ထိုင္းႏိုင္ငံအတြင္း အေၾကာင္းအမ်ဳိးမ်ဳိးေၾကာင့္ ဖမ္းဆီးခံရသူ ျမန္မာႏုိင္ငံသား (၇၀)ဦးကို တာခ်ီလိတ္သို႔ လႊဲေျပာင္း

ထိုင္းႏိုင္ငံအတြင္း အေၾကာင္းအမ်ဳိးမ်ဳိးေၾကာင့္ ဖမ္းဆီးခံရသူ ျမန္မာႏုိင္ငံသား (၇၀)ဦးကို တာခ်ီလိတ္သို႔ လႊဲေျပာင္း
ဖေဖော်ဝါရီ 21, 2019
By Tachileik News Agency

ထိုင္းႏိုင္ငံအတြင္း တရားမ၀င္ ၀င္ေရာက္မႈႏွင့္ နယ္ေျမေက်ာ္လြန္သြားေရာက္မႈမ်ားေၾကာင့္ ဖမ္းဆီးခံရသည့္ ျမန္မာႏိုင္ငံသား ဖမ္းဆီးထိမ္းသိမ္းထားသည့္ ျမန္မာႏိုင္ငံသား (၆၅) ဦးႏွင့္ ကေလးငယ္ (၅) ဦးကို ၂၀၁၉ ခုႏွစ္ ေဖေဖာ္၀ါရီလ (၂၁) ရက္ေန႔တြင္ ျမန္မာႏိုင္ငံ တာခ်ီလိတ္သို႔ ျပန္လည္ လႊဲေျပာင္း ေပးအပ္ခဲ့ေၾကာင္း သိရသည္။

အေၾကာင္းအမ်ိဳးမ်ိဳးျဖင့္ ထိုင္းႏိုင္ငံတြင္ ဖမ္းစီးခံထားရသည့္ ျမန္မာႏိုင္ငံသားမ်ားကို ျမန္မာ - ထိုင္း ခ်စ္ၾကည္ေရး အမွတ္(၂)တံတား၏ တာခ်ီလိတ္ဘက္တြင္ ထိုင္းႏိုင္ငံမယ္ဆိုင္ၿမိဳ႕မွ လ၀ကအရာရိွ Adul Promnok ႏွင့္ အဖြဲ႔မွ လႊဲေျပာင္းေပးအပ္ရာ ျမန္မာႏိုင္ငံဖက္မွ ဒုတိယၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးမင္းေအာင္၊ ဒုတိယ လ၀ကမွဴး ဦးစိုးသန္း၊   ၿမိဳ႕နယ္အလုပ္သမား ညႊန္ၾကားမႈဦးစီးဌာန၊ လူကုန္ကူးမႈ တိုက္ဖ်က္ေရး ရဲတပ္ဖြဲ႕ႏွင့္ ထိုင္းႏိုင္ငံ မယ္ဆိုင္ၿမိဳ႕ေရာက္ျမန္မာႏိုင္ငံသားမ်ားအား ကူညီေစာင့္ ေရွာက္ေရးႏွင့္ ေစ့စပ္ညိႇႏိုင္းေရးေကာ္မတီ (CNCMC)တို႔က စီစစ္လက္ခံခဲ့ၾကျခင္း ျဖစ္သည္။

“ဒီေန႔ လူဦးေရ (၇၀) ေပါ့။ ေယာက်ၤားေလးေတြေရာ၊ မိန္းကေလးေတြေရာ၊ လူမမယ္ကေလးေတြေရာ ပါတာေပါ့။ ေရၾကည္ရာ ျမက္ႏုရာသြားၿပီး အလုပ္  လုပ္ၾကတာေပါ့။ တရား၀င္ေတာ့ တရား၀င္ပါပဲ။ သို႔ေသာ္ ကန္႔သတ္ထားတဲ့ နယ္ေျမကိုေက်ာ္သြားတဲ့အတြက္ ထိုင္းကေန အေရးယူေဆာင္ရြက္ၿပီးေတာ့ ကၽြန္ေတာ္တို႔ ဆီကိုျပန္လႊဲတာေပါ့။ ေသခ်ာ စီစစ္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ဒီထဲမွာ တစ္ခ်ိဳ႕ ပါလာမွာစိုးလို႔။ ႏိုင္ငံျခားသား တရားမ၀င္ေနထိုင္တဲ့ သူေတြပါလာမွာစိုးလို႔။ လူကုန္တားရဲနဲ႔ လ၀က က ေသခ်ာ  စီစစ္ပါတယ္။ စီစစ္ၿပီးေတာ့စနစ္တက် သူတို႔ေနရပ္ကိုျပန္ႏိုင္ ေအာင္လည္း ေဆာင္က်ဥ္း ေပးပါတယ္”ဟု တာခ်ီလိတ္ ဒုတိယၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးမင္းေအာင္က တာခ်ီလိတ္သတင္း ေအဂ်င္စီသို႔ ေျပာသည္။

