မြစ်သားမြို့တွင် ဖွဲ့စည်းပုံအခြေခံပြင်ဆင်ရေးအတွက် စတစ်ကာကမ်ပိန်းပြုလုပ်
မြစ်သားမြို့တွင် ဖွဲ့စည်းပုံအခြေခံပြင်ဆင်ရေးအတွက် စတစ်ကာကမ်ပိန်းပြုလုပ်
ဖေဖော်ဝါရီ 2, 2019
By Tachileik News Agency
“လွှတ်တော်မှာ ဖွဲ့စည်းပုံအခြေခံပြင်ဖို့ အဖွဲ့ ဖွဲ့ဖို့အဆိုကို တင်တော့ ကျွန်တော်တို့ ပြည်သူတွေအနေနဲ့ ပါဝင်သင့်တယ် ထင်လို့ ကျွန်တော်တို့ အဖွဲ့အစည်းတွေ၊ ပါတီတွေ ကိုယ်စားပြုတာမဟုတ်ဘဲနဲ့ ကျွန်တော်တို့ မြို့နေပြည်သူတွေ စိတ်ဝင်စားတဲ့သူတွေ စုပေါင်းပြီးတော့ ဒီကမ်ပိန်းလေးလုပ်တာပေါ့”ဟု အဆိုပါ ကမ်ပိန်းကို ဦးဆောင်ပြုလုပ်ခဲ့သည့် စံတော်ဦးကိုယ်ပိုင် အထက်တန်းကျောင်းမှ ဦးစံသော်ထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီတစ်ရပ်ကို သင့်လျော်သည့် အချိန်တွင်  ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းရန် ပြည်ထောင်စု လွှတ်တော်သို့ တိုက်တွန်းကြောင်း အဆိုကို မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၄) မှ ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က အရေးကြီးအဆိုတစ်ရပ်ကို ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၂၉) ရက်နေ့တွင် ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေး၌ အဆိုတင်သွင်းခဲ့ပြီး အဆိုအောင်မြင်ခဲ့ခြင်းဖြစ်သည်။
သတင်း - ဟန်စိုးထိုက်
~~~~~~~~⊰❂ Unicode Version ~~~~~~~~
မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့တွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် စတစ်ကာ ကမ်ပိန်းတစ်ရပ်ကို ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့ နံနက် (၈) နာရီမှ (၁၁) နာရီအထိ ပြုလုပ်ခဲ့ကြောင်း သိရသည်။
“လွှတ်တော်မှာ ဖွဲ့စည်းပုံအခြေခံပြင်ဖို့ အဖွဲ့ ဖွဲ့ဖို့အဆိုကို တင်တော့ ကျွန်တော်တို့ ပြည်သူတွေအနေနဲ့ ပါဝင်သင့်တယ် ထင်လို့ ကျွန်တော်တို့ အဖွဲ့အစည်းတွေ၊ ပါတီတွေ ကိုယ်စားပြုတာမဟုတ်ဘဲနဲ့ ကျွန်တော်တို့ မြို့နပြေည်သူတွေ စိတ်ဝင်စားတဲ့သူတွေ စုပေါင်းပြီးတော့ ဒီကမ်ပိန်းလေးလုပ်တာပေါ့”ဟု အဆိုပါ ကမ်ပိန်းကို ဦးဆောင်ပြုလုပ်ခဲ့သည့် စံတော်ဦးကိုယ်ပိုင် အထက်တန်းကျောင်းမှ ဦးစံသော်ထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
အဆိုပါ စတစ်ကာကမ်ပိန်းကို မြစ်သားဈေးအနီး၊ ဗိုလ်ချုပ်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ်ရှေ့နှင့် မန္တလေး-မြင်းခြံလမ်းပေါ်ရှိ မြစ်သားဆိုင်းဘုတ်အနီး နေရာ (၃) ခုတွင် စိတ်ပါဝင်စားသူ (၁၅) ဦးနှင့် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ဆိုင်ကယ်၊ ကားနှင့် ထော်လာဂျီများတွင် စတစ်ကာ (၁၀၀၀) ကျော်ကပ်ပေးခဲ့ကြောင်း သိရသည်။
“စိတ်ဝင်စားတဲ့လူငယ်တွေ စုလုပ်တာပါ။ ပါတီထဲက စိတ်ဝင်စားတဲ့သူတွေဆိုလည်း ကိုယ့်ရဲ့ ပါတီဝတ်စုံ မဝတ်ခဲ့ဖို့”ဟု အဆိုပါလှုပ်ရှားမှုတွင် ပါဝင်ခဲ့သူ မြို့ခံ ဒေါ်အေးအေးမြင့်က ပြောသည်။
အဆိုပါ စတစ်ကာကမ်ပိန်းကိုပြုလုပ်ရခြင်းမှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြည်သူများ စိတ်ဝင်စားမှုရှိစေရန် ပြုလုပ်ခြင်းဖြစ်သည်ဟု ဆိုသည်။
“တစ်ချို့ကလည်း စတစ်ကာကပ်တော့ ဒီတိုင်းပဲပေါ့။ တစ်ချို့ကကြ စိတ်ဝင်စားပြီး မေးကြတယ်ပေါ့။ ဘာလဲပေါ့။ သာမန်ပြည်သူတွေက ဖွဲ့စည်းပုံအခြေခံဥပဒေလို့ ပြောလိုက်ရင် စိတ်ဝင်စားမှု နည်းတယ်လေ။ လူတိုင်းသိသင့်ပြီး ပါဝင်သင့်တယ်ထင်လို့ လုပ်လိုက်တာပါဗျ”ဟု ဦးစံသော်ထွန်းက ပြောသည်။
ဖွဲ့စည်းပုံ အခြေခံဥပဒပြေင်ဆင်ရေး ပူးပေါင်းကော်မတီတစ်ရပ်ကို သင့်လျော်သည့် အချိန်တွင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းရန် ပြည်ထောင်စု လွှတ်တော်သို့ တိုက်တွန်းကြောင်း အဆိုကို မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၄) မှ ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က အရေးကြီးအဆိုတစ်ရပ်ကို ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၂၉) ရက်နေ့တွင် ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေး၌ အဆိုတင်သွင်းခဲ့ပြီး အဆိုအောင်မြင်ခဲ့ခြင်းဖြစ်သည်။
သတင်း - ဟန်စိုးထိုက်
ဓာတ်ပုံ - မိုးမိုးခိုင်
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~