တာခ်ီလိတ္တြင္ ထုိင္းႏုိင္ငံသားတစ္ဦး အသတ္ခံရမႈကို ဆက္စပ္ေဖၚထုတ္ရာမွ တစ္ေန႔တည္းတြင္ ထုိင္းႏုိင္ငံသား (၃)ဦးကို မူးယစ္ေဆးမ်ားႏွင့္အတူ ဖမ္းမိထားၿပီး ဆက္လက္ေဖၚထုတ္ေန

တာခ်ီလိတ္တြင္ ထုိင္းႏုိင္ငံသားတစ္ဦး အသတ္ခံရမႈကို ဆက္စပ္ေဖၚထုတ္ရာမွ တစ္ေန႔တည္းတြင္ ထုိင္းႏုိင္ငံသား (၃)ဦးကို မူးယစ္ေဆးမ်ားႏွင့္အတူ ဖမ္းမိထားၿပီး ဆက္လက္ေဖၚထုတ္ေန
ဖေဖော်ဝါရီ 9, 2019
By Tachileik News Agency

ျမန္မာ - ထိုင္းနယ္စပ္ေဒသ၊ တာခ်ီလိတ္ၿမိဳ႕တြင္ ထုိင္းႏုိင္ငံသား တစ္ဦး ေသနတ္ျဖင့္ ပစ္သတ္ခံရမႈေၾကာင့္ ဆက္စပ္ဖြယ္ရိွသည့္ ေနရာမ်ားအား စစ္ေဆးမႈျပဳလုပ္ရာ ၂၀၁၉ ခုႏွစ္ ေဖေဖၚဝါရီလ (၉)ရက္ေန႔ တစ္ေန႔တာ အတြင္း ထုိင္းႏုိင္ငံသား (၃)ဦးကို မူးယစ္ေဆးဝါးမ်ားႏွင့္အတူ ဖမ္းဆီးရမိေၾကာင္း သိရသည္။

တာခ်ီလိတ္တြင္ အိမ္ခန္းငွားေနထုိင္သည့္ ထုိင္းႏိုင္ငံသား ေလး(ခ) Mr.Wuttichai Gobua သည္ ေငြေပးရန္ခ်ိန္းဆိုမႈေၾကာင့္ ၂၀၁၉ ခုႏွစ္ ေဖေဖာ္၀ါရီလ (၈) ရက္ေန႔ ည (၉) နာရီ ေက်ာ္ခန္႔က ေနအိမ္မွ ထြက္သြားရာ ဆန္ဆိုင္း(ခ)ရပ္ကြက္ ျမန္မာတိုးနယားကြင္းရွိ လမ္းသြယ္ ႏွင့္ 1G1 ဟိုတယ္ေရွ႕ လမ္းမေဘးတြင္ ေသနတ္ျဖင့္ ပစ္သတ္ခံခဲ့ရသျဖင့္ အမႈႏွင့္ ဆက္စပ္ဖြယ္ရိွသည့္ေနရာမ်ားကို ရဲတပ္ဖြဲ႕က ရွာေဖြ စစ္ေဆးေနျခင္းျဖစ္သည္။

ေသနတ္ ပစ္ခတ္မႈျဖစ္ပြားသည့္ အနီးဝန္းက်င္အား စစ္ေဆးရာ ေဖေဖာ္၀ါရီလ (၉) ရက္ေန႔ မနက္ (၈) နာရီ (၄၀) မိနစ္အခ်ိန္တြင္ ထုိင္းႏိုင္ငံသား Khwan Jarochaiyakham ဆိုသူကို မသကၤာဖြယ္ ေတြ႔ရသျဖင့္ ရဲတပ္ဖြဲ႕က စစ္ေဆးရာ အိမ္ခန္းငွားေနထုိင္သူျဖစ္ေၾကာင္း စစ္ေဆးသိရိွရၿပီး ၎ငွားရမ္းေနထုိင္ရာ မယ္ေခါင္ရပ္ကြက္ရိွ ေနအိမ္ခန္းအတြင္း ဝင္ေရာက္ရွာေဖြရာ အေလးခ်ိန္(၆.၅၂)ဂရမ္ရွိ အုိက္စ္ႏွင့္ စိတ္ၾကြေဆးျပား(၆)ျပားတို႔ကို ရွာေဖြေတြ႕ရိွရျခင္းျဖစ္ေၾကာင္း သိရသည္။

