ထမင္းခ်က္ရာမွ က်န္ရွိသည့္ မီးၾကြင္းေၾကာင့္ ေနအိမ္(၇)လံုး မီးေလာင္ဆံုးရႈံး

ထမင္းခ်က္ရာမွ က်န္ရွိသည့္ မီးၾကြင္းေၾကာင့္ ေနအိမ္(၇)လံုး မီးေလာင္ဆံုးရႈံး
ဇန်နဝါရီ 25, 2019
By Tachileik News Agency

ထမင္းခ်က္ရာမွ က်န္ရွိသည့္ မီးၾကြင္းေၾကာင့္ မီးေလာင္မႈ ေအာင္လံၿမိဳ႕နယ္ ဒါးစမ္းေက်းရြာတြင္ ၂၀၁၉ခုႏွစ္ ဇန္န၀ါရီလ(၂၃)ရက္ေန႔က ျဖစ္ပြားခဲ့ရာ ေနအိမ္(၇)လံုး မီးေလာင္ဆံုးရႈံးသြားၿပီး  ဆိုင္ကယ္ ႏွင့္ စပါး၊ ေျမပဲမ်ားလည္း မီးေလာင္ကြ်မ္းခဲ့ေၾကာင္း သိရသည္။

မေကြးတိုင္းေဒသႀကီး ေအာင္လံၿမိဳ႕နယ္ ဒါးစမ္းေက်းရြာရွိ ဦးဆယ္ႀကီး၏ ေနအိမ္တြင္ ၂၀၁၉ခုႏွစ္ ဇန္န၀ါရီလ(၂၃)ရက္ေန႔ ေန႔လည္(၂)နာရီခြဲ၀န္းက်င္အခ်ိန္က ထမင္းခ်က္ရာမွ က်န္ရွိသည့္ မီးၾကြင္းေၾကာင့္ မီးေလာင္မႈျဖစ္ပြားရာက ဦးဆယ္ႀကီး၏ထရံ ကာသကၠယ္မုိးေနအိမ္ (၁)လံုး၊ ဦးေက်ာ္စုိး၏ ထရံကာ သကၠယ္မုိးေနအိမ္(၁)လံုး၊ ဦးေအာင္ေက်ာ္၏ ထရံကာသကၠယ္မုိးေနအိမ္(၁)လံုး၊ ဦးေအာင္၀င္း၏ သြပ္မုိးထရံကာေနအိမ္ (၁) လံုး၊ ဦးေဇာ္လင္း၏ သြပ္မုိးထရံကာေနအိမ္ (၁)လံုး၊ ဦးတင္ထြန္း၏ သြပ္မုိး ထရံကာေန အိမ္(၁)လံုး၊ ေဒၚယဥ္ေထြး၏ သြပ္မုိးထရံ ကာေနအိမ္(၁)လံုး စုစုေပါင္း ေနအိမ္(၇) လံုး ႏွင့္ ဦးဆယ္ႀကီး ပုိင္ဆုိင္ေသာ NEW XONBO CZI 125 အနက္ေရာင္ ဆုိင္ ကယ္(၁)စီး၊ ဦးတင္ထြန္း ပုိင္ဆုိင္ေသာ စပါး (၁၅)တင္း၊ ဦးေအာင္၀င္း ပုိင္ဆုိင္ေသာေျမပဲ (၈)တင္းတို႔ မီးေလာင္ဆံုးရႈံးခဲ့​ေၾကာင္​း သိရသည္​။

မီးေလာင္မႈျဖစ္ပြားရာ ေက်းရြာသို႔ ​ေအာင္​လံၿမိဳ႕နယ္ရဲတပ္ဖြဲ႔မွဴး ရဲမွဴးဟန္စိန္​ ႏွင္​့အဖြဲ႔၊ ျပလုိ႔မီးသတ္စခန္းမွ တပ္ၾကပ္ႀကီး ေက်ာ္ဇင္လတ္ႏွင့္ အဖြဲ႔တုိ႔သည္ မီးသတ္ယာဥ္(၁)စီးႏွင့္အတူ သြားေရာက္ ၿငိႇမ္းသတ္ခဲ့ၾကၿပီး မီးေလာင္မႈႏွင့္ ပတ္သက္၍ ဦးဆယ္ႀကီးအား ေအာင္လံၿမိဳ႕နယ္၊ ဒုရဂၤဗုိလ္နယ္ ေျမရဲစခန္းမွ (ပ)၅/၂၀၁၉၊ ရာဇသတ္ႀကီး ပုဒ္မ ၂၈၅ အရ အေရးယူေဆာင္ရြက္​ထားေၾကာင္း သိရွိရသည္။

