ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးအတွက် အမည်စာရင်းပေးသွင်းရန် ကျန်ရှိသူများ အမည်စာရင်းပေးသွင်းလာ
ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးအတွက် အမည်စာရင်းပေးသွင်းရန် ကျန်ရှိသူများ အမည်စာရင်းပေးသွင်းလာ
ဖေဖော်ဝါရီ 21, 2019
By Tachileik News Agency
ဖွဲ့စည်းပုံအခြေခံ ဥပဒေ ၂၀၀၈ ပြင်ဆင်ရေးပူးပေါင်းကော်မတီတွင် အမည်စာရင်းပေးသွင်းရန် ကျန်ရှိနေသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနှင့် တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ် အစုအဖွဲ့တို့က အမည်စာရင်းပေးသွင်းလာပြီဖြစ်ကြောင်း ၂၀၁၉ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၂၁)ရက်နေ့က ပြည်ထောင်စုလွှတ်တော်ရုံး၏ အမိန့်ကြေငြာစာအရ သိရသည်။
လွှတ်တော်အတွင်းရှိ နိုင်ငံရေးပါတီ (၁၄)ခု၊ တပ်မတော်သားကိုယ်စားလှယ်များအစုအဖွဲ့နှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်များအနေဖြင့် ၂၀၁၉ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၄)ရက်နေ့ နောက်ဆုံးထား၍ မိမိတို့ ပါတီကိုယ်စားပြု ကိုယ်စားလှယ် အမည်စာရင်းများကို လွှတ်တော်နာယကထံ ပေးသွင်းစေရာတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ တပ်မတော်သားကိုယ်စားလှယ်များအစုအဖွဲ့တို့က အမည်စာရင်း ပေးသွင်းခဲ့ခြင်းမရှိကြောင်း သိရသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပြင်ဆင်ရေးလုပ်ငန်းများကို ဆောလျင်စွာ ဆောင်ရွက်နိုင်ရေး အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးပူးပေါင်းကော်မတီတစ်ရပ်ကို သင့်လျော်သည့် ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းရန် ပြည်ထောင်စုလွှတ်တော်သို့ တိုက်တွန်းကြောင်း အဆိုကို ဒုတိယအကြိမ်ပြည်ထောင်စုလွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး တတိယနေ့အဖြစ် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၂၉)ရက်နေ့က မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၄) မှ ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က အရေးကြီး အဆိုတစ်ရပ် တင်သွင်းခဲ့ခြင်းဖြစ်သည်။
Tachileik News Agency
~~~~~~~~⊰❂ Unicode Version ~~~~~~~~
ဖွဲ့စည်းပုံအခြေခံ ဥပဒေ ၂၀၀၈ ပြင်ဆင်ရေးပူးပေါင်းကော်မတီတွင် အမည်စာရင်းပေးသွင်းရန် ကျန်ရှိနေသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနှင့် တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ် အစုအဖွဲ့တို့က အမည်စာရင်းပေးသွင်းလာပြီဖြစ်ကြောင်း ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၁)ရက်နေ့က ပြည်ထောင်စုလွှတ်တော်ရုံး၏ အမိန့်ကြငြောစာအရ သိရသည်။
ဖွဲ့စည်းပုံအခြေခံ ဥပဒေ ၂၀၀၈ ပြင်ဆင်ရေးပူးပေါင်းကော်မတီကို ဥက္ကဌ၊ ဒုတိယဥက္ကဌနှင့် အဖွဲ့ဝင် စုစုပေါင်း (၄၅)ဦးဖြင့် ဖွဲ့စည်း တာဝန်ပေးအပ်ခြင်း အမိန့်ကြေညာစာ မူကြမ်းကို ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၉)ရက်နေ့တွင် ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ပြီး အတည်ပြု နိုင်ခဲ့ခြင်းဖြစ်သည်။
