တာခ်ီလိတ္တြင္ ထုိင္းႏုိင္ငံသားတစ္ဦး ေသနတ္ျဖင့္ ပစ္သတ္ခံရမႈႏွင့္ပတ္သက္၍ စံုစမ္းရာမွ ဒုတိယေျမာက္ ထိုင္းႏုိင္ငံသားတစ္ဦးကို မူးယစ္ေဆး၀ါးမ်ားျဖင့္ ဖမ္းဆီးရမိ

တာခ်ီလိတ္တြင္ ထုိင္းႏုိင္ငံသားတစ္ဦး ေသနတ္ျဖင့္ ပစ္သတ္ခံရမႈႏွင့္ပတ္သက္၍ စံုစမ္းရာမွ ဒုတိယေျမာက္ ထိုင္းႏုိင္ငံသားတစ္ဦးကို မူးယစ္ေဆး၀ါးမ်ားျဖင့္ ဖမ္းဆီးရမိ
ဖေဖော်ဝါရီ 9, 2019
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕တြင္ ထုိင္းႏုိင္ငံသားတစ္ဦး ပစ္သတ္ခံရမႈႏွင့္ပတ္သက္၍ စံုစမ္းရာမွ ဒုတိယေျမာက္ ထိုင္းနုိင္ငံသားတစ္ဦးကို စိတ္ၾကြေဆးျပားမ်ားႏွင့္အတူ ၂၀၁၉ ခုႏွစ္၊ ေဖေဖၚဝါရီလ (၉)ရက္ေန႔ နံနက္(၁၁)နာရီေက်ာ္တြင္ ဖမ္းဆီးရမိေၾကာင္း သိရသည္။

ဆန္ဆုိင္း(က)ရပ္ကြက္အတြင္းရွိ စႏူကာဆုိင္အား ရဲတပ္ဖြဲ႕က ဝင္ေရာက္စစ္ေဆးရာ ထုိင္းႏုိင္ငံသား Auttapol ကို ေတြ႔ရၿပီး ၎၏ အိပ္ယာေအာက္မွ စိတ္ၾကြေဆးျပား (၁၈၀)ျပားကို ရွာေဖြ ေတြ႔ရိွရျခင္း ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ထုိင္းႏုိင္ငံသားသည္ တရားဝင္ဗီဇာျဖင့္ လာေရာက္ေနထုိင္သူျဖစ္ေၾကာင္းသိရၿပီး ဗီဇာစည္းကမ္းေဖါက္ဖ်က္သည့္ အတြက္ လဝကအက္ဥပေဒျဖင့္ပါ အေရးယူႏုိင္ရန္ ဆက္လက္ စစ္ေဆးေနေၾကာင္း သိရသည္။

ဆန္ဆုိင္း(ခ)ရပ္ကြက္တြင္ ေဖေဖၚဝါရီလ(၈)ရက္ေန႔ ညပိုင္းက ထုိင္းႏုိင္ငံသားတစ္ဦးအား ေသနတ္ျဖင့္ ပစ္သတ္သြားမႈျဖစ္ပြားရာ အနီးဝန္းက်င္အား စံုစမ္းစစ္ေဆးရာမွ ထုိင္းႏုိင္ငံသားတစ္ဦးကို ေတြ႔ရသျဖင့္ စစ္ေမးရာမွ ၎ေနထုိင္ရာ ေနအိမ္ခန္းတြင္းရိွ မူးယစ္ေဆးဝါးမ်ားကို ဖမ္းဆီးရမိခဲ့ၿပီး Auttapol သည္ မူးယစ္ေဆးျဖင့္ ဒုတိယေျမာက္ ဖမ္းဆီးရမိသည့္ ထုိင္းႏုိင္ငံသားျဖစ္သည္။

