ထိုင္းႏိုင္ငံအတြင္း အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ဖမ္းဆီးခံရသည့္ ျမန္မာႏိုင္ငံသား (၄၂)ဦးကို တာခ်ီလိတ္သို႔ ျပန္လည္လႊဲေျပာင္း

ထိုင္းႏိုင္ငံအတြင္း အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ဖမ္းဆီးခံရသည့္ ျမန္မာႏိုင္ငံသား (၄၂)ဦးကို တာခ်ီလိတ္သို႔ ျပန္လည္လႊဲေျပာင္း
ဖေဖော်ဝါရီ 8, 2019
By Tachileik News Agency
ထိုင္းႏိုင္ငံတြင္ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ဖမ္းဆီးခံထားရသည့္ ျမန္မာႏိုင္ငံသား (၄၂) ဦးကို ထိုင္းႏိုင္ငံမွ တာ၀န္ရိွသူမ်ားက ျမန္မာ - ထိုင္းနယ္စပ္ေဒသ၊ တာခ်ီလိတ္ၿမိဳ႕သို႔  ျမန္မာ - ထိုင္း ခ်စ္ၾကည္ေရးအမွတ္(၂)တံတား၏ တာခ်ီလိတ္ဘက္သို႔ ၂၀၁၉ ခုႏွစ္ ေဖေဖာ္၀ါရီလ (၈) ရက္ေန႔ ညေန (၃) နာရီခြဲတြင္ လာေရာက္ လႊဲေျပာင္းေပးအပ္ခဲ့သည္။

ထိုင္းႏိုင္ငံမွ ျပန္လည္လႊဲအပ္သည့္ ျမန္မာႏိုင္ငံသား (၄၂)ဦးတြင္ အမ်ိဳးသား (၂၄)ဦးနွင့္ အမ်ိဳးသမီး (၁၈)ဦးတို႔ ပါ၀င္ၿပီး ကခ်င္ျပည္နယ္မွ အမ်ိဳးသမီး (၁) ဦး၊ ရခိုင္ျပည္နယ္မွ အမ်ိဳးသား (၁) ဦး၊ မႏၱေလးတိုင္း ေဒသႀကီးမွ အမ်ိဳးသားတစ္ဦး၊ ရွမ္းျပည္နယ္ အေရွ႕ပိုင္းမွ အမ်ိဳးသား (၂) ဦးႏွင့္ အမ်ိဳးသမီး (၂) ဦး၊ ရွမ္းျပည္နယ္ေျမာက္ပိုင္းမွ အမ်ိဳးသား (၄) ဦးႏွင့္ အမ်ိဳးသမီး (၁) ဦးႏွင့္ ရွမ္းျပည္နယ္ေတာင္ပိုင္းမွ အမ်ိဳးသား (၁၆) ဦးႏွင့္ အမ်ိဳးသမီး (၁၄) ဦးတု႔ိ ပါ၀င္ၿပီး အမ်ားစုမွာ ကန္႔သတ္နယ္ေျမ ေက်ာ္လြန္ သြားလာမႈေၾကာင့္ ဖမ္းဆီးခံခဲ့ရေၾကာင္း သိရသည္။

ျမန္မာ - ထိုင္းခ်စ္ၾကည္ေရးတံတားအမွတ္ (၁) မွ ထိုင္းႏိုင္ငံသို႔ လက္သမားအလုပ္ လုပ္ကိုင္ရန္ ၂၀၁၉ ခုႏွစ္ ေဖေဖာ္၀ါရီလ (၃)ရက္ေန႔က သြားေရာက္စဥ္ လမ္းခရီးတြင္ အဖမ္းခံရျခင္းျဖစ္ကာ ထိုင္းႏိုင္ငံ၌ အခ်ဳပ္ (၄)ရက္ က်ခံခဲ့ရၿပီး ျမန္မာႏိုင္ငံသို႔ ျပန္လည္ပို႔ခံခဲ့ရေၾကာင္း ရွမ္းျပည္နယ္ေတာင္ပိုင္းတြင္ ေနထိုင္သူ ဦးေမာင္တင့္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ထိုင္းဘက္မွ လႊဲေျပာင္းေပးလာသူမ်ားအတြက္ ေန႔လည္စာအျဖစ္ ထိုင္းႏိုင္ငံ မယ္ဆိုင္ၿမိဳ႕ေရာက္ ျမန္မာႏိုင္ငံသားမ်ားအား ကူညီေစာင့္ ေရွာက္ေရးႏွင့္ ေစ့စပ္ညိႇႏိုင္းေရးေကာ္မတီ (CNCMC)မွ ဦးေဆာင္၍ စားစရာမ်ား ေပးေ၀ခဲ့ၾကေၾကာင္း သိရသည္။

