ထိုင္းႏိုင္ငံအတြင္း ဖမ္းဆီးခံရသည့္ ေရႊ႕ေျပာင္းျမန္မာလုပ္သား (၉)ဦးကို ထိုင္းလ၀က မွ တာခ်ီလိတ္သို႔ လႊဲေျပာင္းလာ

ထိုင္းႏိုင္ငံအတြင္း ဖမ္းဆီးခံရသည့္ ေရႊ႕ေျပာင္းျမန္မာလုပ္သား (၉)ဦးကို ထိုင္းလ၀က မွ တာခ်ီလိတ္သို႔ လႊဲေျပာင္းလာ
ဖေဖော်ဝါရီ 11, 2019
By Tachileik News Agency

ထုိင္းႏုိင္ငံတြင္း ဖမ္းဆီးခံရသျဖင့္ ျပစ္ဒဏ္္က်ခံၿပီး ျမန္မာႏိုင္ငံသားမ်ားကို ျပန္လည္လႊဲေျပာင္းေပးသည့္ အစီအစဥ္အရ ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕တြင္ ၂၀၁၉ ခုနွစ္၊ ေဖေဖၚဝါရီလ (၁၁)ရက္ေန႔ ေန႔လယ္ (၁၂)နာရီက အမ်ိဳးသား (၇)ဦးႏွင့္ အမ်ိဳးသမီး (၂)ဦးကို ထိုင္းဘက္တာ၀န္ရွိသူမ်ားက လႊဲေျပာင္းေပးလာေၾကာင္း သိရသည္။

အဆိုပါ ျမန္မာႏုိင္ငံသားမ်ားအား ထုိင္းႏုိင္ငံဘက္မွ တာဝန္ရိွသူမ်ားက ျမန္မာ - ထုိင္း ခ်စ္ၾကည္ေရးအမွတ္ (၂)တံတား မွ တာခ်ီလိတ္ဘက္သို႔ လာေရာက္ပို႔ေဆာင္ရာ တာခ်ီလိတ္ၿမိဳ႕မွ ၿမိဳ႕နယ္အေထြေထြ အုပ္ခ်ဳပ္ေရး ဦးစီးဌာန၊ အလုပ္သမား လူ၀င္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႕အင္အား ဦးစီးဌာန၊ ၿမိဳ႕နယ္အလုပ္သမား ညႊန္ၾကားမႈဦးစီးဌာန၊ လူကုန္ကူးမႈ တိုက္ဖ်က္ေရး ရဲတပ္ဖြဲ႕ႏွင့္ ထိုင္းႏိုင္ငံ မယ္ဆိုင္ၿမိဳ႕ေရာက္ျမန္မာႏိုင္ငံသားမ်ားအား ကူညီေစာင့္ ေရွာက္ေရးႏွင့္ ေစ့စပ္ညိႇႏိုင္းေရးေကာ္မတီ (CNCMC)တို႔က စီစစ္လက္ခံေပးေလ့ရိွၿပီး ေနရပ္ျပန္ရန္အတြက္ အခက္အခဲရိွသူမ်ားကိုလည္း ပူးေပါင္းေဆာင္ရြက္ေပးေလ့ရိွေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕သို႔ ထုိင္းႏုိင္ငံမွ ျပန္လည္လႊဲေျပာင္းေပးလာသည့္ ျမန္မာႏုိင္ငံသားဦးေရမွာ ၿပီးခဲ့သည့္ ၂၀၁၈ ခုႏွစ္အတြင္း အမ်ိဳးသား (၈၂၁) ဦး၊ အမ်ိဳးသမီး (၃၆၉)ဦး၊ ကေလး (၃၉)ဦး စုစုေပါင္း (၁,၂၂၉)ဦးရိွခဲ့ျခင္းျဖစ္သည္။

ယင္းကဲ့သို႔ လႊဲေျပာင္းေပးလာသူမ်ားတြင္ ထိုင္းႏိုင္ငံတြင္း တရားမဝင္သြားေရာက္ျခင္း၊ နယ္ေျမေက်ာ္လြန္ သြားလာျခင္း၊ ေနထိုင္ခြင့္သက္တမ္းေက်ာ္လြန္ျခင္းတုိ႔ျဖင့္ ဖမ္းဆီးခံရသူအမ်ားစု ပါဝင္လာတတ္ၿပီး အေၾကာင္းအမ်ိဳးမ်ိဳးျဖင့္ ဖမ္းဆီးခံရသူမ်ားလည္း ပါဝင္တတ္ေၾကာင္း သိရသည္။

