Update News

ဂုတ်တွင်း နောင်ချိုအဆင်း ကုလားမကွေ့တွင် (၂၂)ဘီးယာဉ်တိမ်းမှောက်နေ၍ ယာဉ်ကြောပိတ်ဆို့နေ


 

သတင်း/ဓါတ်ပုံ - နေဖြိုးမြင့်





~~~~~~~~⊰❂ Unicode Version ~~~~~~~~



ရှမ်းပြည်နယ်မြောက်ပိုင်း၊ ဂုတ်တွင်း နောင်ချိုဘက်မှ အဆင်း နံပါတ်(၇)အကွေ့(ကုလားမကွေ့)တွင် ၂၀၁၉ခုနှစ် ဖေဖော်ဝါရီလ(၁၃)ရက်နေ့ ညနေ(၅)နာရီ(၁၅)မိနစ်ဝန်းကျင်က စ၍ ကော်ဖြတ်စများ တင်လာသည့် (၂၂)ဘီးယာဉ်တစ်စီး လဲကျတိမ်းမှောက်နေ၍ ည(၆)နာရီအထိ လမ်းပိတ်နေကြောင်း သိရသည်။



အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ Oriental Highway Co.ltd မှ ​နောင်​ချို နှင်​့ ​ကျောက်​မဲ တိုးဂိတ်​များတွင်​ LED ဆိုင်​းဘုတ်​ဖြင်​့ သတိ​ပေး​ ကြေညာပေးသွားမည်​ဖြစ်​ပြီး ယာဉ်​​ကြောပိတ်​ဆို့​နေမှုအား အမြန်​ဆုံးရှင်​း လင်​း နိုင်ရန် ​သက်​ဆိုင်​ရာ ယာဉ်​ထိန်​းရဲတပ်​ဖွဲ့ဖြင်​့ ပူး​ပေါင်​း၍ ​ဆောင်​ရွက်​သွားမည်​ဖြစ်​​ကြောင်​း OHC မှ စီမံကိန်​းမန်​​နေဂျာ ဦးသက်​​ဆွေထံက သိရသည်​။

လတ်တလောတွင် ခရီးသည်တင် ယာဉ်ငယ်များသာ အလှည့်ကျဖြင့် တစ်စီးခြင်းသာ ဖြတ်သန်းနိုင်ပြီး ကျန်သော ယာဉ်ကြီးများမှ ရပ်တန့်နေရကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - နဖြေိုးမြင့်
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

« PREV
NEXT »

No comments

Post a Comment

:::::::::: လှိုက်လှဲစွာ ကျေးဇုးတင်ရှိပါသည် ::::::::::