တာခ်ီလိတ္ၿမိဳ႕နယ္အတြင္း ႏွစ္ႏုိင္ငံနယ္နိမိတ္ မယ္ဆိုင္ေခ်ာင္း ေျမထိန္းနံရံမ်ား ဇြန္လကုန္အၿပီးသတ္ တည္ေဆာက္မည္

တာခ်ီလိတ္ၿမိဳ႕နယ္အတြင္း ႏွစ္ႏုိင္ငံနယ္နိမိတ္ မယ္ဆိုင္ေခ်ာင္း ေျမထိန္းနံရံမ်ား ဇြန္လကုန္အၿပီးသတ္ တည္ေဆာက္မည္
ဖေဖော်ဝါရီ 27, 2019
By Tachileik News Agency
ျမန္မာ - ထုိင္းနယ္စပ္ နယ္နမိတ္ျဖစ္သည့္ မယ္ဆုိင္ေခ်ာင္းေရတစ္ေလွ်ာက္ တာခ်ီလိတ္ၿမိဳ႕နယ္အတြင္း ေရတုိက္စားခံေနရသည့္ ေနရာမ်ားတြင္ ေျမထိန္းနံရံတည္ေဆာက္ျခင္းကို ၂၀၁၉ ခုႏွစ္၊ ဇြန္လကုန္တြင္ အၿပီး တည္ေဆာက္မည္ျဖစ္ေၾကာင္း သိရသည္။

“ေလာေလာဆယ္ (၃) ခုဗ်။ အခုတင္ဒါလုပ္ၿပီးတာက BRP (၃၉၇၊ ၃၉၅)၊ BRP (၃၃၉) စြတ္ဆိုင္၊ BRP (၃၁၂) ေ၀ေဟလန္ေပါ့။ လက္ရိွလုပ္ငန္းေဆာင္ရြက္ေနတာ။ လုပ္ငန္းအားလံုးကို ဇြန္လအကုန္ ခန္႔မွန္း ထားတယ္”ဟု ေျမထိန္းနံရံ တည္ေဆာက္ေရးလုပ္ငန္းတာ၀န္ခံ ရွမ္းျပည္နယ္ေရအရင္းအျမစ္ႏွင့္ ျမစ္ေခ်ာင္းမ်ား ဖြံ႕ၿဖိဳးတိုးတက္ေရးဦးစီးဌာနမွ လက္ေထာက္ညႊန္ၾကားေရးမွဴး ဦးညီညီက တာခ်ီလိတ္သတင္း ေအဂ်င္စီသို႔ ေျပာသည္။

တာခ်ီလိတ္ၿမိဳ႕နယ္၊ ရန္ေအာင္ေျမရပ္ကြက္အတြင္းရိွ BRP (၃၉၇၊ ၃၉၅) ငွက္ေပ်ာဆိပ္ မယ္ဆိုင္ေခ်ာင္း ကမ္းၿပိဳကာကြယ္ ေရးလုပ္ငန္း ေပ (၆၀၀) အတြက္ ခြင့္ျပဳေငြက်ပ္သန္း (၂၂၁.၃၉၀)၊ စြပ္ဆိုင္လမ္းဆံု BRP(339) အနီး မယ္ေဟာက္ေခ်ာင္း ကမ္းၿပိဳကာကြယ္ေရးလုပ္ငန္း ေပ (၁၂၀၀) အတြက္ ခြင့္ျပဳေငြ က်ပ္သန္းေပါင္း (၄၄၂.၄၂၀)၊ BPR (၃၁၂) ေ၀ေလလန္ရြာအနီး မယ္ေဟာက္ေခ်ာင္း ကမ္းၿပိဳကာကြယ္ေရး လုပ္ငန္း ေပ (၇၀၀) အတြက္ ခြင့္ျပဳရန္ပံုေငြက်ပ္သန္း (၂၅၈.၁၁၀)တို႔ျဖင့္ ေဆာင္ရြက္ေနၿပီး ၂၀၁၈-၁၉ ဘ႑ာေရးႏွစ္ ျပည္နယ္အစိုးရ ရန္ပံုေငြျဖင့္ လုပ္ငန္းမ်ားေဆာင္ရြက္ ေနျခင္းျဖစ္ေၾကာင္း သိရသည္။

