တာခ်ီလိတ္တြင္ လမ္းေဘးေရေျမာင္းဖံုးမ်ား ခိုးယူသူ(၂)ဦးကို (၂)ရက္အၾကာ၌ ဖမ္းဆီးရမိ

တာခ်ီလိတ္တြင္ လမ္းေဘးေရေျမာင္းဖံုးမ်ား ခိုးယူသူ(၂)ဦးကို (၂)ရက္အၾကာ၌ ဖမ္းဆီးရမိ
ဇန်နဝါရီ 12, 2019
By 🌸
ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕၏ အဓိကလမ္းမႀကီးျဖစ္သည့္ ဗိုလ္ခ်ဳပ္လမ္းမွ ေရေျမာင္းဖံုး (၁၄)ခု ခိုးယူခံရမႈကို (၂)ရက္ေျမာက္ေန႔ျဖစ္သည့္ ၂၀၁၉ ခုႏွစ္၊ ဇန္နဝါရီလ (၁၁)ရက္ေန႔ ည(၁၀)နာရီ၌ ဖမ္းဆီးႏုိင္ခဲ့ၿပီး ေရေျမာင္းဖံုးမ်ားကို လက္ခံဝယ္ယူထားသည့္ေနရာမွ ျပန္လည္သိမ္းဆည္းလုိက္ႏုိင္ေၾကာင္းသိရသည္။

အဆိုပါ ေရေျမာင္းဖံုးမ်ား ေပ်ာက္ဆံုးမႈကို ၿမိဳ႕နယ္စည္ပင္သာယာေရးဌာနက တာခ်ီလိတ္ၿမိဳ႕မရဲစခန္း၌ (ပ) ၁၄/၂၀၁၉၊ ျပည္သူပိုင္ပစၥည္းကာကြယ္ေစာင့္ေရွာက္ေရးဥပေဒပုဒ္မ ၆(၁)ျဖင့္ ဇန္နဝါရီလ (၉)ရက္ေန႔က အမႈဖြင့္ထားျခင္းျဖစ္သည္။

ေရေျမာင္းသံဖံုးမ်ားခိုးယူသူမ်ားအား ရဲတပ္ဖြဲ႕ႏွင့္ သက္ဆုိင္ရာရပ္ကြက္အုပ္ခ်ဳပ္ေရးအဖြဲ႔တုိ႔ ပါဝင္သည့္ ပူးေပါင္းအဖြဲ႕ျဖင့္ စံုစမ္းရာ ေက်ာ္သန္း(ခ)ေက်ာ္ေက်ာ္ႏွင့္ အိုက္လိုင္း (ခ) လဝတို႔ (၂)ဦးက ခိုးယူခဲ့ျခင္းျဖစ္ေၾကာင္းသိရၿပီး ေရေျမာင္းသံဖံုးမ်ားလက္ခံဝယ္ယူထားသည့္ ၿငိမ္းခ်မ္းမိုး၏ ကီလိုဆုိင္မွ ျပန္လည္သိမ္းဆည္းရမိခဲ့ေၾကာင္း သိရသည္။

လမ္းတိုးခ်ဲ႕ထားသည့္ ဗိုလ္ခ်ဳပ္လမ္းမႀကီးတစ္ေလွ်ာက္ရိွ ေရေျမာင္းမ်ားတြင္ အမိႈက္၊သဲမ်ားပိတ္ဆို႔ပါက အခ်ိန္ႏွင့္တစ္ေျပးညီ ဆယ္ယူႏုိင္ရန္ ေရေျမာင္းမ်ားကို အေပါက္မ်ားေဖါက္ထားၿပီး လမ္းႏွင့္တစ္ေျပးညီ ထားရိွေသာ အဆိုပါေရေျမာင္းေပါက္မ်ားေၾကာင့္ လူ၊ယာဥ္အႏၱရာယ္မရိွေစေရးအတြက္ သံအဖံုးမ်ားပိတ္ျခင္းကို ၿမိဳ႕နယ္စည္ပင္သာယာေရးဌာနက ၂၀၁၈ ခုႏွစ္၊ ဒီဇင္ဘာလအတြင္း ေဆာင္ရြက္ထားရာ အဆိုပါ သံအဖံုးမ်ားအနက္ ဆန္ဆို္င္း(ခ)ရပ္ကြက္၊ (၅)လမ္းတြင္ သံအဖံုး (၇)ခု၊ မယ္ေခါင္ရပ္ကြက္တြင္ သံအဖံုး (၇)ခု စုစုေပါင္း (၁၄)ခု ခိုးယူခံခဲ့ရျခင္းျဖစ္သည္။