ျပန္လည္ လႊဲေျပာင္းေပးလာသည့္ ျမန္မာႏိုင္ငံသားမ်ားထဲတြင္ ရခိုင္ျပည္နယ္မွ အမ်ိဳးသား (၁) ဦး၊ ရွမ္းျပည္နယ္အေရွ႕ပိုင္းမွ အမ်ိဳးသား (၁၄) ဦး ႏွင့္ အမ်ိဳးသမီး (၆) ဦး၊ ရွမ္းျပည္နယ္ေတာင္းပိုင္းမွ အမ်ိဳးသား (၂၃) ဦးႏွင့္ အမ်ိဳးသမီး (၁၅) ဦး၊ ရွမ္းျပည္နယ္ေျမာက္ပိုင္းမွ အမ်ိဳးသား (၅) ဦး ႏွင့္ အမ်ိဳးသမီး (၁) ဦးတို႔ ပါ၀င္ရာ တရားမ၀င္ သြားေရာက္မႈျဖင့္ (၁၀) ဦး၊ နယ္ေျမေက်ာ္လြန္သြားေရာက္မႈျဖင့္ (၅၅) ဦးကို ထိုင္းႏိုင္ငံမွ ဖမ္းစီးၿပီး ျမန္မာႏိုင္ငံသိုျပန္လည္လႊဲေျပာင္းေပးျခင္းျဖစ္သည္။

“နယ္စပ္ျဖတ္သန္းခြင့္ လက္မွတ္မွာ BP နဲ႔ TBP ဆိုၿပီး (၂) မ်ိဳးရိွတယ္။ BP ဆိုတာ တာခ်ီလိတ္ခရိုင္ အတြင္းမွာရိွတဲ့ သူေတြကိုထုတ္ေပးတာ Boder Pass၊ TBP ဆိုတာက ယာယီနယ္စပ္ ျဖတ္သန္းခြင့္ လက္မွတ္။ အဲဒါကေတာ့ျမန္မာႏိုင္ငံ ထဲမွာရိွတဲ့သူေတြ ႏိုင္ငံသားစီစစ္ေရးကတ္ကိုင္ထားတဲ့သူေတြ ထိုင္းဖက္ကိုသြား လည္ခ်င္တယ္ဆိုရင္ ကၽြန္ေတာ္တို႔က ထုတ္ေပးတဲ့ဟာျဖစ္ပါတယ္။ BP တို႔ TBP တို႔ဆိုတာ ႏွစ္ႏိုင္ငံနားလည္မႈစာခၽြန္လႊာလက္မွတ္ထိုးထားကတည္းက သူတို႔ကန္႔သတ္တဲ့ ေနရာပဲသြားလို႔ ရတယ္။ ကၽြန္ေတာ္တို႔ႏိုင္ငံမွာဆိုရင္ ထိုင္းဖက္ကလာတဲ့ BP၊ TBP ေတြက မယ္ယန္းဂိတ္ကိုေက်ာ္ၿပီး သြားလို႔ မရဘူး။  ထိုင္းဖက္မွာလည္း သူတို႔သတ္မွတ္ထားတဲ့ဧရိယာ ကၽြန္ေတာ္တို႔သိသေလာက္ဆိုရင္ လိုတက္အလြန္ ခ်က္ပိြဳင့္ေက်ာ္ၿပီးသြားလို႔ မရဘူး။ အဲဒီေက်ာ္သြားရင္ တရားမ၀င္ ၀င္ေရာက္မႈနဲ႔ ဖမ္းစီးခံရမွာပဲ”ဟု လ၀ကမွ တာ၀န္ရိွသူ တစ္ဦးက ေျပာသည္။

