ထိုင္းႏုိင္ငံအတြင္း အေၾကာင္းအမ်ဳိးမ်ဳိးေၾကာင့္ ဖမ္းဆီးခံရသည့္ ျမန္မာႏုိင္ငံသားမ်ားအား ေဖေဖာ္၀ါရီလအတြင္း (၁၉၆)ဦးေျမာက္အျဖစ္ (၁၇)ဦး လႊဲေျပာင္းလာ

ထိုင္းႏုိင္ငံအတြင္း အေၾကာင္းအမ်ဳိးမ်ဳိးေၾကာင့္ ဖမ္းဆီးခံရသည့္ ျမန္မာႏုိင္ငံသားမ်ားအား ေဖေဖာ္၀ါရီလအတြင္း (၁၉၆)ဦးေျမာက္အျဖစ္ (၁၇)ဦး လႊဲေျပာင္းလာ
ဖေဖော်ဝါရီ 22, 2019
By Tachileik News Agency

ထိုင္းႏုိင္ငံ၏ ေရြးေကာက္ပြဲကာလအတြင္း ေရႊ႕ေျပာင္းလုပ္သားမ်ားႏွင့္ တရားမ၀င္ ၀င္ေရာက္ လာသူမ်ားအား စစ္ေဆး ဖမ္းဆီးမႈမ်ားရွိလာသည့္ ျဖစ္ရာ ၂၀၁၉ ေဖေဖာ္၀ါရီလ(၂၂)ရက္ေန႔က ျမန္မာႏိုင္ငံသား (၁၇)ဦးအား တာခ်ီလိတ္သို႔ လႊဲေျပာင္းေပးလာရာတြင္ ေဖေဖာ္၀ါရီလအတြင္း စုစုေပါင္း (၁၉၆)ဦး ရွိၿပီျဖစ္ေၾကာင္း သိရသည္္။

ထိုင္းႏုိင္ငံအတြင္း  ဖမ္းဆီးခံရသည့္ ျမန္မာႏိုင္ငံသား အမ်ဳိးသား(၇)ဦး ႏွင့္ အမ်ဳိးသမီး(၁၀)ဦး စုစုေပါင္း (၁၇)ဦးအား ထိုင္းႏုိင္ငံ မယ္ဆိုင္လ၀ကအရာရွိ Adul Promnok ႏွင့္ အဖြဲ႔မွ လာေရာက္၍ ျမန္မာ - ထိုင္း ခ်စ္ၾကည္ေရးအမွတ္(၂)တံတားဘက္ရွိ တာခ်ီလိတ္သို႔ လႊဲေျပာင္းေပးလာရာ  ျမန္မာႏိုင္ငံဖက္မွ အေထြေထြ အုပ္ခ်ဳပ္ေရးဦးစီးဌာန၊ လ၀က၊ ၿမိဳ႕နယ္အလုပ္သမား ညႊန္ၾကားမႈဦးစီးဌာန၊ လူကုန္ကူးမႈ တိုက္ဖ်က္ေရး ရဲတပ္ဖြဲ႕ႏွင့္ ထိုင္းႏိုင္ငံ မယ္ဆိုင္ၿမိဳ႕ေရာက္ျမန္မာႏိုင္ငံသားမ်ားအား ကူညီေစာင့္ ေရွာက္ေရးႏွင့္ ေစ့စပ္ညိႇႏိုင္းေရးေကာ္မတီ (CNCMC)တို႔က စီစစ္လက္ခံခဲ့ၾကျခင္း ျဖစ္သည္။

ေဖေဖာ္၀ါရီလအတြင္း လူဦးေရအမ်ားဆံုးအျဖစ္ ေဖေဖာ္၀ါရီလ(၂၁)ရက္ေန႔က လူႀကီးႏွင့္ကေလး အပါအ၀င္ စုစုေပါင္း(၇၀)ဦးအား လႊဲေျပာင္းေပးလာရာတြင္ တရားမ၀င္ သြားေရာက္မႈျဖင့္ (၁၀) ဦး၊ နယ္ေျမေက်ာ္လြန္သြားေရာက္မႈျဖင့္ (၅၅)ဦး ပါ၀င္ခဲ့ေၾကာင္း သိရသည္။

ယေန႔ ေဖေဖာ္၀ါရီလ(၂၂)ရက္ေန႔တြင္ လာေရာက္လႊဲေျပာင္းေပးလာမႈမ်ား၌ ရွမ္းျပည္နယ္အေရွ႕ပိုင္းမွ အမ်ဳိးသား(၁)ဦး ႏွင့္ အမ်ဳိးသမီး(၂)ဦး၊ ရွမ္းျပည္နယ္ေတာင္ပိုင္းမွ အမ်ဳိးသား(၅)ဦး ႏွင့္ အမ်ဳိးသမီး(၅)ဦး၊ ရွမ္းျပည္နယ္ေျမာက္ပိုင္းမွ (၁)ဦး ႏွင့္ အမ်ဳိးသား(၃)ဦး စုစုေပါင္း (၁၇)ဦး ပါ၀င္ရာ အဆိုပါ (၁၇)ဦးသည္ မယ္ဆိုင္ၿမိဳ႕ကို ေက်ာ္ကာ  နယ္ေျမေက်ာ္သြားေရာက္ျခင္းေၾကာင့္ ဖမ္းခံရသူမ်ား ျဖစ္ေၾကာင္း သိရသည္။

