အမည္ အသက္ ေနရပ္ေတြေတာ့ အတိက် မသိရေသးဘူး၊ ရင္ခြဲရံုကို ပို႔ေပးထားပါတယ္၊"ဟု လားရိႈးၿမိဳ႕မွ ေပးေသာလက္လူမႈကူညီေရးအသင္းမွ ကိုျမင့္ေမာ္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

လားရိႈးၿမိဳ႕၊ အမွတ္ ( ၁၂ ) ရပ္ကြက္၊ ဟူးမြန္ေက်းရြာအနီးရွိ ေရေအးေခ်ာင္း နံေဘးတြင္ ကားတာယာကြင္း မ်ားျဖင့္ ဖံုးအုပ္၍ ခႏၱာကိုယ္တစ္ခုအား မီးရိႈ႕ထားခံရျခင္းကို ေဒသခံတစ္ဦးက ျမင္ေတြ႔ခဲ့၍ ရဲတပ္ဖြဲ႔သို႔ အေၾကာင္းၾကားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

လားရိႈးေရပူစမ္းအနီးရွိ ေရေအးေခ်ာင္း၏ နံေဘးၿခံဳတစ္ခုထဲတြင္ ဒူးမ်ားေကြးလ်က္ ေမွာက္ရက္ အေနအထားျဖင့္ ေသဆံုးေနသူႏွင့္ ပတ္သက္၍ အျခားတစ္ေနရာတြင္ ေသဆံုးခဲ့ၿပီး ယခုေနရာ၌ မီးရႈိ႕ ထားသည္ဟု ယူဆရေၾကာင္းႏွင့္ အမႈအခင္း ဖြင့္လွစ္ေဆာင္ရြက္ရန္ လုပ္ေဆာင္ေနေၾကာင္း အမွတ္ ( ၂ ) နယ္ေျမရဲစခန္း၏ နယ္ထိန္း ရဲတပ္ဖြဲ႔ဝင္တစ္ဦးထံက သိရသည္။

သတင္း -  ေနၿဖဳိးျမင့္
ဓါတ္ပံု -  ေပးေသာလက္လူမႈကူညီေရးအသင္း



~~~~~~~~⊰❂ Unicode Version ~~~~~~~~

ဓားခုတ်ဒဏ်ရာများနှင့်အတူ မီးလောင်ဒဏ်ရာများဖြင့် သေဆုံးနေသည့် အမျိုးသားတစ်ဦး၏ ရုပ်အလောင်းအား ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့၊ ဟူးမွန်းကျေးရွာအနီးရှိ ရေအေးချောင်းနံဘေး ခြုံအတွင်း၌ ၂၀၁၉ခုနှစ် ဖေဖော်ဝါရီလ(၈)ရက်နေ့တွင် တွေ့ရှိရကြောင်း သိရသည်။

"နေ့လည် (၁)နာရီလောက်မှာ ရဲတပ်ဖွဲ့က အကြောင်းကြားလာလို့ အဲ့ဒီနေရာကို ရောက်ပါတယ်၊ ရေအေးချောင်း နံဘေး မှာ ဓားနဲ့ခုတ်ခံရသလို ဒဏ်ရာတွေနဲ့ အမျိုးသား အလောင်းတစ်ခု မီးရှို့ ခံထားရတာပါ၊ အသက် (၂၅)နှစ် လောက်လို့ ခန့်မှန်းရတယ်၊ ခေါင်းတွေ၊ လက်တွေ ခြေထောက်တွေမှာ ဒဏ်ရာတွေလည်း တွေ့တယ်၊ အမည် အသက် နေရပ်တွေတော့ အတိကျ မသိရသေးဘူး၊ ရင်ခွဲရုံကို ပို့ပေးထားပါတယ်၊"ဟု လားရှိုးမြို့မှ ပေးသောလက်လူမှုကူညီရေးအသင်းမှ ကိုမြင့်မော်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

လားရှိုးမြို့၊ အမှတ် ( ၁၂ ) ရပ်ကွက်၊ ဟူးမွန်ကျေးရွာအနီးရှိ ရေအေးချောင်း နံဘေးတွင် ကားတာယာကွင်း များဖြင့် ဖုံးအုပ်၍ ခန္တာကိုယ်တစ်ခုအား မီးရှို့ထားခံရခြင်းကို ဒေသခံတစ်ဦးက မြင်တွေ့ခဲ့၍ ရဲတပ်ဖွဲ့သို့ အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လားရှိုးရေပူစမ်းအနီးရှိ ရေအေးချောင်း၏ နံဘေးခြုံတစ်ခုထဲတွင် ဒူးများကွေးလျက် မှောက်ရက် အနေအထားဖြင့် သေဆုံးနေသူနှင့် ပတ်သက်၍ အခြားတစ်နေရာတွင် သေဆုံးခဲ့ပြီး ယခုနေရာ၌ မီးရှို့ ထားသည်ဟု ယူဆရကြောင်းနှင့် အမှုအခင်း ဖွင့်လှစ်ဆောင်ရွက်ရန် လုပ်ဆောင်နေကြောင်း အမှတ် ( ၂ ) နယ်မြေရဲစခန်း၏ နယ်ထိန်း ရဲတပ်ဖွဲ့ဝင်တစ်ဦးထံက သိရသည်။

သတင်း - နဖြေိုးမြင့်
ဓာတ်ပုံ - ပေးသောလက်လူမှုကူညီရေးအသင်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~