တာခ်ီလိတ္ၿမဳိ႕နယ္စာေရးဆရာအသင္း ဥကၠဌတာဝန္မွ ႏႈတ္ထြက္၍ အမႈေဆာင္အဖြဲ႕သစ္ျပန္လည္ဖြဲ႕စည္း

တာခ်ီလိတ္ၿမဳိ႕နယ္စာေရးဆရာအသင္း ဥကၠဌတာဝန္မွ ႏႈတ္ထြက္၍ အမႈေဆာင္အဖြဲ႕သစ္ျပန္လည္ဖြဲ႕စည္း
ဇန်နဝါရီ 6, 2019
By 🌸
ရွမ္းျပည္နယ္အေရွ႕ပုိင္း၊ တာခ်ီလိတ္ၿမဳိ႕နယ္စာေရးဆရာအသင္း၏ ဥကၠဌ ရာထူးမွႏႈတ္ထြက္သြားသည့္အတြက္ ၂၀၁၉ ခုႏွစ္၊ ဇန္နဝါရီလ (၆)ရက္ေန႔တြင္ အမႈေဆာင္အဖြဲ႔သစ္ကို ျပန္လည္ဖြဲ႕စည္းလုိက္ေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမဳိ႕နယ္စာေရးဆရာအသင္း၏ လက္ရိွဥကၠဌျဖစ္သူ ဦးထိန္မင္း (မင္းေအးၿငိမ္းေစ်)က တာဝန္မွ ႏႈတ္ထြက္ရာ အမႈေဆာင္အဖြဲ႔ျပန္လည္ဖြဲ႕စည္းေရးအတြက္  စာေရးဆရာအသင္းရံုး အစည္းအေဝးခန္းမ၌ အစည္းအေဝးက်င္းပ ဆႏၵခံယူဖြဲ႔စည္းလိုက္ၿပီး အေဝးေရာက္ အဖြဲ႕ဝင္မ်ား၏ ဆႏၵသေဘာထားကိုလည္း ဖုန္းျဖင့္ဆက္သြယ္ရယူခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အသစ္ဖြဲ႕စည္းလုိက္သည့္ အမႈေဆာင္အဖြဲ႕တြင္ ဥကၠ႒အျဖစ္ ဒုတိယရဲမွဴး စံသိန္း (ေမာင္ဖုိးစံ-ဒူးယား ျမစ္၀ကၽြန္းေပၚ)၊ အတြင္းေရးမွဴးအျဖစ္ ဦးေမာင္ေမာင္ႏုိင္(ႏုိင္ေမာင္ေမာင္) တရားလႊတ္ေတာ္ေရွ႕ေန၊ ဘ႑ာေရးမွဴးအျဖစ္ ဦးေ၀ယံဦး(ေနတစ္စင္း)တရားလႊတ္ေတာ္ေရွ႕ေန၊ နာယကမ်ားအျဖစ္ ဦးစုိင္းေက်ာ္ဇံ (စုိင္းလံုေက်ာ္) ကယားျပည္နယ္ဥပေဒခ်ဳပ္၊ ဗုိလ္ခ်ဳပ္ေဇာ္ႏုိင္ဦး (ကုိသားႀကီး)၊ ေဒါက္တာျမင့္ေအာင္ (ေမာင္ျမန္မာ)၊ ဦးစုိးစုိး (သုတစုိး-ေန႔သစ္) လက္ေထာက္ညႊန္ၾကားေရးမွဴး(ျပန္/ဆက္)(ၿငိမ္း)၊ ဦးျမင့္လြင္ (ေဇယ်ာမင္း-ေကတု) အင္ဂ်င္နီယာ၊ အဖြဲ႕၀င္မ်ားအျဖစ္ ဦးထိန္မင္း(မင္းေအးၿငိမ္းေစ်) ၿမဳိ႕နယ္လွ်ပ္စစ္အင္ဂ်င္နီယာ (ၿငိမ္း)၊ ဦးေမာင္ၾကည္(ေမာင္ေဆြၿငိမ္း) လက္ေထာက္ညႊန္ၾကားေရးမွဴး (ျပန္/ဆက္)၊ ဦးစုိး၀င္းသင္း (စုိင္းေမာင္-ေတာင္ႀကီး) စစ္မႈထမ္းေဟာင္း၊ ဦးျမင့္၀င္းလွ(ျမတ္မ်ဳိးျမင့္မာန္) ဒုတိယၿမဳိ႕နယ္ပညာေရးမွဴး(ပညာေရး)၊ ဦးစုိင္းေဇာ္မုိး(ဆုလဏီး)(ေရႊကၽြန္းညဳိမုိတယ္)၊ ဦးစုိင္းေအာင္ႀကဳိင္(နန္းေရႊလီႀကဳိင္-မုိင္းပန္) ဒုတိယလ၀ကမွဴး၊ ဦးလွေဌး(ေ၀ယံလင္း) လက္ေထာက္ညႊန္ၾကားေရးမွဴး (ျပန္/ဆက္)၊ ေဒါက္တာေက်ာ္စြာျမင့္(ေဒါက္တာေက်ာ္စြာျမင့္) ကေလးအထူးကု ဆရာ၀န္ႀကီး၊ ဦးသိန္းေရႊ(သိန္းေရႊ-ဓာတ္ခဲြမွဴး)တုိ႔ပါဝင္ေၾကာင္း သိရသည္။

အဆုိပါအသင္းကိုုိ ၁၉၉၉ ခုႏွစ္၊ ေမလ (၁၇) ရက္ေန႔က စတင္ဖြဲ႕စည္းခဲ့ျခင္းျဖစ္ၿပီး ၂၀၁၉ ခုႏွစ္ ေမလတြင္ အသင္းဖြဲ႕စည္းမႈႏွစ္(၂၀)ျပည့္ေျမာက္သည့္ အထိမ္းအမွတ္အျဖစ္ ေရႊႀတိဂံမဂၢဇင္းထုတ္ေဝရန္ႏွင့္ ႏွစ္စဥ္က်င္းပသည့္ စာေပေဟာေျပာပဲြကုိ ဇန္န၀ါရီလ (၂၀) ရက္ေန႔၌ ဆရာသန္လ်င္ေမာင္ေမာင္ဦး၊ စာေရး ဆရာမ ၾကဴၾကဴသင္း၊ ဆရာ အၾကည္ေတာ္တို႔အား ဖိတ္ေခၚက်င္းပသြားမည္ျဖစ္ေၾကာင္း သိရသည္။

သတင္း #ၿဖဳိးေလး
ဓါတ္ပံု - ေမာင္ဖိုးစံ

~~~~~~~~⊰❂ Unicode Version ~~~~~~~~
တာချီလိတ်မြို့နယ်စာရေးဆရာအသင်း ဥက္ကဌတာဝန်မှ နှုတ်ထွက်၍ အမှုဆောင်အဖွဲ့သစ်ပြန်လည်ဖွဲ့စည်း
********
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်စာရေးဆရာအသင်း၏ ဥက္ကဌ ရာထူးမှနှုတ်ထွက်သွားသည့်အတွက် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၆)ရက်နေ့တွင် အမှုဆောင်အဖွဲ့သစ်ကို ပြန်လည်ဖွဲ့စည်းလိုက်ကြောင်း သိရသည်။

တာချီလိတ်မြို့နယ်စာရေးဆရာအသင်း၏ လက်ရှိဥက္ကဌဖြစ်သူ ဦးထိန်မင်း (မင်းအေးငြိမ်းဈေ)က တာဝန်မှ နှုတ်ထွက်ရာ အမှုဆောင်အဖွဲ့ပြန်လည်ဖွဲ့စည်းရေးအတွက်  စာရေးဆရာအသင်းရုံး အစည်းအဝေးခန်းမ၌ အစည်းအဝေးကျင်းပ ဆန္ဒခံယူဖွဲ့စည်းလိုက်ပြီး အဝေးရောက် အဖွဲ့ဝင်များ၏ ဆန္ဒသဘောထားကိုလည်း ဖုန်းဖြင့်ဆက်သွယ်ရယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အသစ်ဖွဲ့စည်းလိုက်သည့် အမှုဆောင်အဖွဲ့တွင် ဥက္ကဋ္ဌအဖြစ် ဒုတိယရဲမှူး စံသိန်း (မောင်ဖိုးစံ-ဒူးယား