ထုိင္းႏိုင္ငံဘက္မွ လႊဲေျပာင္းေပးလာသူမ်ားကို ႏိုင္ငံသားစိစစ္လက္ခံရာတြင္ ႏိုင္ငံသား အတည္မျပဳ ႏို္င္သူမ်ားကို ထုိင္းဘက္သို႔ ျပန္လႊဲေပးရသည္မ်ားလည္းရိွ တတ္ေၾကာင္း၊ ရက္ေက်ာ္ ေနထုိင္ျခင္း မ်ားေၾကာင့္ ဖမ္းဆီးခံရသည့္ ျမန္မာႏိုင္ငံသားမ်ားကို ထုိင္းႏုိင္ငံက ျမန္မာဘက္သို႔ ျပန္လည္ လႊဲေျပာင္းေပးၿပီး ျမန္မာႏုိင္ငံ အတြင္းသို႔ တရားမဝင္ ဝင္ေရာက္သည့္ ထိုင္းႏုိင္ငံသားမ်ားအေနျဖင့္ အျခားျပစ္မႈမ်ား က်ဴးလြန္ျခင္း မရိွပါက ျပည္ႏွင္ဒဏ္ျဖင့္ ျမန္မာဘက္က ထိုင္းႏုိင္ငံသို႔ ျပန္လႊဲေပးေလ့ ရိွေၾကာင္း သိရသည္။

