ကျောက်မဲမြို့သို့ ကျေးရွာနှစ်ခုမှ တိုက်ပွဲရှောင် (၆၀၀)ကျော် ရောက်ရှိလာ၍ စားနပ်ရိက္ခာနှင့် အသုံးအဆောင်ပစ္စည်းများလိုအပ်နေ၍ စေတနာရှင်များ ဆက်သွယ်လှူဒါန်းနိုင်

ကျောက်မဲမြို့သို့ ကျေးရွာနှစ်ခုမှ တိုက်ပွဲရှောင် (၆၀၀)ကျော် ရောက်ရှိလာ၍ စားနပ်ရိက္ခာနှင့် အသုံးအဆောင်ပစ္စည်းများလိုအပ်နေ၍ စေတနာရှင်များ ဆက်သွယ်လှူဒါန်းနိုင်
ဖေဖော်ဝါရီ 10, 2019
By Tachileik News Agency


ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်  ပန်လော့ကျေးရွာ နှင့် နမ့်ပျဉ်ကျေးရွာတို့မှ တိုက်ပွဲရှောင်များသည် ၂၀၁၉ခုနှစ် ဖေဖော်ဝါရီလ (၉)ရက်နေ့မှ ဖေဖော်ဝါရီလ(၁၀)ရက်နေ့ မွန်းလွဲပိုင်း အထိ အဆိုပါ ကျောင်းတိုက်နှစ်တိုက်သို့ ရောက်ရှိလာကြသည်မှာ  စုစုပေါင်း (၆၀၀)ကျော်ရှိနေပြီ ဖြစ်ကြောင်းနှင့် ၎င်းတို့အတွက် အဓိက လိုအပ်နေသည့် စောင်၊ အိပ်ယာခင်း နှင့် စားနပ်ရိက္ခာများအတွက် စေတနာရှင်များအနေဖြင့် လှူဒါန်းလိုပါက ဖုန်းနံပါတ် 09403704464 သို့ ဆက်သွယ်လှူဒါန်း နိုင်ကြောင်း သိရသည်။

"ပန်လော့ကျေးရွာက ရှောင်လာသူတွေကို ရွှေကျင်ကျောင်းတိုက်မှာ နေရာချထားပေးတယ်၊ နမ့်ပျဉ် ကျေးရွာက ရှောင်လာသူတွေကို အောင်ဆုပန်ကျောင်းတိုက်မှာ နေရာချထားပေးထားပါတယ်၊ရာသီဥတုက အေးတဲ့အတွက် စောင်တွေ အခင်းတွေနဲ့ စားနပ်ရိက္ခာလည်း လိုအပ်ချက်ရှိသေးတယ်၊ ဒီနေ့ (၁၀)ရက်နေ့ အထိ ထပ်တိုးလာတာ ရှိနေသေးတဲ့အတွက် လောလောဆယ် လူဦးရေ ၆၀၀ ကျော်ရှိနေပြီ" ဟု ကျောက်မဲစစ်ဘေးရှောင်ကော်မတီဝင် တစ်ဦးဖြစ်သည့် ကိုသားဇော် ( မေတ္တာအိုးဝေ ) က တာချီလိတ်သတင်းအေဂျင်စီသို့ ဖေဖော်ဝါရီလ(၁၀)ရက်နေ့တွင် ပြောသည်။



ကျောက်မဲမြို့သို့ တိမ်းရှောင်းလာသည့် တိုက်ပွဲရှောင်ပြည်သူများအတွက် ကျောက်မဲစစ်ဘေးရှောင်များ စောင့်ရှောက်ရေးကော်မတီအား ၂၀၁၆ခုနှစ်အတွင်းက ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က  တိုက်ပွဲရှောင် လူဦးရေ (၃,၀၀၀)ကျော် စံချိန်တင် ရောက်ရှိခဲ့ဖူးကြောင်း နှင့် မြို့တွင်းရှိ ဘုန်းတော်ကြီးကျောင်းများ အပါအဝင် ယာယီစစ်ဘေးရှောင်စခန်း (၁၂)ခုအထိ ဖွင့်လှစ်လက်ခံပေးခဲ့ဖူးကြောင်းအပြင် အချို့ တိုက်ပွဲရှောင်များမှာ မိမိတို့နေရပ်များသို့ လုံးဝမပြန်တော့ပဲ ကျောက်မဲမြို့တွင် နေထိုင်နေကြသူများလည်း ရှိကြောင်း စစ်ဘေးရှောင်ကော်မတီဝင်တို့ထံမှ သိရသည်။