တာခ်ီလိတ္မွ တဆင့္ ထိုင္းႏုိင္ငံသို႔ တရား၀င္ သြားေရာက္ႏိုင္ရန္အတြက္ ခ်စ္ၾကည္ေရးတံတားတြင္ ထုတ္ေပးထားသည့္ လက္မွတ္မ်ားျဖင့္ ထိုင္းႏုိင္ငံ မယ္ဆိုင္ၿမိဳ႕အထိသာ သြားေရာက္ႏုိင္ၿပီး သတ္မွတ္ ဧရိယာထက္ ေက်ာ္လြန္ကာ သြားေရာက္ပါက နယ္ေျမေက်ာ္သြားေရာက္မႈျဖင့္ ဖမ္းဆီးအေရးယူကာ ယခုလို တာခ်ီလိတ္သို႔ ျပန္လည္၍ လႊဲေျပာင္းေပးလာမႈမ်ားျပဳလုပ္ေလ့ရွိေၾကာင္း သိရွိရသည္။

Tachileik News Agency
ဓါတ္ပံု - CNCMC


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ထိုင်းနိုင်ငံ၏ ရွေးကောက်ပွဲကာလအတွင်း ရွှေ့ပြောင်းလုပ်သားများနှင့် တရားမဝင် ဝင်ရောက် လာသူများအား စစ်ဆေး ဖမ်းဆီးမှုများရှိလာသည့် ဖြစ်ရာ ၂၀၁၉ ဖေဖော်ဝါရီလ(၂၂)ရက်နေ့က မြန်မာနိုင်ငံသား (၁၇)ဦးအား တာချီလိတ်သို့ လွှဲပြောင်းပေးလာရာတွင် ဖေဖော်ဝါရီလအတွင်း စုစုပေါင်း (၁၉၆)ဦး ရှိပြီဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံအတွင်း ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသား အမျိုးသား(၇)ဦး နှင့် အမျိုးသမီး(၁၀)ဦး စုစုပေါင်း (၁၇)ဦးအား ထိုင်းနိုင်ငံ မယ်ဆိုင်လဝကအရာရှိ Adul Promnok နှင့် အဖွဲ့မှ လာရောက်၍ မြန်မာ - ထိုင်း ချစ်ကြည်ရေးအမှတ်(၂)တံတားဘက်ရှိ တာချီလိတ်သို့ လွှဲပြောင်းပေးလာရာ မြန်မာနိုင်ငံဖက်မှ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ လဝက၊ မြို့နယ်အလုပ်သမား ညွှန်ကြားမှုဦးစီးဌာန၊ လူကုန်ကူးမှု တိုက်ဖျက်ရေး ရဲတပ်ဖွဲ့နှင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက်မြန်မာနိုင်ငံသားများအား ကူညီစောင့် ရှောက်ရေးနှင့် စေ့စပ်ညှိနိုင်းရေးကော်မတီ (CNCMC)တို့က စီစစ်လက်ခံခဲ့ကြခြင်း ဖြစ်သည်။

ဖေဖော်ဝါရီလအတွင်း လူဦးရေအများဆုံးအဖြစ် ဖေဖော်ဝါရီလ(၂၁)ရက်နေ့က လူကြီးနှင့်ကလေး အပါအဝင် စုစုပေါင်း(၇၀)ဦးအား လွှဲပြောင်းပေးလာရာတွင် တရားမဝင် သွားရောက်မှုဖြင့် (၁၀) ဦး၊ နယ်မြေကျော်လွန်သွားရောက်မှုဖြင့် (၅၅)ဦး ပါဝင်ခဲ့ကြောင်း သိရသည်။

ယနေ့ ဖေဖော်ဝါရီလ(၂၂)ရက်နေ့တွင် လာရောက်လွှဲပြောင်းပေးလာမှုများ၌ ရှမ်းပြည်နယ်အရှေ့ပိုင်းမှ အမျိုးသား(၁)ဦး နှင့် အမျိုးသမီး(၂)ဦး၊ ရှမ်းပြည်နယ်တောင်ပိုင်းမှ အမျိုးသား(၅)ဦး နှင့် အမျိုးသမီး(၅)ဦး၊ ရှမ်းပြည်နယ်မြောက်ပိုင်းမှ (၁)ဦး နှင့် အမျိုးသား(၃)ဦး စုစုပေါင်း (၁၇)ဦး ပါဝင်ရာ အဆိုပါ (၁၇)ဦးသည် မယ်ဆိုင်မြို့ကို ကျော်ကာ နယ်မြေကျော်သွားရောက်ခြင်းကြောင့် ဖမ်းခံရသူများ ဖြစ်ကြောင်း သိရသည်။

တာချီလိတ်မှ တဆင့် ထိုင်းနိုင်ငံသို့ တရားဝင် သွားရောက်နိုင်ရန်အတွက် ချစ်ကြည်ရေးတံတားတွင် ထုတ်ပေးထားသည့် လက်မှတ်များဖြင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့အထိသာ သွားရောက်နိုင်ပြီး သတ်မှတ် ဧရိယာထက် ကျော်လွန်ကာ သွားရောက်ပါက နယ်မြေကျော်သွားရောက်မှုဖြင့် ဖမ်းဆီးအရေးယူကာ ယခုလို တာချီလိတ်သို့ ပြန်လည်၍ လွှဲပြောင်းပေးလာမှုများပြုလုပ်လေ့ရှိကြောင်း သိရှိရသည်။

Tachileik News Agency
ဓာတ်ပုံ - CNCMC

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~