ထုိင္းႏို္င္ငံဘက္မွ လႊဲေျပာင္းေပးလာသူမ်ားကို ႏိုင္ငံသားစိစစ္လက္ခံရာတြင္ ႏိုင္ငံသား အတည္မျပဳႏို္င္သူမ်ားကို ထုိင္းဘက္သို႔ ျပန္လႊဲေပးရသည္မ်ားလည္းရိွတတ္ေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - CNCMC



~~~~~~~~⊰❂ Unicode Version ~~~~~~~~

ထိုင်းနိုင်ငံတွင်း ဖမ်းဆီးခံရသဖြင့် ပြစ်ဒဏ်ကျခံပြီး မြန်မာနိုင်ငံသားများကို ပြန်လည်လွှဲပြောင်းပေးသည့် အစီအစဉ်အရ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၁)ရက်နေ့ နေ့လယ် (၁၂)နာရီက အမျိုးသား (၇)ဦးနှင့် အမျိုးသမီး (၂)ဦးကို ထိုင်းဘက်တာဝန်ရှိသူများက လွှဲပြောင်းပေးလာကြောင်း သိရသည်။

အဆိုပါ မြန်မာနိုင်ငံသားများအား ထိုင်းနိုင်ငံဘက်မှ တာဝန်ရှိသူများက မြန်မာ - ထိုင်း ချစ်ကြည်ရေးအမှတ် (၂)တံတား မှ တာချီလိတ်ဘက်သို့ လာရောက်ပို့ဆောင်ရာ တာချီလိတ်မြို့မှ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန၊ မြို့နယ်အလုပ်သမား ညွှန်ကြားမှုဦးစီးဌာန၊ လူကုန်ကူးမှု တိုက်ဖျက်ရေး ရဲတပ်ဖွဲ့နှင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက်မြန်မာနိုင်ငံသားများအား ကူညီစောင့် ရှောက်ရေးနှင့် စေ့စပ်ညှိနိုင်းရေးကော်မတီ (CNCMC)တို့က စီစစ်လက်ခံပေးလေ့ရှိပြီး နေရပ်ပြန်ရန်အတွက် အခက်အခဲရှိသူများကိုလည်း ပူးပေါင်းဆောင်ရွက်ပေးလေ့ရှိကြောင်း သိရသည်။

တာချီလိတ်မြို့သို့ ထိုင်းနိုင်ငံမှ ပြန်လည်လွှဲပြောင်းပေးလာသည့် မြန်မာနိုင်ငံသားဦးရေမှာ ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်အတွင်း အမျိုးသား (၈၂၁) ဦး၊ အမျိုးသမီး (၃၆၉)ဦး၊ ကလေး (၃၉)ဦး စုစုပေါင်း (၁,၂၂၉)ဦးရှိခဲ့ခြင်းဖြစ်သည်။

ယင်းကဲ့သို့ လွှဲပြောင်းပေးလာသူများတွင် ထိုင်းနိုင်ငံတွင်း တရားမဝင်သွားရောက်ခြင်း၊ နယ်မြေကျော်လွန် သွားလာခြင်း၊ နေထိုင်ခွင့်သက်တမ်းကျော်လွန်ခြင်းတို့ဖြင့် ဖမ်းဆီးခံရသူအများစု ပါဝင်လာတတ်ပြီး အကြောင်းအမျိုးမျိုးဖြင့် ဖမ်းဆီးခံရသူများလည်း ပါဝင်တတ်ကြောင်း သိရသည်။

ထိုင်းနို်င်ငံဘက်မှ လွှဲပြောင်းပေးလာသူများကို နိုင်ငံသားစိစစ်လက်ခံရာတွင် နိုင်ငံသား အတည်မပြုနို်င်သူများကို ထိုင်းဘက်သို့ ပြန်လွှဲပေးရသည်များလည်းရှိတတ်ကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - CNCMC

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~