Tachileik News Agency
ဓါတ္ပံု -ရဲတပ္ဖြဲ႕

~~~~~~~~⊰❂ Unicode Version ~~~~~~~~
တာချီလိတ်တွင် လမ်းဘေးရေမြောင်းဖုံးများ ခိုးယူသူ(၂)ဦးကို (၂)ရက်အကြာ၌ ဖမ်းဆီးရမိ
**************
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့၏ အဓိကလမ်းမကြီးဖြစ်သည့် ဗိုလ်ချုပ်လမ်းမှ ရေမြောင်းဖုံး (၁၄)ခု ခိုးယူခံရမှုကို (၂)ရက်မြောက်နေ့ဖြစ်သည့် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၁၁)ရက်နေ့ ည(၁၀)နာရီ၌ ဖမ်းဆီးနိုင်ခဲ့ပြီး ရေမြောင်းဖုံးများကို လက်ခံဝယ်ယူထားသည့်နေရာမှ ပြန်လည်သိမ်းဆည်းလိုက်နိုင်ကြောင်း သိရသည်။
အဆိုပါ ရေမြောင်းဖုံးများ ပျောက်ဆုံးမှုကို မြို့နယ်စည်ပင်သာယာရေးဌာနက တာချီလိတ်မြို့မရဲစခန်း၌ (ပ) ၁၄/၂၀၁၉၊ ပြည်သူပိုင်ပစ္စည်းကာကွယ်စောင့်ရှောက်ရေးဥပဒေပုဒ်မ ၆(၁)ဖြင့် ဇန်နဝါရီလ (၉)ရက်နေ့က အမှုဖွင့်ထားခြင်းဖြစ်သည်။

ရေမြောင်းသံဖုံးများခိုးယူသူများအား ရဲတပ်ဖွဲ့နှင့် သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တို့ ပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် စုံစမ်းရာ ကျော်သန်း(ခ)ကျော်ကျော်နှင့် အိုက်လိုင်း (ခ) လဝတို့ (၂)ဦးက ခိုးယူခဲ့ခြင်းဖြစ်ကြောင်းသိရပြီး ရေမြောင်းသံဖုံးများလက်ခံဝယ်ယူထားသည့် ငြိမ်းချမ်းမိုး၏ ကီလိုဆိုင်မှ ပြန်လည်သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

လမ်းတိုးချဲ့ထားသည့် ဗိုလ်ချုပ်လမ်းမကြီးတစ်လျှောက်ရှိ ရေမြောင်းများတွင် အမှိုက်၊သဲများပိတ်ဆို့ပါက အချိန်နှင့်တစ်ပြေးညီ ဆယ်ယူနိုင်ရန် ရေမြောင်းများကို အပေါက်များဖေါက်ထားပြီး လမ်းနှင့်တစ်ပြေးညီ ထားရှိသော အဆိုပါရေမြောင်းပေါက်များကြောင့် လူ၊ယာဉ်အန္တရာယ်မရှိစေရေးအတွက် သံအဖုံးများပိတ်ခြင်းကို မြို့နယ်စည်ပင်သာယာရေးဌာနက ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလအတွင်း ဆောင်ရွက်ထားရာ အဆိုပါ သံအဖုံးများအနက် ဆန်ဆိုင်း(ခ)ရပ်ကွက်၊ (၅)လမ်းတွင် သံအဖုံး (၇)ခု၊ မယ်ခေါင်ရပ်ကွက်တွင် သံအဖုံး (၇)ခု စုစုပေါင်း (၁၄)ခု ခိုးယူခံခဲ့ရခြင်းဖြစ်သည်။

Tachileik News Agency
ဓါတ်ပုံ -ရဲတပ်ဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~