Auttapol ကို တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္မယ(ပ)၁၈/၂၀၁၉၊ မူး/စိတ္ပုဒ္မ ၁၉(က)ျဖင့္ အမႈဖြင့္ စစ္ေဆးေနေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕တြင္ (၁၈)ရက္တာကာလအတြင္း ေသနတ္ပစ္မႈ (၃)ႀကိမ္ျဖစ္ပြားခဲ့ရာ ထုိင္းႏုိင္ငံသားတစ္ဦး အပါအဝင္ (၂)ဦး ေသဆံုး၊ (၁)ဦးဒဏ္ရာရသြားခဲ့ၿပီး ပစ္ခတ္မႈ က်ဴးလြန္ခဲ့သည့္ ထုိင္းႏုိင္ငံသားတစ္ဦး အပါအဝင္ က်ဴးလြန္သူအားလံုး လြတ္ေျမာက္ေနဆဲျဖစ္သည္။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် ထိုင်းနိုင်ငံသားတစ်ဦး ပစ်သတ်ခံရမှုနှင့်ပတ်သက်၍ စုံစမ်းရာမှ ဒုတိယမြောက် ထိုင်းနိုင်ငံသားတစ်ဦးကို စိတ်ကြွဆေးပြားများနှင့်အတူ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၉)ရက်နေ့ နံနက်(၁၁)နာရီကျော်တွင် ဖမ်းဆီးရမိကြောင်း သိရသည်။

ဆန်ဆိုင်း(က)ရပ်ကွက်အတွင်းရှိ စနူကာဆိုင်အား ရဲတပ်ဖွဲ့က ဝင်ရောက်စစ်ဆေးရာ ထိုင်းနိုင်ငံသား Auttapol ကို တွေ့ရပြီး၎င်း၏ အိပ်ယာအောက်မှ စိတ်ကြွဆေးပြား (၁၈၀)ပြားကို ရှာဖွေ တွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ထိုင်းနိုင်ငံသားသည် တရားဝင်ဗီဇာဖြင့် လာရောက်နေထိုင်သူဖြစ်ကြောင်းသိရပြီး ဗီဇာစည်းကမ်းဖောက်ဖျက်သည့် အတွက် လဝကအက်ဥပဒဖြေင့်ပါ အရေးယူနိုင်ရန် ဆက်လက် စစ်ဆေးနေကြောင်း သိရသည်။

ဆန်ဆိုင်း(ခ)ရပ်ကွက်တွင် ဖေဖော်ဝါရီလ(၈)ရက်နေ့ ညပိုင်းက ထိုင်းနိုင်ငံသားတစ်ဦးအား သေနတ်ဖြင့် ပစ်သတ်သွားမှုဖြစ်ပွားရာ အနီးဝန်းကျင်အား စုံစမ်းစစ်ဆေးရာမှ ထိုင်းနိုင်ငံသားတစ်ဦးကို တွေ့ရသဖြင့် စစ်မေးရာမှ၎င်းနေထိုင်ရာ နေအိမ်ခန်းတွင်းရှိ မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိခဲ့ပြီး Auttapol သည် မူးယစ်ဆေးဖြင့် ဒုတိယမြောက် ဖမ်းဆီးရမိသည့် ထိုင်းနိုင်ငံသားဖြစ်သည်။

Auttapol ကို တာချီလိတ်မြို့မရဲစခန်းတွင်မယ(ပ)၁၈/၂၀၁၉၊ မူး/စိတ်ပုဒ်မ ၁၉(က)ဖြင့် အမှုဖွင့် စစ်ဆေးနေကြောင်း သိရသည်။

တာချီလိတ်မြို့တွင် (၁၈)ရက်တာကာလအတွင်း သေနတ်ပစ်မှု (၃)ကြိမ်ဖြစ်ပွားခဲ့ရာ ထိုင်းနိုင်ငံသားတစ်ဦး အပါအဝင် (၂)ဦး သေဆုံး၊ (၁)ဦးဒဏ်ရာရသွားခဲ့ပြီး ပစ်ခတ်မှု ကျူးလွန်ခဲ့သည့် ထိုင်းနိုင်ငံသားတစ်ဦး အပါအဝင် ကျူးလွန်သူအားလုံး လွတ်မြောက်နေဆဲဖြစ်သည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~