ရွမ္းျပည္နယ္ေန႔ အခမ္းအနား တာခ်ီလိတ္တြင္ က်င္းပၿပီး ႏိုင္ငံေတာ္သမၼတ ႏွင့္ ျပည္နယ္၀န္ႀကီးခ်ဳပ္တို႔ ေပးပို႔လာသည့္ သ၀ဏ္လႊာ ဖတ္ၾကား

ရွမ္းျပည္နယ္ေန႔ အခမ္းအနား တာခ်ီလိတ္တြင္ က်င္းပၿပီး ႏိုင္ငံေတာ္သမၼတ ႏွင့္ ျပည္နယ္၀န္ႀကီးခ်ဳပ္တို႔ ေပးပို႔လာသည့္ သ၀ဏ္လႊာ ဖတ္ၾကား
ဖေဖော်ဝါရီ 7, 2019
By Tachileik News Agency

၂၀၁၉ ခုနွစ္၊ ေဖေဖၚဝါရီလ (၇)ရက္ေန႔တြင္ က်ေရာက္သည့္ (၇၂)ႏွစ္ေျမာက္ ရွမ္းျပည္နယ္ေန႔ အခမ္းအနားကို ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕ရွိ ေအာင္ျမတ္ခန္းမတြင္ က်င္းပေနၿပီး ႏိုင္ငံေတာ္သမၼတႏွင့္ ျပည္နယ္ဝန္ႀကီးခ်ဳပ္တုိ႔၏ သဝဏ္လႊာမ်ားကို တာ၀န္ရွိသူမ်ားက ဖတ္ၾကားခဲ့ၾကသည္။

“လြန္ခဲ့ေသာ (၇၂)ႏွစ္က ယေန႔လို အခ်ိန္အခါတြင္ တုိင္းရင္းသားမ်ား ေမွ်ာ္မွန္းအိပ္မက္ခဲ့ၾကေသာ ပင္လံုေျမမွ ျပည္ေထာင္စုအိပ္မက္ကို ယေန႔အခ်ိန္အခါတြင္ အေကာင္အထည္ေဖၚၾကရန္ အထူး လိုအပ္ပါသည္။ ႏွစ္ေပါင္း (၇၀)ေက်ာ္ ၾကာျမင့္ေအာင္ ရွည္ၾကာခဲ့ေသာ ပဋိပကၡမ်ား ခ်ဳပ္ၿငိမ္းေစေရး အတြက္ ဒီမိုကေရစီေရး၊ လူ႔အခြင့္အေရး၊ အမ်ိဳးသားတန္းတူေရးႏွင့္ တုိင္းရင္းသားအခြင့္အေရးမ်ား အျပည့္အဝရရိွေစမည့္ ဒီမိုကေရစီဖက္ဒရယ္ျပည္ေထာင္စု တည္ေဆာက္ႏုိင္ရန္ အထူး အေရးႀကီးလွပါသည္”ဟု ႏုိင္ငံေတာ္သမၼတ ဦးဝင္းျမင့္၏ ရွမ္းျပည္နယ္ေန႔ သဝဏ္လႊာတြင္ ေဖၚျပထားသည္။

(၇၂)ႏွစ္ေျမာက္ ရွမ္းျပည္နယ္ေန႔ သ၀ဏ္လႊာအျဖစ္ ႏိုင္ငံေတာ္သမၼတမွ ေပးပို႔လာသည့္ သ၀ဏ္လႊာအား တာခ်ီလိတ္ခရိုင္ ဒုတိယအုပ္ခ်ဳပ္ေရးမွဴး ဦးေဇာ္၀င္းေဌးက လည္းေကာင္း၊ ရွမ္းျပည္နယ္၀န္ႀကီးခ်ဳပ္မွ ေပးပို႔လာေသာ သ၀ဏ္လႊာအား တာခ်ီလိတ္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးခ်မ္းေျမ႕ေစာကလည္းေကာင္း အသီးသီး ဖတ္ၾကားခဲ့ၾကသည္။