မြစ်ဝကျွန်းပေါ်)၊ အတွင်းရေးမှူးအဖြစ် ဦးမောင်မောင်နိုင်(နိုင်မောင်မောင်) တရားလွှတ်တော်ရှေ့နေ၊ ဘဏ္ဍာရေးမှူးအဖြစ် ဦးဝေယံဦး(နေတစ်စင်း)တရားလွှတ်တော်ရှေ့နေ၊ နာယကများအဖြစ် ဦးစိုင်းကျော်ဇံ (စိုင်းလုံကျော်) ကယားပြည်နယ်ဥပဒေချုပ်၊ ဗိုလ်ချုပ်ဇော်နိုင်ဦး (ကိုသားကြီး)၊ ဒေါက်တာမြင့်အောင် (မောင်မြန်မာ)၊ ဦးစိုးစိုး (သုတစိုး-နေ့သစ်) လက်ထောက်ညွှန်ကြားရေးမှူး(ပြန်/ဆက်)(ငြိမ်း)၊ ဦးမြင့်လွင် (ဇေယျာမင်း-ကေတု) အင်ဂျင်နီယာ၊ အဖွဲ့ဝင်များအဖြစ် ဦးထိန်မင်း(မင်းအေးငြိမ်းဈေ) မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ (ငြိမ်း)၊ ဦးမောင်ကြည်(မောင်ဆွေငြိမ်း) လက်ထောက်ညွှန်ကြားရေးမှူး (ပြန်/ဆက်)၊ ဦးစိုးဝင်းသင်း (စိုင်းမောင်-တောင်ကြီး) စစ်မှုထမ်းဟောင်း၊ ဦးမြင့်ဝင်းလှ(မြတ်မျိုးမြင့်မာန်) ဒုတိယမြို့နယ်ပညာရေးမှူး(ပညာရေး)၊ ဦးစိုင်းဇော်မိုး(ဆုလဏီး)(ရွှေကျွန်းညိုမိုတယ်)၊ ဦးစိုင်းအောင်ကြိုင်(နန်းရွှေလီကြိုင်-မိုင်းပန်) ဒုတိယလဝကမှူး၊ ဦးလှဌေး(ဝေယံလင်း) လက်ထောက်ညွှန်ကြားရေးမှူး (ပြန်/ဆက်)၊ ဒေါက်တာကျော်စွာမြင့်(ဒေါက်တာကျော်စွာမြင့်) ကလေးအထူးကု ဆရာဝန်ကြီး၊ ဦးသိန်းရွှေ(သိန်းရွှေ-ဓာတ်ခွဲမှူး)တို့ပါဝင်ကြောင်း သိရသည်။

အဆိုပါအသင်းကို ၁၉၉၉ ခုနှစ်၊ မေလ (၁၇) ရက်နေ့က စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ၂၀၁၉ ခုနှစ် မေလတွင် အသင်းဖွဲ့စည်းမှုနှစ်(၂၀)ပြည့်မြောက်သည့် အထိမ်းအမှတ်အဖြစ် ရွှေတြိဂံမဂ္ဂဇင်းထုတ်ဝေရန်နှင့် နှစ်စဉ်ကျင်းပသည့် စာပေဟောပြောပွဲကို ဇန်နဝါရီလ (၂၀) ရက်နေ့၌ ဆရာသန်လျင်မောင်မောင်ဦး၊ စာရေး ဆရာမ ကြူကြူသင်း၊ ဆရာ အကြည်တော်တို့အား ဖိတ်ခေါ်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း #ဖြိုးလေး
ဓါတ်ပုံ - မောင်ဖိုးစံ

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~