Telenor Broadband အင်တာနက်ဝန်ဆောင်မှုနှင့် ပတ်သက်သည့် ထုတ်ပြန်ချက်ကို သုံးစွဲသူများ ကျေနပ်မှုမရှိပါက ဥပဒေအရ ဆောင်ရွက်မည်
Telenor Broadband အင်တာနက်ဝန်ဆောင်မှုနှင့် ပတ်သက်သည့် ထုတ်ပြန်ချက်ကို သုံးစွဲသူများ ကျေနပ်မှုမရှိပါက ဥပဒေအရ ဆောင်ရွက်မည်
ဇနျနဝါရီ 22, 2019
By Tachileik News Agency
Telenor Broadband အင်တာနက်ဝန်ဆောင်မှုများနှင့် ပတ်သက်၍ တိုင်ကြားလွှာများ (၁၀)ရက်အတွင်း (၃၃၈)မှုအထိ ရှိခဲ့သဖြင့် Consumer Information and Complainet Center(CICC) နေပြည်တော်တွင် Telenor Myanmar မှ တာဝန်ရှိသူများ၊ ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနနှင့် စားသုံးသူရေးရာ ဦးစီးဌာနမှ တာဝန်ရှိသူများ ဇန်န၀ါရီ (၂၁)ရက်နေ့က တွေ့ဆုံညှိနှိုင်းခဲ့ပြီး ဖြေရှင်းပေးမည့် အချက် (၃)ချက်ကို ထုတ်ပြန်ပေးခဲ့ရာတွင် သုံးစွဲသူများဘက်မှ ကျေနပ်မှု မရှိပါက ဥပဒေအရ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
တွေ့ဆုံညှိနှိုင်းမှုများအရ အချက် (၃)ချက်ထုတ်ပြန်ခဲ့ရာတွင် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ (၁) ရက်မတိုင်မီ Unlimited Plan ၀န်ဆောင်မှုဝယ်ယူထားသူများနှင့်   ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ (၁) ရက်မှစ၍ 10 GB Par Day သန်ဆောင်မှု ၀ယ်ယူထားသူများအနေဖြင့်  သက်တမ်း ဆက်တိုးပါက မျှတသုံးစွဲမည့်မှုဝါဒ (111 GB Par Month) ဖြင့်သာ ဆက်လက်သုံးစွဲနိုင်မည်ဖြစ်ကြောင်း နှင့် မျှတသုံးစွဲသည့် မှုဝါဒ၀န်ဆောင်မှုကို ဆက်လက်အသုံးမပြုလိုသူများ အနေဖြင့် ၂၀၁၉ ခုနှစ် ဧပြီလ ၁၅ ရက်မတိုင်မီ ချို့ယွင်းပျက်စီးမှု မရှိသော စက်များကို ပြန်အပ်၍ ကျပ်(၁၅၀၀၀)ကို တယ်လီနောမှ ပြန်လည်ထုတ်ပေးရမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ထားရှိသည်။
ရှမ်းပြည်နယ်တွင် Telenor Broadband အင်တာနက်ဝန်ဆောင်မှုနှင့် ပတ်သက်၍ တိုင်ကြားမှု (၂၅)ခု ရှိနေပြီး မန္တလေးမြို့ရှိ တယ်လီနော အထက်မြန်မာပြည်တာဝန်ခံနှင့် ရှမ်းပြည်နယ် စားသုံးသူရေးရာဌာနမှ တွေ့ဆုံ ဆွေးနွေးရန် စီစဉ်ထားပြီး နေပြည်တော်ရုံးချုပ်မှ ညွှန်ကြားချက်ကို စောင့်ဆိုင်းနေကြောင်း သိရသည်။
Tachileik News Agency
~~~~~~~~⊰❂ Unicode Version ~~~~~~~~
Telenor Broadband အင်တာနက်ဝန်ဆောင်မှုများနှင့် ပတ်သက်၍ တိုင်ကြားလွှာများ (၁၀)ရက်အတွင်း (၃၃၈)မှုအထိ ရှိခဲ့သဖြင့် Consumer Information and Complainet Center(CICC) နပြေည်တော်တွင် Telenor Myanmar မှ တာဝန်ရှိသူများ၊ ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနနှင့် စားသုံးသူရေးရာ ဦးစီးဌာနမှ တာဝန်ရှိသူများ ဇန်နဝါရီ (၂၁)ရက်နေ့က တွေ့ဆုံညှိနှိုင်းခဲ့ပြီး ဖြေရှင်းပေးမည့် အချက် (၃)ချက်ကို ထုတ်ပြန်ပေးခဲ့ရာတွင် သုံးစွဲသူများဘက်မှ ကျေနပ်မှု မရှိပါက ဥပဒေအရ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