၎ကို တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ မယ(ပ) ၁၇/၂၀၁၉၊ မူး/စိတ္ပုဒ္မ ၁၉(က)ျဖင့္ အမႈဖြင့္ထားေၾကာင္း သိရသည္။

ေသဆံုးသူ ေလး(ခ) Mr.Wuttichai Gobua သြားလာေလ့ရိွသည့္ ဆန္ဆုိင္း(က)ရပ္ကြက္အတြင္းရွိ စႏူကာဆုိင္အား ရဲတပ္ဖြဲ႕က  ၂၀၁၉ ခုႏွစ္၊ ေဖေဖၚဝါရီလ (၉)ရက္ေန႔ နံနက္(၁၁)နာရီေက်ာ္တြင္ ဝင္ေရာက္ စစ္ေဆးရာ ထုိင္းႏုိင္ငံသား Auttapol ကို ေတြ႔ရၿပီး ၎၏ အိပ္ယာေအာက္မွ စိတ္ၾကြေဆးျပား (၁၈၀)ျပားကို ရွာေဖြ ေတြ႔ရိွရသျဖင့္ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္မယ(ပ)၁၈/၂၀၁၉၊ မူး/စိတ္ပုဒ္မ ၁၉(က)ျဖင့္ အမႈဖြင့္ စစ္ေဆးေနေၾကာင္း သိရသည္။

ယင္းေနာက္ ညေန (၅)နာရီ (၄၅)မိနစ္တြင္ ကြင္းဆက္အရ ထုိင္းႏုိင္ငံသားေနထုိင္သည့္ ဝိန္းေက်ာက္ ရပ္ကြက္၊ ေတာ္ေကာ့(တြင္း)လမ္းရိွ ေနအိမ္အား ဝင္ေရာက္စစ္ေဆးရာ ထုိင္းႏုိင္ငံသား Sumeth ကို အိုက္စ္အေလးခ်ိန္ (၀.၈)ဂရမ္ခန္႔ႏွင့္အတူ ဖမ္းဆီးရမိသျဖင့္ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ မယ(ပ)၁၉/၂၀၁၉၊ မူး/စိတ္ ၁၆(၈)ျဖင့္ အမႈဖြင့္စစ္ေဆးေနေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕တြင္ ၂၀၁၉ ခုႏွစ္၏ ဇန္န၀ါရီလ(၂၁)ရက္ေန႔မွ ေဖေဖာ္၀ါရီလ(၈)၇ရက္ေန႔အထိ (၁၈)ရက္အတြင္း ေသနတ္ပစ္မႈ (၃)ႀကိမ္ျဖစ္ပြားခဲ့ရာ ျမန္မာႏိုင္ငံသား လုပ္ငန္းရွင္တစ္ဦး၊ ထုိင္းႏုိင္ငံသားတစ္ဦးတို႔ ေသဆံုးၿပီး တစ္ဦးမွာ ဒဏ္ရာရသြားခဲ့ရာ ေသနတ္ျဖင့္ ပစ္ခတ္မႈက်ဴးလြန္ခဲ့သည့္ ထုိင္းႏုိင္ငံသားတစ္ဦး အပါအဝင္ က်ဴးလြန္သူအားလံုး လြတ္ေျမာက္ေနဆဲျဖစ္သည္။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့တွင် ထိုင်းနိုင်ငံသား တစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရမှုကြောင့် ဆက်စပ်ဖွယ်ရှိသည့် နေရာများအား စစ်ဆေးမှုပြုလုပ်ရာ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ (၉)ရက်နေ့ တစ်နေ့တာ အတွင်း ထိုင်းနိုင်ငံသား (၃)ဦးကို မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိကြောင်း သိရသည်။

တာချီလိတ်တွင် အိမ်ခန်းငှါးနေထိုင်သည့် ထိုင်းနိုင်ငံသား လေး(ခ) Mr.Wuttichai Gobua သည် ငွေပေးရန်ချိန်းဆိုမှုကြောင့် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ (၈) ရက်နေ့ ည (၉) နာရီ ကျော်ခန့်က နေအိမ်မှ ထွက်သွားရာ ဆန်ဆိုင်း(ခ)ရပ်ကွက် မြန်မာတိုးနယားကွင်းရှိ လမ်းသွယ် နှင့် 1G1 ဟိုတယ်ရှေ့ လမ်းမဘေးတွင် သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသဖြင့် အမှုနှင့် ဆက်စပ်ဖွယ်ရှိသည့်နေရာများကို ရဲတပ်ဖွဲ့က ရှာဖွေ စစ်ဆေးနခြေင်းဖြစ်သည်။