သတင်း - နေဖြိုးမြင့် ( Tachileik News Agency )



~~~~~~~~⊰❂ Unicode Version ~~~~~~~~

ကျောက်မဲမြို့နယ်အတွင်း ကျေးရွာနှစ်ခုမှ ကျောက်မဲမြို့ရှိ အောင်ဆုပန်ကျောင်းတိုက် နှင့် ရွှေကျင်ကျောင်းတိုက်သို့ ရောက်ရှိလာသည့် တိုက်ပွဲရှောင်(၆၀၀)ကျော်အတွက် စားနပ်ရိက္ခါနှင့် အသုံးအဆောင်ပစ္စည်းများလိုအပ်နေလျက်ရှိကြောင်း သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ် ပန်လော့ကျေးရွာ နှင့် နမ့်ပျဉ်ကျေးရွာတို့မှ တိုက်ပွဲရှောင်များသည် ၂၀၁၉ခုနှစ် ဖေဖော်ဝါရီလ (၉)ရက်နေ့မှ ဖေဖော်ဝါရီလ(၁၀)ရက်နေ့ မွန်းလွဲပိုင်း အထိ အဆိုပါ ကျောင်းတိုက်နှစ်တိုက်သို့ ရောက်ရှိလာကြသည်မှာ စုစုပေါင်း (၆၀၀)ကျော်ရှိနပြေီ ဖြစ်ကြောင်းနှင့်၎င်းတို့အတွက် အဓိက လိုအပ်နေသည့် စောင်၊ အိပ်ယာခင်း နှင့် စားနပ်ရိက္ခါများအတွက် စေတနာရှင်များအနဖြေင့် လှူဒါန်းလိုပါက ဖုန်းနံပါတ် 09403704464 သို့ ဆက်သွယ်လှူဒါန်း နိုင်ကြောင်း သိရသည်။

"ပန်လော့ကျေးရွာက ရှောင်လာသူတွေကို ရွှေကျင်ကျောင်းတိုက်မှာ နေရာချထားပေးတယ်၊ နမ့်ပျဉ် ကျေးရွာက ရှောင်လာသူတွေကို အောင်ဆုပန်ကျောင်းတိုက်မှာ နေရာချထားပေးထားပါတယ်၊ရာသီဥတုက အေးတဲ့အတွက် စောင်တွေ အခင်းတွေနဲ့ စားနပ်ရိက္ခါလည်း လိုအပ်ချက်ရှိသေးတယ်၊ ဒီနေ့ (၁၀)ရက်နေ့ အထိ ထပ်တိုးလာတာ ရှိနေသေးတဲ့အတွက် လောလောဆယ် လူဦးရေ ၆၀၀ ကျော်ရှိနပြေီ" ဟု ကျောက်မဲစစ်ဘေးရှောင်ကော်မတီဝင် တစ်ဦးဖြစ်သည့် ကိုသားဇော် ( မေတ္တာအိုးဝေ ) က တာချီလိတ်သတင်းအေဂျင်စီသို့ ဖေဖော်ဝါရီလ(၁၀)ရက်နေ့တွင် ပြောသည်။

ပန်လော့ကျေးရွာနှင့် နမ့်ပျဉ်ကျေးရွာ တို့သည် ကျောက်မဲမြို့နယ်အတွင်းသို့ ဖြတ်သန်းသွားသည့် ပြည်ထောင်စုလမ်းမကြီး နှင့် (၈)မိုင်ခန့်ကွာဝေးသော ကျေးရွာများဖြစ်ပြီး ဒေသအတွင်းရှိ တိုင်းရင်းသား လက်နက်ကိုင်တပ် များဖြစ်သည့် TNLA နှင့် RCSS တို့ ထိတွေ့တိုက်ခိုက်မှုများကြောင့် ဒေသခံတိုင်းရင်းသားများမှာ ထွက်ပြေးလာရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲရှောင် တိုင်းရင်းသားပြည်သူများအတွက် ကျောက်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဌာနတို့မှ အခြေခံပစ္စည်း (၉)မျိုးကို ထောက်ပံ့ပေးထားပြီး ကျောက်မဲစစ်ဘေးရှောင်ကော်မတီမှလည်း စားနပ်ရိက္ခါနှင့် အခင်း၊ စောင် တို့ကို ထောက်ပံ့ပေးထားကြောင်း သိရသည်။

ကျောက်မဲမြို့သို့ တိမ်းရှောင်းလာသည့် တိုက်ပွဲရှောင်ပြည်သူများအတွက် ကျောက်မဲစစ်ဘေးရှောင်များ စောင့်ရှောက်ရေးကော်မတီအား ၂၀၁၆ခုနှစ်အတွင်းက ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က တိုက်ပွဲရှောင် လူဦးရေ (၃,ဝဝဝ)ကျော် စံချိန်တင် ရောက်ရှိခဲ့ဖူးကြောင်း နှင့် မြို့တွင်းရှိ ဘုန်းတော်ကြီးကျောင်းများ အပါအဝင် ယာယီစစ်ဘေးရှောင်စခန်း (၁၂)ခုအထိ ဖွင့်လှစ်လက်ခံပေးခဲ့ဖူးကြောင်းအပြင် အချို့ တိုက်ပွဲရှောင်များမှာ မိမိတို့နေရပ်များသို့ လုံးဝမပြန်တော့ပဲ ကျောက်မဲမြို့တွင် နေထိုင်နကြေသူများလည်း ရှိကြောင်း စစ်ဘေးရှောင်ကော်မတီဝင်တို့ထံမှ သိရသည်။

သတင်း - နဖြေိုးမြင့် ( Tachileik News Agency )
ဖိုတို- ကိုသားဇော် ( မေတ္တာအိုးဝေ )

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~