အဆိုပါ အခမ္းအနားသို႔ ေဒသတြင္း ဌာနဆုိင္ရာ တာဝန္ရိွသူမ်ားႏွင့္ ေဒသခံမ်ား တက္ေရာက္ၾကၿပီး ရွမ္းျပည္နယ္ေန႔ ျဖစ္ေပၚလာပံုသမုိင္းေၾကာင္းကို ရွမ္းတိုင္းရင္းသူ ေဒၚနန္းေငြျမက ရွင္းလင္း ေျပာၾကားေၾကာင္း သိရသည္။

အခမ္းအနားတြင္ တိုင္းရင္းသားရိုးရာအကမ်ားျဖင့္လည္း ကျပ ေဖ်ာ္ေျဖခဲ့ၾကသည္။

ေတာင္တန္း၊ျပည္မ အတူတကြလြတ္လပ္ေရးယူရန္ ဆံုးျဖတ္ခဲ့ၾကသည့္ ေဖေဖၚဝါရီလ (၇)ရက္ေန႔ကို ရွမ္းျပည္နယ္ေန႔အျဖစ္ သတ္မွတ္က်င္းပလာျခင္းျဖစ္ၿပီး ၂၀၁၉ ခုႏွစ္တြင္ ႏွစ္ေပါင္း (၇၂)ႏွစ္ရိွၿပီျဖစ္သည္။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၇)ရက်နေ့တွင် ကျရောက်သည့် (၇၂)နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနားကို ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့ရှိ အောင်မြတ်ခန်းမတွင် ကျင်းပနပြေီး နိုင်ငံတော်သမ္မတနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့၏ သဝဏ်လွှာများကို တာဝန်ရှိသူများက ဖတ်ကြားခဲ့ကြသည်။

“လွန်ခဲ့သော (၇၂)နှစ်က ယနေ့လို အချိန်အခါတွင် တိုင်းရင်းသားများ မျှော်မှန်းအိပ်မက်ခဲ့ကြသော ပင်လုံမြေမှ ပြည်ထောင်စုအိပ်မက်ကို ယနေ့အချိန်အခါတွင် အကောင်အထည်ဖော်ကြရန် အထူး လိုအပ်ပါသည်။ နှစ်ပေါင်း (၇၀)ကျော် ကြာမြင့်အောင် ရှည်ကြာခဲ့သော ပဋိပက္ခများ ချုပ်ငြိမ်းစေရေး အတွက် ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ အမျိုးသားတန်းတူရေးနှင့် တိုင်းရင်းသားအခွင့်အရေးများ အပြည့်အဝရရှိစေမည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရန် အထူး အရေးကြီးလှပါသည်”ဟု နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၏ ရှမ်းပြည်နယ်နေ့ သဝဏ်လွှာတွင် ဖော်ပြထားသည်။

(၇၂)နှစ်မြောက် ရှမ်းပြည်နယ်နေ့ သဝဏ်လွှာအဖြစ် နိုင်ငံတော်သမ္မတမှ ပေးပို့လာသည့် သဝဏ်လွှာအား တာချီလိတ်ခရိုင် ဒုတိယအုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းဌေးက လည်းကောင်း၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်မှ ပေးပို့လာသော သဝဏ်လွှာအား တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောကလည်းကောင်း အသီးသီး ဖတ်ကြားခဲ့ကြသည်။

အဆိုပါ အခမ်းအနားသို့ ဒေသတွင်း ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဒေသခံများ တက်ရောက်ကြပြီး ရှမ်းပြည်နယ်နေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်းကို ရှမ်းတိုင်းရင်းသူ ဒေါ်နန်းငွမြေက ရှင်းလင်း ပြောကြားကြောင်း သိရသည်။

အခမ်းအနားတွင် တိုင်းရင်းသားရိုးရာအကများဖြင့်လည်း ကပြ ဖျော်ဖြေခဲ့ကြသည်။

တောင်တန်း၊ပြည်မ အတူတကွလွတ်လပ်ရေးယူရန် ဆုံးဖြတ်ခဲ့ကြသည့် ဖေဖော်ဝါရီလ (၇)ရက်နေ့ကို ရှမ်းပြည်နယ်နေ့အဖြစ် သတ်မှတ်ကျင်းပလာခြင်းဖြစ်ပြီး ၂၀၁၉ ခုနှစ်တွင် နှစ်ပေါင်း (၇၂)နှစ်ရှိပြီဖြစ်သည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~