ေဒၚေအာင္ဆန္းစုၾကည္၏ တာခ်ီလိတ္ခရီးစဥ္တြင္ တိုက္ရိုက္တိုင္ၾကားစာ (၃၇)ေစာင္ရရွိရာ ေျမယာကိစၥ အမ်ားအျပား ပါ၀င္

ေဒၚေအာင္ဆန္းစုၾကည္၏ တာခ်ီလိတ္ခရီးစဥ္တြင္ တိုက္ရိုက္တိုင္ၾကားစာ (၃၇)ေစာင္ရရွိရာ ေျမယာကိစၥ အမ်ားအျပား ပါ၀င္
ဖေဖော်ဝါရီ 5, 2019
By Tachileik News Agency

ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢဳိလ္ ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ တာခ်ီလိတ္လူထုေတြ႔ဆံုပြဲတြင္ တိုက္ရိုက္ တိုင္ၾကားစာမ်ားကို ေပးႏိုင္ရန္အတြက္ ေတြ႔ဆံုပြဲျပဳလုပ္ရာ ေအာင္ျမတ္ခန္းမ၏ အ၀င္တြင္ တိုင္ၾကားစာ လက္ခံေရးဌာန  ဖြင့္လွစ္ေပးထားၿပီး နံနက္ပိုင္းကေန ေတြ႔ဆံုပြဲအၿပီး ေန႔လည္(၁၁)နာရီ (၄၅)မိနစ္အထိ လက္ခံေပးေနရာ တိုင္ၾကားစာ စုစုေပါင္း (၃၇)ေစာင္ လက္ခံရရွိေၾကာင္း သိရသည္။

“ကြ်န္ေတာ္တို႔ တိုင္ၾကားစာေကာ္မတီအေနနဲ႔ တိုင္ၾကားစာ အားလံုးေပါင္းဟာ (၃၀)နဲ႔ (၇)ေစာင္ ရရွိပါတယ္၊”ဟု တိုင္ၾကားစာလက္ခံေရးေကာ္မတီအဖြဲ႔မွ တာခ်ီလိတ္ ဒုတိယၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးမင္းေအာင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

တိုင္ၾကားစာ၏ အေပၚယံအေၾကာင္းအရာမ်ားထဲတြင္  ေျမယာကိစၥေတာ္ေတာ္မ်ားမ်ား ပါ၀င္သည့္အျပင္  ၀န္ထမ္းအက်င့္ပ်က္လာဘ္စားမႈ၊ အမႈဖြင့္လွ်င္ ၾကန္႔ၾကာမႈ စသည့္ အေၾကာင္းအရာမ်ားလည္း  တိုင္ၾကားစာ (၃၇)ေစာင္ထဲတြင္ ပါ၀င္ေၾကာင္း သိရသည္။

“ဒီမွာတိုင္တဲ့ တိုင္စာကိုေပါ့၊ အတြင္းကေတာ့ ကြ်န္ေတာ္တို႔ ဖတ္ပိုင္ခြင့္မရွိပါဘူး၊ အေပၚယံ အေၾကာင္းအရာကိုေတာ့ သိခြင့္ရတယ္၊ တစ္ခ်ဳိ႕က်ေတာ့လည္း ဘာအေၾကာင္းအရာရယ္လို႔ မပါဘူး၊ ေတာ္ေတာ္မ်ားမ်ားေတာ့ ဒီထဲမွာ  တပ္သိမ္းေျမကိစၥ၊ တစ္ခ်ဳိ႕ေျမယာကိစၥေတြ ပါပါတယ္၊ ေနာက္ (စ်)ကိစၥေပါ့၊ ေတာ္ေတာ္မ်ားမ်ားကေတာ့ ေျမယာကိစၥမ်ားပါတယ္၊”ဟု တာခ်ီလိတ္ ဒုတိယၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴး ဦးမင္းေအာင္က ေျပာသည္။

လာေရာက္ေပးအပ္လာသည့္ တိုင္ၾကားစာမ်ားအား   စနစ္တက်လက္ခံေပးၿပီး ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္ႏွင့္အတူ လိုက္ပါလာသည့္ တာ၀န္ရွိသူထံ စနစ္တက် လႊဲေျပာင္း ေပးလိုက္ၿပီျဖစ္ေၾကာင္း သိရသည္။

ႏုိင္ငံေတာ္၏ အတုိင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ ျပည္ေထာင္စုဝန္ႀကီးမ်ားပါဝင္သည့္ အဖြဲ႕သည္ ၂၀၁၉ ခုႏွစ္၊ ေဖေဖၚဝါရီလ (၅)ရက္ေန႔ နံနက္ (၈)နာရီခြဲဝန္းက်င္တြင္ ေနျပည္ေတာ္မွ Myanmar National Airlines ေလေၾကာင္းလုိင္းျဖင့္ ရွမ္းျပည္နယ္ အေရွ႕ပိုင္း တာခ်ီလိတ္ၿမိဳ႕သို႔ နံနက္ ( ၉း၃၅ )နာရီက ေရာက္ရိွလာျခင္း ျဖစ္ၿပီး ျပည္ထဲေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဒုတိယဗိုလ္ခ်ဳပ္ႀကီး ေက်ာ္ေဆြ၊ နယ္စပ္ေရးရာဝန္ႀကီး ဒုဗိုလ္ခ်ဳပ္ႀကီး ရဲေအာင္၊ ျပည္ေထာင္စုအစိုးရအဖြဲ႕ရံုးဝန္ႀကီး ဦးမင္းသူႏွင့္ ရဲခ်ဳပ္ ဒုရဲဗိုလ္ခ်ဳပ္ႀကီး ေအာင္ဝင္းဦးတုိ႔ အပါအဝင္ စုစုေပါင္း (၂၇)ဦး လုိက္ပါလာျခင္းျဖစ္ေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕ခရီးစဥ္တြင္ နိုင္ငံေတာ္၏အတုိင္ပင္ခံပုဂၢိဳလ္ဦးေဆာင္သည့္အဖြဲ႕က ေဒသခံလူထုႏွင့္ ေတြ႔ဆံုခဲ့ၿပီး ရွမ္းျပည္နယ္အေရွ႕ပိုင္းရိွ က်ိဳင္းတံု၊ မိုင္းေယာင္း၊ မုိင္းတံုႏွင့္ မုိင္းဆတ္ၿမိဳ႕မ်ားသို႔လည္း သြားေရာက္မည္ျဖစ္ေၾကာင္း ႏွင့္ ထိုမွတဆင့္ ရွမ္းျပည္နယ္ေတာင္ပိုင္း ေတာင္ႀကီးသို႔ သြားေရာက္မည္ ျဖစ္ေၾကာင္း သိရွိရသည္။