သတင္း - ဖီးနစ္
ဓါတ္ပံု - ရဲတပ္ဖြဲ႔


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ထမင်းချက်ရာမှ ကျန်ရှိသည့် မီးကြွင်းကြောင့် မီးလောင်မှု အောင်လံမြို့နယ် ဒါးစမ်းကျေးရွာတွင် ၂၀၁၉ခုနှစ် ဇန်နဝါရီလ(၂၃)ရက်နေ့က ဖြစ်ပွားခဲ့ရာ နေအိမ်(၇)လုံး မီးလောင်ဆုံးရှုံးသွားပြီး ဆိုင်ကယ် နှင့် စပါး၊ မြေပဲများလည်း မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး အောင်လံမြို့နယ် ဒါးစမ်းကျေးရွာရှိ ဦးဆယ်ကြီး၏ နေအိမ်တွင် ၂၀၁၉ခုနှစ် ဇန်နဝါရီလ(၂၃)ရက်နေ့ နေ့လည်(၂)နာရီခွဲဝန်းကျင်အချိန်က ထမင်းချက်ရာမှ ကျန်ရှိသည့် မီးကြွင်းကြောင့် မီးလောင်မှုဖြစ်ပွားရာက ဦးဆယ်ကြီး၏ထရံ ကာသက္ကယ်မိုးနေအိမ် (၁)လုံး၊ ဦးကျော်စိုး၏ ထရံကာ သက္ကယ်မိုးနေအိမ်(၁)လုံး၊ ဦးအောင်ကျော်၏ ထရံကာသက္ကယ်မိုးနေအိမ်(၁)လုံး၊ ဦးအောင်ဝင်း၏ သွပ်မိုးထရံကာနေအိမ် (၁) လုံး၊ ဦးဇော်လင်း၏ သွပ်မိုးထရံကာနေအိမ် (၁)လုံး၊ ဦးတင်ထွန်း၏ သွပ်မိုး ထရံကာနေ အိမ်(၁)လုံး၊ ဒေါ်ယဉ်ထွေး၏ သွပ်မိုးထရံ ကာနေအိမ်(၁)လုံး စုစုပေါင်း နေအိမ်(၇) လုံး နှင့် ဦးဆယ်ကြီး ပိုင်ဆိုင်သော NEW XONBO CZI 125 အနက်ရောင် ဆိုင် ကယ်(၁)စီး၊ ဦးတင်ထွန်း ပိုင်ဆိုင်သော စပါး (၁၅)တင်း၊ ဦးအောင်ဝင်း ပိုင်ဆိုင်သောမြေပဲ (၈)တင်းတို့ မီးလောင်ဆုံးရှုံးခဲ့​ကြောင်​း သိရသည်​။

မီးလောင်မှုဖြစ်ပွားရာ ကျေးရွာသို့ ​အောင်​လံမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဟန်စိန်​ နှင်​့အဖွဲ့၊ ပြလို့မီးသတ်စခန်းမှ တပ်ကြပ်ကြီး ကျော်ဇင်လတ်နှင့် အဖွဲ့တို့သည် မီးသတ်ယာဉ်(၁)စီးနှင့်အတူ သွားရောက် ငြှိမ်းသတ်ခဲ့ကြပြီး မီးလောင်မှုနှင့် ပတ်သက်၍ ဦးဆယ်ကြီးအား အောင်လံမြို့နယ်၊ ဒုရင်္ဂဗိုလ်နယ် မြေရဲစခန်းမှ (ပ)၅/၂၀၁၉၊ ရာဇသတ်ကြီး ပုဒ်မ ၂၈၅ အရ အရေးယူဆောင်ရွက်​ထားကြောင်း သိရှိရသည်။

သတင်း - ဖီးနစ်
ဓာတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~