တာခ်ီလိတ္၌ က်င္းပေနသည့္ ဗိုလ္ခ်ဳပ္ေအာင္ဆန္း၏ ေမြးေန႔အထိမ္းအမွတ္ ေဆးေရာင္ျခယ္ၿပိဳင္ပြဲတြင္ ၿမိဳ႕ေပၚေက်ာင္း (၆)ေက်ာင္းမွ ေက်ာင္းသား ေက်ာင္းသူ (၁၈)ဦး ပါ၀င္ယွဥ္ၿပိဳင္

တာခ်ီလိတ္၌ က်င္းပေနသည့္ ဗိုလ္ခ်ဳပ္ေအာင္ဆန္း၏ ေမြးေန႔အထိမ္းအမွတ္ ေဆးေရာင္ျခယ္ၿပိဳင္ပြဲတြင္ ၿမိဳ႕ေပၚေက်ာင္း (၆)ေက်ာင္းမွ ေက်ာင္းသား ေက်ာင္းသူ (၁၈)ဦး ပါ၀င္ယွဥ္ၿပိဳင္
ဖေဖော်ဝါရီ 12, 2019
By Tachileik News Agency

ေဖေဖာ္၀ါရီလ(၁၃)ရက္ေန႔တြင္ က်ေရာက္မည့္ ဗိုလ္ခ်ဳပ္ေအာင္ဆန္း၏ ေမြးေန႔အထိမ္းအမွတ္အျဖစ္ တာခ်ီလိတ္ခရိုင္ ျပန္ၾကားေရးႏွင့္ျပည္သူ႔ဆက္ဆံေရးရံုးရွိ Community Centre တြင္ ေဆးေရာင္ျခယ္ ၿပိဳင္ပြဲအား ၂၀၁၉ခုႏွစ္ ေဖေဖာ္၀ါရီလ(၁၂)ရက္ေန႔ ေန႔လယ္(၁)နာရီအခ်ိန္က က်င္းပ ျပဳလုပ္ရာ ၿမိဳ႕ေပၚ ေက်ာင္း(၆)ေက်ာင္းမွ ေက်ာင္းသား၊ ေက်ာင္းသူ (၁၈)ဦး ပါ၀င္ ယွဥ္ၿပိဳင္ေနၾကေၾကာင္း သိရသည္။

အဆိုပါ ၿပိဳင္ပြဲတြင္ အေျခခံပညာအထက္တန္းေက်ာင္း(တာခ်ီလိတ္)မွ ေက်ာင္းသား၊ ေက်ာင္းသူ (၄)ဦး၊ အေျခခံပညာအထက္တန္းေက်ာင္း(ဆန္ဆိုင္း)မွ (၄)ဦး၊ အေျခခံပညာအထက္တန္းေက်ာင္း(ေဟာင္လိတ္)မွ (၄)ဦး၊ အေျခခံပညာအထက္တန္းေက်ာင္းခြဲ(ပုန္းထြန္)မွ (၂)ဦး၊ အေျခခံပညာအလယ္တန္းေက်ာင္း(တာေလာ့)မွ (၂)ဦး၊ အေျခခံပညာအလယ္တန္းေက်ာင္းမွ (၂)ဦး စုစုေပါင္း (၁၈)ဦးမွ ပါ၀င္ယွဥ္ၿပိဳင္ၾကရာ တာခ်ီလိတ္ ဒုတိယၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးမင္းေအာင္၊ ခရိုင္စီမံခန္႔ခြဲမႈေကာ္မတီ၀င္ ခရိုင္စီမံကိန္း ဦးစီးဌာနမွ ဒုတိယညႊန္ၾကားေရးမွဴး ဦးမင္းသိမ္း၊ စိုက္ပ်ိဳးေရးဦးစီးဌာနမွ တာခ်ီလိတ္ၿမိဳ႕နယ္ဦးစီးမွဴး ဦးစိုင္းခင္ေဇာ္လတ္၊ တာခ်ီလိတ္ခရိုင္ ျပန္ၾကားေရးႏွင့္ျပည္သူ႔ဆက္ဆံေရးဦးစီးဌာနမွ ၿမိဳ႕နယ္ဦးစီးမွဴး ေဒၚခိုင္ခိုင္လင္းႏွင့္ ၀န္ထမ္းမ်ားမွ အနီးကပ္ႀကီးၾကပ္အားေပးခဲ့ၾကသည္။

ၿပိဳင္ပြဲ၀င္ (၁၈)ဦးထဲမွ ဆုရရွိသူ ေက်ာင္းသား ေက်ာင္းသူမ်ားအား ေဖေဖာ္၀ါရီလ(၁၃)ရက္ေန႔တြင္ တာခ်ီလိတ္ၿမိဳ႕ရွိ ေအာင္ျမတ္ခန္းမ၌ က်င္းပျပဳလုပ္မည့္ ဗိုလ္ခ်ဳပ္ေအာင္ဆန္း၏ ေမြးေန႔အထိမ္းအမွတ္ အခမ္းအနားတြင္ ဆုခ်ီးျမႇင့္မည္ျဖစ္ေၾကာင္း သိရသည္။