ထိုင္းႏိုင္ငံအတြင္း အေၾကာင္း အမ်ိဳးမ်ိဳးေၾကာင့္ အဖမ္းခံရသူမ်ားအား ထိုင္းဥပေဒအရ အေရးယူ ေဆာင္ရြက္မႈမ်ားၿပီးေျမာက္ပါက ျမန္မာႏိုင္ငံတာခ်ီလိတ္ၿမိဳ႕သို႔ လႊဲေျပာင္းေပးလာေလ့ရိွရာတြင္ တာခ်ီလိတ္ၿမိဳ႕မွ ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန၊ အလုပ္သမား လူ၀င္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႕အင္အား ဦးစီးဌာန၊ ၿမိဳ႕နယ္အလုပ္သမား ညႊန္ၾကားမႈဦးစီးဌာန၊ လူကုန္ကူးမႈ တိုက္ဖ်က္ေရး ရဲတပ္ဖြဲ႕ႏွင့္ ထိုင္းႏိုင္ငံ မယ္ဆိုင္ၿမိဳ႕ေရာက္ျမန္မာႏိုင္ငံသားမ်ားအား ကူညီေစာင့္ ေရွာက္ေရးႏွင့္ ေစ့စပ္ညိႇႏိုင္းေရးေကာ္မတီ (CNCMC)တို႔က စီစစ္လက္ခံေပးေလ့ရိွၿပီး ေနရပ္ျပန္ရန္အတြက္ အခက္အခဲရိွသူမ်ားကိုလည္း ပူးေပါင္းေဆာင္ရြက္ေပးေလ့ရိွေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - ေက်ာ္ဇင္ဟိန္း


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ထိုင်းနိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံထားရသည့် မြန်မာနိုင်ငံသား (၄၂) ဦးကို ထိုင်းနိုင်ငံမှ တာဝန်ရှိသူများက မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့သို့ မြန်မာ - ထိုင်း ချစ်ကြည်ရေးအမှတ်(၂)တံတား၏ တာချီလိတ်ဘက်သို့ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ (၈) ရက်နေ့ ညနေ (၃) နာရီခွဲတွင် လာရောက် လွှဲပြောင်းပေးအပ်ခဲ့သည်။

ထိုင်းနိုင်ငံမှ ပြန်လည်လွှဲအပ်သည့် မြန်မာနိုင်ငံသား (၄၂)ဦးတွင် အမျိုးသား (၂၄)ဦးနှင့် အမျိုးသမီး (၁၈)ဦးတို့ ပါဝင်ပြီး ကချင်ပြည်နယ်မှ အမျိုးသမီး (၁) ဦး၊ ရခိုင်ပြည်နယ်မှ အမျိုးသား (၁) ဦး၊ မန္တလေးတိုင်း ဒေသကြီးမှ အမျိုးသားတစ်ဦး၊ ရှမ်းပြည်နယ် အရှေ့ပိုင်းမှ အမျိုးသား (၂) ဦးနှင့် အမျိုးသမီး (၂) ဦး၊ ရှမ်းပြည်နယ်မြောက်ပိုင်းမှ အမျိုးသား (၄) ဦးနှင့် အမျိုးသမီး (၁) ဦးနှင့် ရှမ်းပြည်နယ်တောင်ပိုင်းမှ အမျိုးသား (၁၆) ဦးနှင့် အမျိုးသမီး (၁၄) ဦးတို့ ပါဝင်ပြီး အများစုမှာ ကန့်သတ်နယ်မြေ ကျော်လွန် သွားလာမှုကြောင့် ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

မြန်မာ - ထိုင်းချစ်ကြည်ရေးတံတားအမှတ် (၁) မှ ထိုင်းနိုင်ငံသို့ လက်သမားအလုပ် လုပ်ကိုင်ရန် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ (၃)ရက်နေ့က သွားရောက်စဉ် လမ်းခရီးတွင် အဖမ်းခံရခြင်းဖြစ်ကာ ထိုင်းနိုင်ငံ၌ အချုပ် (၄)ရက် ကျခံခဲ့ရပြီး မြန်မာနိုင်ငံသို့ ပြန်လည်ပို့ခံခဲ့ရကြောင်း ရှမ်းပြည်နယ်တောင်ပိုင်းတွင် နေထိုင်သူ ဦးမောင်တင့်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ထိုင်းဘက်မှ လွှဲပြောင်းပေးလာသူများအတွက် နေ့လည်စာအဖြစ် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့် ရှောက်ရေးနှင့် စေ့စပ်ညှိနိုင်းရေးကော်မတီ (CNCMC)မှ ဦးဆောင်၍ စားစရာများ ပေးေဝခဲ့ကြကြောင်း သိရသည်။

ထိုင်းနိုင်ငံအတွင်း အကြောင်း အမျိုးမျိုးကြောင့် အဖမ်းခံရသူများအား ထိုင်းဥပဒေအရ အရေးယူ ဆောင်ရွက်မှုများပြီးမြောက်ပါက မြန်မာနိုင်ငံတာချီလိတ်မြို့သို့ လွှဲပြောင်းပေးလာလေ့ရှိရာတွင် တာချီလိတ်မြို့မှ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန၊ မြို့နယ်အလုပ်သမား ညွှန်ကြားမှုဦးစီးဌာန၊ လူကုန်ကူးမှု တိုက်ဖျက်ရေး ရဲတပ်ဖွဲ့နှင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက်မြန်မာနိုင်ငံသားများအား ကူညီစောင့် ရှောက်ရေးနှင့် စေ့စပ်ညှိနိုင်းရေးကော်မတီ (CNCMC)တို့က စီစစ်လက်ခံပေးလေ့ရှိပြီး နေရပ်ပြန်ရန်အတွက် အခက်အခဲရှိသူများကိုလည်း ပူးပေါင်းဆောင်ရွက်ပေးလေ့ရှိကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - ကျော်ဇင်ဟိန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~