သတင္း/ဓါတ္ပံု - ဟန္စိုးထိုက္



~~~~~~~~⊰❂ Unicode Version ~~~~~~~~

ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်မှုနှင့် နယ်မြေကျော်လွန်သွားရောက်မှုများကြောင့် ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသား ဖမ်းဆီးထိမ်းသိမ်းထားသည့် မြန်မာနိုင်ငံသား (၆၅) ဦးနှင့် ကလေးငယ် (၅) ဦးကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ (၂၁) ရက်နေ့တွင် မြန်မာနိုင်ငံ တာချီလိတ်သို့ ပြန်လည် လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း သိရသည်။

အကြောင်းအမျိုးမျိုးဖြင့် ထိုင်းနိုင်ငံတွင် ဖမ်းစီးခံထားရသည့် မြန်မာနိုင်ငံသားများကို မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၂)တံတား၏ တာချီလိတ်ဘက်တွင် ထိုင်းနိုင်ငံမယ်ဆိုင်မြို့မှ လဝကအရာရှိ Adul Promnok နှင့် အဖွဲ့မှ လွှဲပြောင်းပေးအပ်ရာ မြန်မာနိုင်ငံဖက်မှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းအောင်၊ ဒုတိယ လဝကမှူး ဦးစိုးသန်း၊ မြို့နယ်အလုပ်သမား ညွှန်ကြားမှုဦးစီးဌာန၊ လူကုန်ကူးမှု တိုက်ဖျက်ရေး ရဲတပ်ဖွဲ့နှင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက်မြန်မာနိုင်ငံသားများအား ကူညီစောင့် ရှောက်ရေးနှင့် စေ့စပ်ညှိနိုင်းရေးကော်မတီ (CNCMC)တို့က စီစစ်လက်ခံခဲ့ကြခြင်း ဖြစ်သည်။

“ဒီနေ့ လူဦးရေ (၇၀) ပေါ့။ ယောင်္ကျားလေးတွေရော၊ မိန်းကလေးတွေရော၊ လူမမယ်ကလေးတွေရော ပါတာပေါ့။ ရကြေည်ရာ မြက်နုရာသွားပြီး အလုပ် လုပ်ကြတာပေါ့။ တရားဝင်တော့ တရားဝင်ပါပဲ။ သို့သော် ကန့်သတ်ထားတဲ့ နယ်မြေကိုကျော်သွားတဲ့အတွက် ထိုင်းကနေ အရေးယူဆောင်ရွက်ပြီးတော့ ကျွန်တော်တို့ ဆီကိုပြန်လွှဲတာပေါ့။ သေချာ စီစစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီထဲမှာ တစ်ချို့ ပါလာမှာစိုးလို့။ နိုင်ငံခြားသား တရားမဝင်နေထိုင်တဲ့ သူတွေပါလာမှာစိုးလို့။ လူကုန်တားရဲနဲ့ လဝက က သေချာ စီစစ်ပါတယ်။ စီစစ်ပြီးတော့စနစ်တကျ သူတို့နေရပ်ကိုပြန်နိုင် အောင်လည်း ဆောင်ကျဉ်း ပေးပါတယ်”ဟု တာချီလိတ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းအောင်က တာချီလိတ်သတင်း အေဂျင်စီသို့ ပြောသည်။

ပြန်လည် လွှဲပြောင်းပေးလာသည့် မြန်မာနိုင်ငံသားများထဲတွင် ရခိုင်ပြည်နယ်မှ အမျိုးသား (၁) ဦး၊ ရှမ်းပြည်နယ်အရှေ့ပိုင်းမှ အမျိုးသား (၁၄) ဦး နှင့် အမျိုးသမီး (၆) ဦး၊ ရှမ်းပြည်နယ်တောင်းပိုင်းမှ အမျိုးသား (၂၃) ဦးနှင့် အမျိုးသမီး (၁၅) ဦး၊ ရှမ်းပြည်နယ်မြောက်ပိုင်းမှ အမျိုးသား (၅) ဦး နှင့် အမျိုးသမီး (၁) ဦးတို့ ပါဝင်ရာ တရားမဝင် သွားရောက်မှုဖြင့် (၁၀) ဦး၊ နယ်မြေကျော်လွန်သွားရောက်မှုဖြင့် (၅၅) ဦးကို ထိုင်းနိုင်ငံမှ ဖမ်းစီးပြီး မြန်မာနိုင်ငံသိုပြန်လည်လွှဲပြောင်းပေးခြင်းဖြစ်သည်။

“နယ်စပ်ဖြတ်သန်းခွင့် လက်မှတ်မှာ BP နဲ့ TBP ဆိုပြီး (၂) မျိုးရှိတယ်။ BP ဆိုတာ တာချီလိတ်ခရိုင် အတွင်းမှာရှိတဲ့ သူတွေကိုထုတ်ပေးတာ Boder Pass၊ TBP ဆိုတာက ယာယီနယ်စပ် ဖြတ်သန်းခွင့် လက်မှတ်။ အဲဒါကတော့မြန်မာနိုင်ငံ ထဲမှာရှိတဲ့သူတွေ နိုင်ငံသားစီစစ်ရေးကတ်ကိုင်ထားတဲ့သူတွေ ထိုင်းဖက်ကိုသွား လည်ချင်တယ်ဆိုရင် ကျွန်တော်တို့က ထုတ်ပေးတဲ့ဟာဖြစ်ပါတယ်။ BP တို့ TBP တို့ဆိုတာ နှစ်နိုင်ငံနားလည်မှုစာချွန်လွှာလက်မှတ်ထိုးထားကတည်းက သူတို့ကန့်သတ်တဲ့ နေရာပဲသွားလို့ ရတယ်။ ကျွန်တော်တို့နိုင်ငံမှာဆိုရင် ထိုင်းဖက်ကလာတဲ့ BP၊ TBP တွေက မယ်ယန်းဂိတ်ကိုကျော်ပြီး သွားလို့ မရဘူး။ ထိုင်းဖက်မှာလည်း သူတို့သတ်မှတ်ထားတဲ့ဧရိယာ ကျွန်တော်တို့သိသလောက်ဆိုရင် လိုတက်အလွန် ချက်ပွိုင့်ကျော်ပြီးသွားလို့ မရဘူး။ အဲဒီကျော်သွားရင် တရားမဝင် ဝင်ရောက်မှုနဲ့ ဖမ်းစီးခံရမှာပဲ”ဟု လဝကမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ထိုင်းနိုင်ငံဘက်မှ လွှဲပြောင်းပေးလာသူများကို နိုင်ငံသားစိစစ်လက်ခံရာတွင် နိုင်ငံသား အတည်မပြု နို်င်သူများကို ထိုင်းဘက်သို့ ပြန်လွှဲပေးရသည်များလည်းရှိ တတ်ကြောင်း၊ ရက်ကျော် နေထိုင်ခြင်း များကြောင့် ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသားများကို ထိုင်းနိုင်ငံက မြန်မာဘက်သို့ ပြန်လည် လွှဲပြောင်းပေးပြီး မြန်မာနိုင်ငံ အတွင်းသို့ တရားမဝင် ဝင်ရောက်သည့် ထိုင်းနိုင်ငံသားများအနဖြေင့် အခြားပြစ်မှုများ ကျူးလွန်ခြင်း မရှိပါက ပြည်နှင်ဒဏ်ဖြင့် မြန်မာဘက်က ထိုင်းနိုင်ငံသို့ ပြန်လွှဲပေးလေ့ ရှိကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ဟန်စိုးထိုက်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~