“သူတို့ရဲ့ဆုံးဖြတ်ချက်ကို CICC မှာက လက်ခံသဘောတူတယ်လို့ မဟုတ်ဘူး။ ဆိုလိုချင်တာက ဒါက တယ်လီနော က CICC ရုံးချုပ်မှာ လာရောက်ရှင်းလင်းညှိနှိုင်းတဲ့ ကိစ္စပဲဖြစ်တယ်။ ရှင်းလင်းတဲ့ကိစ္စတွေကို CICC ကနပြေီးတော့ အချက် (၃)ချက်နဲ့ ထုတ်ပြန်ပေးထားတယ်။ ထုတ်ပြန်ပေးထားတဲ့ ဥစ္စာကို ဝန်ဆောင်မှု ရယူသူတွေအနေနဲ့ ကျေနပ်မှု မရှိလို့ရှိရင် ဒီကနပြေီးတော့ ကျန်တဲ့ ဖြစ်သင့်ဖြစ်ထိုက် သလောက် ညှိနှိုင်းဆောင်ရွက်ပေးပြီးတော့ လိုအပ်လို့ ဥပဒေနဲ့ ငြိစွန်းတယ်ဆိုရင်တော့ ဥပဒေအရ ဆောင်ရွက်ခြင်းတွေကိုတော့ တိုင်းနဲ့ ပြည်နယ်အငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့တွေက စားသုံးသူဖက်က ရပ်တည် ဆောင်ရွက်သွားမှာပါ။ ဒီထုတ်ပြန်ချက်အပေါ်မှာ ဝန်ဆောင်မှုရယူသူတွေက မကျေနပ်လို့ရှိရင် တိုင်းနဲ့ ပြည်နယ်တွေက ကိုင်တွယ်ရမယ့် သဘောရှိတာပေါ့။ အဲဒီအခါကျရင်တော့ ရှမ်းပြည်နယ်ကတော့ ထိထိရောက်ရောက် ဆောင်ရွက်သွားမှာပါ”ဟု ရှမ်းပြည်နယ် စားသုံးသူရေးရာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းအောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ဇန်နဝါရီ (၂၂) ရက်နေ့တွင် ပြောကြားသည်။
တွေ့ဆုံညှိနှိုင်းမှုများအရ အချက် (၃)ချက်ထုတ်ပြန်ခဲ့ရာတွင် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ (၁) ရက်မတိုင်မီ Unlimited Plan ဝန်ဆောင်မှုဝယ်ယူထားသူများနှင့် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ (၁) ရက်မှစ၍ 10 GB Par Day သန်ဆောင်မှု ဝယ်ယူထားသူများအနဖြေင့် သက်တမ်း ဆက်တိုးပါက မျှတသုံးစွဲမည့်မှုဝါဒ (111 GB Par Month) ဖြင့်သာ ဆက်လက်သုံးစွဲနိုင်မည်ဖြစ်ကြောင်း နှင့် မျှတသုံးစွဲသည့် မှုဝါဒဝန်ဆောင်မှုကို ဆက်လက်အသုံးမပြုလိုသူများ အနဖြေင့် ၂၀၁၉ ခုနှစ် ဧပြီလ ၁၅ ရက်မတိုင်မီ ချို့ယွင်းပျက်စီးမှု မရှိသော စက်များကို ပြန်အပ်၍ ကျပ်(၁၅၀၀၀)ကို တယ်လီနောမှ ပြန်လည်ထုတ်ပေးရမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ထားရှိသည်။
ရှမ်းပြည်နယ်တွင် Telenor Broadband အင်တာနက်ဝန်ဆောင်မှုနှင့် ပတ်သက်၍ တိုင်ကြားမှု (၂၅)ခု ရှိနပြေီး မန္တလေးမြို့ရှိ တယ်လီနော အထက်မြန်မာပြည်တာဝန်ခံနှင့် ရှမ်းပြည်နယ် စားသုံးသူရေးရာဌာနမှ တွေ့ဆုံ ဆွေးနွေးရန် စီစဉ်ထားပြီး နပြေည်တော်ရုံးချုပ်မှ ညွှန်ကြားချက်ကို စောင့်ဆိုင်းနေကြောင်း သိရသည်။
Telenor Broadband ကို မိသားစုအဝသုံး Unlimited အဖြစ် ၇၅,ဝဝဝ ကျပ်ဖြင့် စတင်ရောင်းချခဲ့ကာ မကြာမီ ကာလတွင် မျှတစွာ သုံးစွဲခြင်းမှုအရ တစ်ရက်လျှင် 10 GB သို့လျော့ချခဲ့ပြီး စက်တန်ဖိုးကို ၇၅,ဝဝဝ ကျပ်မှ ၉၀,ဝဝဝ ကျပ်သို့ တိုးမြှင့်ခဲ့ကြောင်းသိရသည်။
လက်ရှိတွင် သုံးစွဲသူ User Drive (၅)ခု ထက်ပိုမို ချိတ်ဆက်ခွင့်မပြုပဲ မျှတစွာသုံးစွဲခွင့်မှုအရ တစ်ရက်လျှင် 3.7 GB နှုန်းဖြင့် တစ်လလျှင် 111 GB သာ သုံးစွဲခွင့်ပြုတော့သဖြင့် တိုင်ကြား လာကြခြင်း ဖြစ်ကြောင်း သိရသည်။
Tachileik News Agency
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~