ထိုင္းဘက္တြင္ ဖမ္းဆီးအေရးယူၿပီးသည့္ ေရႊ႕ေျပာင္္းျမန္မာလုပ္သား (၁၀)ဦးကို တာခ်ီလိတ္သို႔ လႊဲေျပာင္းေပး

ထိုင္းဘက္တြင္ ဖမ္းဆီးအေရးယူၿပီးသည့္ ေရႊ႕ေျပာင္္းျမန္မာလုပ္သား (၁၀)ဦးကို တာခ်ီလိတ္သို႔ လႊဲေျပာင္းေပး
ဇန်နဝါရီ 17, 2019
By Tachileik News Agency

ထိုင္းႏိုင္ငံအတြင္း ေရာက္ရွိေနၿပီး အေၾကာင္းအမ်ဳိးမ်ဳိးေၾကာင့္ ဖမ္းဆီးခံရသည့္ ေရႊေျပာင္းျမန္မာ လုပ္သားမ်ားကို  အေရးယူၿပီးေနာက္ တာခ်ီလိတ္သို႔ လႊဲေျပာင္းေပးလာမႈမ်ားရွိရာ ဇန္န၀ါရီလ(၁၇)ရက္ေန႔ ေန႔လည္ပိုင္းက ျမန္မာႏိုင္ငံသား စုစုေပါင္း (၁၀)ဦးကို လႊဲေျပာင္းေပးလာေၾကာင္း သိရသည္။

ထိုင္းႏိုင္ငံ မယ္ဆိုင္ၿမိဳ႕နယ္လ၀ကမွ Wason Koomhangsoing ဦးေဆာင္သည့္ အဖြဲ႔က ျမန္မာႏိုင္ငံသား အမ်ဳိးသား (၄)ဦး ႏွင့္ အမ်ဳိးသမီး(၅)ဦး အျပင္ ကေလးငယ္(၁)ဦး စုစုေပါင္း (၁၀)ဦးအား လႊဲေျပာင္းလာရာ  ျမန္မာဘက္မွ  ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန၊ အလုပ္သမား လူ၀င္မွဳႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဆုိင္ရာ ဦးစီးဌာန၊ ၿမိဳ႕နယ္အလုပ္သမား ညႊန္ၾကားမႈဦးစီးဌာန၊ လူကုန္ကူးမွဳ တုိက္ဖ်က္ေရးရဲတပ္ဖြဲ႕ႏွင့္ ထုိင္းႏုိင္ငံ မယ္ဆုိင္ၿမိဳ႕ေရာက္ ျမန္မာႏုိင္ငံသားမ်ားအား ကူညီ ေစာင့္ေရွာက္ေရးႏွင့္ ေစ့စပ္ညႇိႏွိဳင္းေရးေကာ္မတီ (CNCMC) တို႔က စိစစ္လက္ခံၾကေၾကာင္း သိရသည္။

မယ္ဆိုင္ဘက္မွ လာေရာက္လႊဲေျပာင္းေပးလာမႈမ်ားတြင္ ၂၀၁၉ခုႏွစ္ ဇန္န၀ါရီလ(၁)ရက္ေန႔မွ ဇန္န၀ါရီလ(၁၇)ရက္ေန႔ အထိ အမ်ဳိးသား(၇၆)ဦး၊ အမ်ဳိးသမီး (၄၃)ဦး ကေလးငယ္(၃)ဦး စုစုေပါင္း (၁၂၂)ဦး တိတိ ရွိၿပီျဖစ္ေၾကာင္း သိရသည္။

ထိုင္းႏိုင္ငံဘက္မွ ယခုလို လူလႊဲလာမႈမ်ားႏွင့္ ပတ္သက္၍ ျမန္မာႏိုင္ငံသား မဟုတ္ဘဲ အျခားႏိုင္ငံသားမ်ား ပါ၀င္လာျခင္း ရွိ မရွိကို ျမန္မာဘက္ တာ၀န္ရွိသူမ်ားက စိစစ္ၿပီးမွသာ လက္ခံေလ့ရွိၿပီး၊ ျမန္မာႏိုင္ငံသား မဟုတ္ဘဲ အျခားႏိုင္ငံသားမ်ား ေရာေႏွာပါ၀င္လာပါက ခ်က္ခ်င္း ထိုင္းဘက္သို႔ ျပန္လည္ လႊဲေျပာင္းေပးေလ့ရွိေၾကာင္း သိရွိရသည္။

Tachileik News Agency
ဓါတ္ပံု - CNCMC




~~~~~~~~⊰❂ Unicode Version ~~~~~~~~

ထိုင်းနိုင်ငံအတွင်း ရောက်ရှိနပြေီး အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံရသည့် ရွှေပြောင်းမြန်မာ လုပ်သားများကို အရေးယူပြီးနောက် တာချီလိတ်သို့ လွှဲပြောင်းပေးလာမှုများရှိရာ ဇန်နဝါရီလ(၁၇)ရက်နေ့ နေ့လည်ပိုင်းက မြန်မာနိုင်ငံသား စုစုပေါင်း (၁၀)ဦးကို လွှဲပြောင်းပေးလာကြောင်း သိရသည်။

ထိုင်းနိုင်ငံ မယ်ဆိုင်မြို့နယ်လဝကမှ Wason Koomhangsoing ဦးဆောင်သည့် အဖွဲ့က မြန်မာနိုင်ငံသား အမျိုးသား (၄)ဦး နှင့် အမျိုးသမီး(၅)ဦး အပြင် ကလေးငယ်(၁)ဦး စုစုပေါင်း (၁၀)ဦးအား လွှဲပြောင်းလာရာ မြန်မာဘက်မှ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာန၊ မြို့နယ်အလုပ်သမား ညွှန်ကြားမှုဦးစီးဌာန၊ လူကုန်ကူးမှု တိုက်ဖျက်ရေးရဲတပ်ဖွဲ့နှင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီ စောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေးကော်မတီ (CNCMC) တို့က စိစစ်လက်ခံကြကြောင်း သိရသည်။

မယ်ဆိုင်ဘက်မှ လာရောက်လွှဲပြောင်းပေးလာမှုများတွင် ၂၀၁၉ခုနှစ် ဇန်နဝါရီလ(၁)ရက်နေ့မှ ဇန်နဝါရီလ(၁၇)ရက်နေ့ အထိ အမျိုးသား(၇၆)ဦး၊ အမျိုးသမီး (၄၃)ဦး ကလေးငယ်(၃)ဦး စုစုပေါင်း (၁၂၂)ဦး တိတိ ရှိပြီဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံဘက်မှ ယခုလို လူလွှဲလာမှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံသား မဟုတ်ဘဲ အခြားနိုင်ငံသားများ ပါဝင်လာခြင်း ရှိ မရှိကို မြန်မာဘက် တာဝန်ရှိသူများက စိစစ်ပြီးမှသာ လက်ခံလေ့ရှိပြီး၊ မြန်မာနိုင်ငံသား မဟုတ်ဘဲ အခြားနိုင်ငံသားများ ရောနှောပါဝင်လာပါက ချက်ချင်း ထိုင်းဘက်သို့ ပြန်လည် လွှဲပြောင်းပေးလေ့ရှိကြောင်း သိရှိရသည်။

Tachileik News Agency
ဓာတ်ပုံ - CNCMC

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~