သေနတ် ပစ်ခတ်မှုဖြစ်ပွားသည့် အနီးဝန်းကျင်အား စစ်ဆေးရာ ဖေဖော်ဝါရီလ (၉) ရက်နေ့ မနက် (၈) နာရီ (၄၀) မိနစ်အချိန်တွင် ထိုင်းနိုင်ငံသား Khwan Jarochaiyakham ဆိုသူကို မသင်္ကာဖွယ် တွေ့ရသဖြင့် ရဲတပ်ဖွဲ့က စစ်ဆေးရာ အိမ်ခန်းငှါးနေထိုင်သူဖြစ်ကြောင်း စစ်ဆေးသိရှိရပြီး၎င်းငှါးရမ်းနေထိုင်ရာ မယ်ခေါင်ရပ်ကွက်ရှိ နေအိမ်ခန်းအတွင်း ဝင်ရောက်ရှာဖွေရာ အလေးချိန်(၆.၅၂)ဂရမ်ရှိ အိုက်စ်နှင့် စိတ်ကြွဆေးပြား(၆)ပြားတို့ကို ရှာဖွေတွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

၎င်းကို တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ) ၁၇/၂၀၁၉၊ မူး/စိတ်ပုဒ်မ ၁၉(က)ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

သေဆုံးသူ လေး(ခ) Mr.Wuttichai Gobua သွားလာလေ့ရှိသည့် ဆန်ဆိုင်း(က)ရပ်ကွက်အတွင်းရှိ စနူကာဆိုင်အား ရဲတပ်ဖွဲ့က ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၉)ရက်နေ့ နံနက်(၁၁)နာရီကျော်တွင် ဝင်ရောက် စစ်ဆေးရာ ထိုင်းနိုင်ငံသား Auttapol ကို တွေ့ရပြီး၎င်း၏ အိပ်ယာအောက်မှ စိတ်ကြွဆေးပြား (၁၈၀)ပြားကို ရှာဖွေ တွေ့ရှိရသဖြင့် တာချီလိတ်မြို့မရဲစခန်းတွင်မယ(ပ)၁၈/၂၀၁၉၊ မူး/စိတ်ပုဒ်မ ၁၉(က)ဖြင့် အမှုဖွင့် စစ်ဆေးနေကြောင်း သိရသည်။

ယင်းနောက် ညနေ (၅)နာရီ (၄၅)မိနစ်တွင် ကွင်းဆက်အရ ထိုင်းနိုင်ငံသားနေထိုင်သည့် ဝိန်းကျောက် ရပ်ကွက်၊ တော်ကော့(တွင်း)လမ်းရှိ နေအိမ်အား ဝင်ရောက်စစ်ဆေးရာ ထိုင်းနိုင်ငံသား Sumeth ကို အိုက်စ်အလေးချိန် (ဝ.၈)ဂရမ်ခန့်နှင့်အတူ ဖမ်းဆီးရမိသဖြင့် တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ)၁၉/၂၀၁၉၊ မူး/စိတ် ၁၆(၈)ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

တာချီလိတ်မြို့တွင် ၂၀၁၉ ခုနှစ်၏ ဇန်နဝါရီလ(၂၁)ရက်နေ့မှ ဖေဖော်ဝါရီလ(၈)၇ရက်နေ့အထိ (၁၈)ရက်အတွင်း သေနတ်ပစ်မှု (၃)ကြိမ်ဖြစ်ပွားခဲ့ရာ မြန်မာနိုင်ငံသား လုပ်ငန်းရှင်တစ်ဦး၊ ထိုင်းနိုင်ငံသားတစ်ဦးတို့ သေဆုံးပြီး တစ်ဦးမှာ ဒဏ်ရာရသွားခဲ့ရာ သေနတ်ဖြင့် ပစ်ခတ်မှုကျူးလွန်ခဲ့သည့် ထိုင်းနိုင်ငံသားတစ်ဦး အပါအဝင် ကျူးလွန်သူအားလုံး လွတ်မြောက်နေဆဲဖြစ်သည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~