ႏိုင္ငံနယ္နိမိတ္မ်ားတိုင္းတာ သတ္မွတ္ရာတြင္ ႏွစ္ႏိုင္ငံၾကားရိွ ျမစ္၊ ေခ်ာင္းမ်ားမွ ေရစီးေၾကာင္း အလယ္ကိုယူကာ နယ္နိမိတ္သတ္မွတ္ျခင္းျဖစ္ရာတြင္ ကမ္းပါးၿပိဳမႈကိုကာကြယ္ႏိုင္ျခင္းမရိွပါက ႏိုင္ငံပိုင္ေျမမ်ားဆံုးရံႈးမည္ျဖစ္သျဖင့္ နယ္နမိတ္ ျမစ္၊ ေခ်ာင္းကမ္းပါးမ်ား ထိန္းသိမ္းကာကြယ္ေရးမွာ အေရးႀကီးေသာကိစၥတစ္ခုျဖစ္ၿပီး ႏွစ္ႏိုင္ငံဆက္ဆံေရးမထိခိုက္ေစေရး ညိႇႏိႈင္းေဆာင္ရြက္မႈမ်ားလည္း လုပ္ေဆာင္ေနရေၾကာင္း ပိုု႔ေဆာင္ေရးႏွင့္ ဆက္သြယ္ေရး၀န္ႀကီးဌာန ျပည္ေထာင္စု၀န္ႀကီး ဦးသန္႔စင္ေမာင္က ေဖေဖာ္၀ါရီ (၂၄) ရက္ေန႔ တာခ်ီလိတ္ၿမိဳ႕ ခရီးစဥ္တြင္ ေျပာၾကားသည္။

သတင္း - ဟန္စိုးထုိက္
ဓါတ္ပံု - ေက်ာ္ဇင္ဟိန္း


~~~~~~~~⊰❂ Unicode Version ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ် နယ်နမိတ်ဖြစ်သည့် မယ်ဆိုင်ချောင်းရေတစ်လျှောက် တာချီလိတ်မြို့နယ်အတွင်း ရေတိုက်စားခံနေရသည့် နေရာများတွင် မြေထိန်းနံရံတည်ဆောက်ခြင်းကို ၂၀၁၉ ခုနှစ်၊ ဇွန်လကုန်တွင် အပြီး တည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။

“လောလောဆယ် (၃) ခုဗျ။ အခုတင်ဒါလုပ်ပြီးတာက BRP (၃၉၇၊ ၃၉၅)၊ BRP (၃၃၉) စွတ်ဆိုင်၊ BRP (၃၁၂)ေဝဟေလန်ပေါ့။ လက်ရှိလုပ်ငန်းဆောင်ရွက်နေတာ။ လုပ်ငန်းအားလုံးကို ဇွန်လအကုန် ခန့်မှန်း ထားတယ်”ဟု မြေထိန်းနံရံ တည်ဆောက်ရေးလုပ်ငန်းတာဝန်ခံ ရှမ်းပြည်နယ်ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးညီညီက တာချီလိတ်သတင်း အေဂျင်စီသို့ ပြောသည်။

တာချီလိတ်မြို့နယ်၊ ရန်အောင်မြေရပ်ကွက်အတွင်းရှိ BRP (၃၉၇၊ ၃၉၅) ငှက်ပျောဆိပ် မယ်ဆိုင်ချောင်း ကမ်းပြိုကာကွယ် ရေးလုပ်ငန်း ပေ (၆၀၀) အတွက် ခွင့်ပြုငွေကျပ်သန်း (၂၂၁.၃၉၀)၊ စွပ်ဆိုင်လမ်းဆုံ BRP(339) အနီး မယ်ဟောက်ချောင်း ကမ်းပြိုကာကွယ်ရေးလုပ်ငန်း ပေ (၁၂၀၀) အတွက် ခွင့်ပြုငွေ ကျပ်သန်းပေါင်း (၄၄၂.၄၂၀)၊ BPR (၃၁၂)ေဝလေလန်ရွာအနီး မယ်ဟောက်ချောင်း ကမ်းပြိုကာကွယ်ရေး လုပ်ငန်း ပေ (၇၀၀) အတွက် ခွင့်ပြုရန်ပုံငွေကျပ်သန်း (၂၅၈.၁၁၀)တို့ဖြင့် ဆောင်ရွက်နပြေီး ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရ ရန်ပုံငွဖြေင့် လုပ်ငန်းများဆောင်ရွက် နခြေင်းဖြစ်ကြောင်း သိရသည်။

နိုင်ငံနယ်နိမိတ်များတိုင်းတာ သတ်မှတ်ရာတွင် နှစ်နိုင်ငံကြားရှိ မြစ်၊ ချောင်းများမှ ရေစီးကြောင်း အလယ်ကိုယူကာ နယ်နိမိတ်သတ်မှတ်ခြင်းဖြစ်ရာတွင် ကမ်းပါးပြိုမှုကိုကာကွယ်နိုင်ခြင်းမရှိပါက နိုင်ငံပိုင်မြေများဆုံးရှုံးမည်ဖြစ်သဖြင့် နယ်နမိတ် မြစ်၊ ချောင်းကမ်းပါးများ ထိန်းသိမ်းကာကွယ်ရေးမှာ အရေးကြီးသောကိစ္စတစ်ခုဖြစ်ပြီး နှစ်နိုင်ငံဆက်ဆံရေးမထိခိုက်စေရေး ညှိနှိုင်းဆောင်ရွက်မှုများလည်း လုပ်ဆောင်နေရကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ဖေဖော်ဝါရီ (၂၄) ရက်နေ့ တာချီလိတ်မြို့ ခရီးစဉ်တွင် ပြောကြားသည်။

သတင်း - ဟန်စိုးထိုက်
ဓာတ်ပုံ - ကျော်ဇင်ဟိန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~