"ဆုရရွိသူေတြကို နက္ျဖန္ က်င္းပမဲ့ အခမ္းအနားမွာ ကဗ်ာရြတ္ၿပိဳင္ပြဲၿပီးရင္ တခါတည္း ဆုေပးမွာပါ၊ နက္ျဖန္ ည(၆)နာရီမွာေတာ့ ရွမ္းရိုးမကြင္းထဲမွာ ဗိုလ္ခ်ဳပ္ေအာင္ဆန္းနဲ႔ ပတ္သက္တဲ့ ေမာ္ကြန္းရုပ္ရွင္ ကိုလည္း ျပသသြားဖို႔ရွိပါတယ္၊"ဟု တာခ်ီလိတ္ၿမိဳ႕နယ္ျပန္ၾကားေရးႏွင့္ျပည္သူ႔ဆက္ဆံေရးဦးစီးဌာနမွ ဦးစီးမွဴး ေဒၚခိုင္ခိုင္လင္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ေဖေဖာ္၀ါရီလ(၁၃)ရက္ေန႔တြင္ က်ေရာက္မည့္ ဗိုလ္ခ်ဳပ္ေအာင္ဆန္း၏ ေမြးေန႔အထိမ္းအမွတ္ အခမ္းအနားအား တာခ်ီလိတ္ၿမိဳ႕ရွိ ေအာင္ျမတ္ခန္းမ၌ ၂၀၁၉ခုႏွစ္ ေဖေဖာ္၀ါရီလ(၁၃)ရက္ေန႔တြင္ က်င္းပျပဳလုပ္မည္ျဖစ္ၿပီး ဗိုလ္ခ်ဳပ္ေအာင္ဆန္းႏွင့္ ပတ္သက္သည့္ ပန္းခ်ီ၊ ဓါတ္ပံု၊ စာမ်ား၊ စာအုပ္၊ စာေစာင္မ်ားကို ခင္းက်င္းျပသသြားမည္ျဖစ္သည့္ အတြက္ တာခ်ီလိတ္မွ ျပည္သူမ်ားအေနျဖင့္ မည္သူမဆို လာေရာက္ ေလ့လာႏုိင္ေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - ေက်ာ္ဇင္ဟိန္း



~~~~~~~~⊰❂ Unicode Version ~~~~~~~~

ဖေဖော်ဝါရီလ(၁၃)ရက်နေ့တွင် ကျရောက်မည့် ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့အထိမ်းအမှတ်အဖြစ် တာချီလိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးရုံးရှိ Community Centre တွင် ဆေးရောင်ခြယ် ပြိုင်ပွဲအား ၂၀၁၉ခုနှစ် ဖေဖော်ဝါရီလ(၁၂)ရက်နေ့ နေ့လယ်(၁)နာရီအချိန်က ကျင်းပ ပြုလုပ်ရာ မြို့ပေါ် ကျောင်း(၆)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ (၁၈)ဦး ပါဝင် ယှဉ်ပြိုင်နကြေကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲတွင် အခြေခံပညာအထက်တန်းကျောင်း(တာချီလိတ်)မှ ကျောင်းသား၊ ကျောင်းသူ (၄)ဦး၊ အခြေခံပညာအထက်တန်းကျောင်း(ဆန်ဆိုင်း)မှ (၄)ဦး၊ အခြေခံပညာအထက်တန်းကျောင်း(ဟောင်လိတ်)မှ (၄)ဦး၊ အခြေခံပညာအထက်တန်းကျောင်းခွဲ(ပုန်းထွန်)မှ (၂)ဦး၊ အခြေခံပညာအလယ်တန်းကျောင်း(တာလော့)မှ (၂)ဦး၊ အခြေခံပညာအလယ်တန်းကျောင်းမှ (၂)ဦး စုစုပေါင်း (၁၈)ဦးမှ ပါဝင်ယှဉ်ပြိုင်ကြရာ တာချီလိတ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းအောင်၊ ခရိုင်စီမံခန့်ခွဲမှုကော်မတီဝင် ခရိုင်စီမံကိန်း ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးမင်းသိမ်း၊ စိုက်ပျိုးရေးဦးစီးဌာနမှ တာချီလိတ်မြို့နယ်ဦးစီးမှူး ဦးစိုင်းခင်ဇော်လတ်၊ တာချီလိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခိုင်ခိုင်လင်းနှင့် ဝန်ထမ်းများမှ အနီးကပ်ကြီးကြပ်အားပေးခဲ့ကြသည်။

ပြိုင်ပွဲဝင် (၁၈)ဦးထဲမှ ဆုရရှိသူ ကျောင်းသား ကျောင်းသူများအား ဖေဖော်ဝါရီလ(၁၃)ရက်နေ့တွင် တာချီလိတ်မြို့ရှိ အောင်မြတ်ခန်းမ၌ ကျင်းပပြုလုပ်မည့် ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့အထိမ်းအမှတ် အခမ်းအနားတွင် ဆုချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။

"ဆုရရှိသူတွေကို နက်ဖြန် ကျင်းပမဲ့ အခမ်းအနားမှာ ကဗျာရွတ်ပြိုင်ပွဲပြီးရင် တခါတည်း ဆုပေးမှာပါ၊ နက်ဖြန် ည(၆)နာရီမှာတော့ ရှမ်းရိုးမကွင်းထဲမှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပတ်သက်တဲ့ မော်ကွန်းရုပ်ရှင် ကိုလည်း ပြသသွားဖို့ရှိပါတယ်၊"ဟု တာချီလိတ်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်ခိုင်ခိုင်လင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဖေဖော်ဝါရီလ(၁၃)ရက်နေ့တွင် ကျရောက်မည့် ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့အထိမ်းအမှတ် အခမ်းအနားအား တာချီလိတ်မြို့ရှိ အောင်မြတ်ခန်းမ၌ ၂၀၁၉ခုနှစ် ဖေဖော်ဝါရီလ(၁၃)ရက်နေ့တွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် ပတ်သက်သည့် ပန်းချီ၊ ဓာတ်ပုံ၊ စာများ၊ စာအုပ်၊ စာစောင်များကို ခင်းကျင်းပြသသွားမည်ဖြစ်သည့် အတွက် တာချီလိတ်မှ ပြည်သူများအနဖြေင့် မည်သူမဆို လာရောက် လေ့လာနိုင်ကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - ကျော်ဇင်ဟိန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~