Tachileik News Agency


~~~~~~~⊰❂ Unicode Version ~~~~~~~~

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တာချီလိတ်လူထုတွေ့ဆုံပွဲတွင် တိုက်ရိုက် တိုင်ကြားစာများကို ပေးနိုင်ရန်အတွက် တွေ့ဆုံပွဲပြုလုပ်ရာ အောင်မြတ်ခန်းမ၏ အဝင်တွင် တိုင်ကြားစာ လက်ခံရေးဌာန ဖွင့်လှစ်ပေးထားပြီး နံနက်ပိုင်းကနေ တွေ့ဆုံပွဲအပြီး နေ့လည်(၁၁)နာရီ (၄၅)မိနစ်အထိ လက်ခံပေးနေရာ တိုင်ကြားစာ စုစုပေါင်း (၃၇)စောင် လက်ခံရရှိကြောင်း သိရသည်။

“ကျွန်တော်တို့ တိုင်ကြားစာကော်မတီအနေနဲ့ တိုင်ကြားစာ အားလုံးပေါင်းဟာ (၃၀)နဲ့ (၇)စောင် ရရှိပါတယ်၊”ဟု တိုင်ကြားစာလက်ခံရေးကော်မတီအဖွဲ့မှ တာချီလိတ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းအောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တိုင်ကြားစာ၏ အပေါ်ယံအကြောင်းအရာများထဲတွင် မြေယာကိစ္စတော်တော်များများ ပါဝင်သည့်အပြင် ဝန်ထမ်းအကျင့်ပျက်လာဘ်စားမှု၊ အမှုဖွင့်လျှင် ကြန့်ကြာမှု စသည့် အကြောင်းအရာများလည်း တိုင်ကြားစာ (၃၇)စောင်ထဲတွင် ပါဝင်ကြောင်း သိရသည်။

“ဒီမှာတိုင်တဲ့ တိုင်စာကိုပေါ့၊ အတွင်းကတော့ ကျွန်တော်တို့ ဖတ်ပိုင်ခွင့်မရှိပါဘူး၊ အပေါ်ယံ အကြောင်းအရာကိုတော့ သိခွင့်ရတယ်၊ တစ်ချို့ကျတော့လည်း ဘာအကြောင်းအရာရယ်လို့ မပါဘူး၊ တော်တော်များများတော့ ဒီထဲမှာ တပ်သိမ်းမြေကိစ္စ၊ တစ်ချို့မြေယာကိစ္စတွေ ပါပါတယ်၊ နောက် (ဈ)ကိစ္စပေါ့၊ တော်တော်များများကတော့ မြေယာကိစ္စများပါတယ်၊”ဟု တာချီလိတ် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမင်းအောင်က ပြောသည်။

လာရောက်ပေးအပ်လာသည့် တိုင်ကြားစာများအား စနစ်တကျလက်ခံပေးပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ လိုက်ပါလာသည့် တာဝန်ရှိသူထံ စနစ်တကျ လွှဲပြောင်း ပေးလိုက်ပြီဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်ထောင်စုဝန်ကြီးများပါဝင်သည့် အဖွဲ့သည် ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၅)ရက်နေ့ နံနက် (၈)နာရီခွဲဝန်းကျင်တွင် နပြေည်တော်မှ Myanmar National Airlines လေကြောင်းလိုင်းဖြင့် ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့သို့ နံနက် ( ၉း၃၅ )နာရီက ရောက်ရှိလာခြင်း ဖြစ်ပြီး ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ နယ်စပ်ရေးရာဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ရဲအောင်၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီး ဦးမင်းသူနှင့် ရဲချုပ် ဒုရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦးတို့ အပါအဝင် စုစုပေါင်း (၂၇)ဦး လိုက်ပါလာခြင်းဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့ခရီးစဉ်တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဦးဆောင်သည့်အဖွဲ့က ဒေသခံလူထုနှင့် တွေ့ဆုံခဲ့ပြီး ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ ကျိုင်းတုံ၊ မိုင်းယောင်း၊ မိုင်းတုံနှင့် မိုင်းဆတ်မြို့များသို့လည်း သွားရောက်မည်ဖြစ်ကြောင်း နှင့် ထိုမှတဆင့် ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးသို့ သွားရောက်မည် ဖြစ်ကြောင်း သိရှိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~