လွှတ်တော်အတွင်းရှိ နိုင်ငံရေးပါတီ (၁၄)ခု၊ တပ်မတော်သားကိုယ်စားလှယ်များအစုအဖွဲ့နှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်များအနဖြေင့် ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၄)ရက်နေ့ နောက်ဆုံးထား၍ မိမိတို့ ပါတီကိုယ်စားပြု ကိုယ်စားလှယ် အမည်စာရင်းများကို လွှတ်တော်နာယကထံ ပေးသွင်းစေရာတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ တပ်မတော်သားကိုယ်စားလှယ်များအစုအဖွဲ့တို့က အမည်စာရင်း ပေးသွင်းခဲ့ခြင်းမရှိကြောင်း သိရသည်။
“ပထမအကြိမ်လွှတ်တော်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေလေ့လာသုံးသပ်ရေးပူးပေါင်းကော်မတီကို အဖွဲ့ဝင် (၁၀၉)ဦးဖြင့် ဖွဲ့စည်းဆောင်ရွက်ခဲ့ရာတွင် ယင်းကော်မတီသည် ပါဝင်သည့်ကိုယ်စားလှယ်ဦးရေ များပြားလွန်းခြင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒပြေင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှုကော်မတီကို အဖွဲ့ဝင် (၃၁)ဦးဖြင့် ထပ်ဆင့်ဖွဲ့စည်းရာတွင် အဖွဲ့ဝင်ဦးရေနည်းပါး၍ လုပ်ငန်းဆောင်ရွက်ချက်များ နှောင့်နှေး ခဲ့ရခြင်းများကြောင့် ပထမအကြိမ်လွှတ်တော်ကာလအတွင်း ဖွဲ့စည်းပုံပြင်ဆင်ရေး အဆိုတင်သွင်းသည်မှ ပြည်လုံးကျွတ် ဆန္ဒခံယူသည်အထိ (၂၂)လကြာခဲ့သည်ကို လေ့လာတွေ့ရှိရပါသည်။ သို့ဖြစ်၍ မနည်းလွန်း၊ မများလွန်းသည့် ကိုယ်စားလှယ် (၄၅)ဦးဖြင့် ဖွဲ့စည်းဆောင်ရွက်သွားမှာဖြစ်ပါတယ်”ဟု ပြည်ထောင်စု လွှတ်တော် ဒုတိယ နာယက ဦးထွန်းထွန်းဟိန်က ပြည်ထောင်စုလွှတ်တော်တွင် တင်ပြသည်။
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး အဋ္ဌမနေ့ဖြစ်သည့် ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၉)ရက်နေ့တွင် အဆိုပါအမိန့်ကြေညာစာမူကြမ်းကို အတည်ပြုနိုင်ရေးအတွက် လွှတ်တော်သဘောထား ရယူရာတွင် ကန့်ကွက်သူများရှိသဖြင့် စက်ခလုတ်နှိပ်မဲခွဲဆုံးဖြတ်ခဲ့ရာ မဲပေးပိုင်ခွင့်ရှိသူ (၅၉၄)ဦးတွင် ထောက်ခံမဲ (၃၈၉)မဲ၊ ကန့်ကွက်မဲ (၁၉၂)မဲ၊ ကြားနေမဲ (၃)မဲဖြင့် အတည်ပြုနိုင်ခဲ့ခြင်းဖြစ်သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပြင်ဆင်ရေးလုပ်ငန်းများကို ဆောလျင်စွာ ဆောင်ရွက်နိုင်ရေး အတွက် ဖွဲ့စည်းပုံအခြေခံဥပဒပြေင်ဆင်ရေးပူးပေါင်းကော်မတီတစ်ရပ်ကို သင့်လျော်သည့် ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းရန် ပြည်ထောင်စုလွှတ်တော်သို့ တိုက်တွန်းကြောင်း အဆိုကို ဒုတိယအကြိမ်ပြည်ထောင်စုလွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး တတိယနေ့အဖြစ် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၂၉)ရက်နေ့က မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၄) မှ ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က အရေးကြီး အဆိုတစ်ရပ် တင်သွင်းခဲ့ခြင်းဖြစ်သည်။
ယင်းအဆိုကို ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၁)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ပဉ္စမနေ့ဖြစ်သည့် ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၅)ရက်နေ့က လွှတ်တော်ကိုယ်စားလှယ် (၃၆)ဦး ဆွေးနွေးခဲ့ကြပြီး ဖေဖော်ဝါရီလ (၆) ရက်နေ့က စက်ခလုတ်နှိပ်၍ မဲခွဲဆုံးဖြတ်ရာ ထောက်ခံမဲ(၄၁၄)မဲ၊ ကန့်ကွက်မဲ(၁၉၁)မဲနှင့် ကြားနေမဲ(၆)မဲဖြင့် အတည်ပြုခဲ့ခြင်းဖြစ်သည်။
Tachileik News Agency
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~