တာခ်ီလိတ္တြင္ လွ်ပ္စစ္မီတာ အသံုးျပဳခ ေလ်ာ့ခ်ေပးႏိုင္ေရး ေပ်ာက္ဆံုးယူနစ္မ်ား စစ္ေဆးသြားရန္ မီးလင္းေရးေကာ္မတီ စီစဥ္ေန

တာခ်ီလိတ္တြင္ လွ်ပ္စစ္မီတာ အသံုးျပဳခ ေလ်ာ့ခ်ေပးႏိုင္ေရး ေပ်ာက္ဆံုးယူနစ္မ်ား စစ္ေဆးသြားရန္ မီးလင္းေရးေကာ္မတီ စီစဥ္ေန
ဇန်နဝါရီ 11, 2019
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕တြင္ ထုိင္းႏိုင္ငံမွ တစ္ဆင့္ဝယ္ယူ ေရာင္းခ်ေနသည့္ လွ်ပ္စစ္ ဓာတ္အားခကို ေလ်ာ့ခ်ေပးရန္ ျမန္မာ - ထုိင္းႏွစ္ ႏုိင္ငံပူးေပါင္းၿပီး ေပ်ာက္ဆံုးယူနစ္မ်ား စစ္ေဆးသြားရန္ မီးလင္းေရးေကာ္မတီက စီစဥ္ထားေၾကာင္း သိရသည္။

“ျပည္သူကို ေလွ်ာ့ခ်ေပးဖို႔ဆိုတာ အဓိက ေပ်ာက္ဆံုးယူနစ္ပဲ။ ထိုင္းႏိုင္ငံက ဝယ္တဲ့ယူနစ္က ကၽြန္ေတာ္တို႔ ျပည္သူလည္း မသံုးရဘူး။ ဟိုဖက္ကို က်သင့္တဲ့ ယူနစ္အတြက္ အျပည့္ေပးေခ်ရတယ္”ဟု တာခ်ီလိတ္ ၿမိဳ႕မီးလင္းေရးေကာ္မတီ၏ တြဲဖက္အတြင္းေရးမွဴး ဦးေက်ာ္စြာလြင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ၂၀၁၉ ခုႏွစ္၊ ဒီဇင္ဘာလ (၉)ရက္ေန႔က ေျပာသည္။

ထိုင္းႏိုင္ငံမွ လွ်ပ္စစ္မီးကို တစ္ယူနစ္လွ်င္ ထုိင္းဘတ္ေငြ (၃)ဘတ္ (၇၅)ျပားျဖင့္ ပုဂၢလိက ကုမၸဏီတစ္ခု ျဖစ္သည့္ Allure ကုမၸဏီက ၾကားခံအျဖစ္ ဝယ္ယူကာ တာခ်ီလိတ္ၿမိဳ႕ မီးလင္းေရးေကာ္မတီထံ တစ္ယူနစ္လွ်င္ ထို္င္းဘတ္ (၄)ဘတ္ (၅၀)ျပားျဖင့္ ေရာင္းခ်ျခင္းျဖစ္ၿပီး မီးလင္းေရးေကာ္မတီက လွ်ပ္စစ္မီး သံုးစြဲသူမ်ားအား အိမ္သံုးမီတာမ်ားအတြက္ တစ္ယူနစ္လွ်င္ (၆)ဘတ္၊ လုပ္ငန္းသံုးမီတာမ်ားအတြက္ တစ္ယူနစ္လွ်င္ (၇)ဘတ္(၂၅)ျပားႏွဳန္းျဖင့္ ေကာက္ခံေနျခင္းျဖစ္ေၾကာင္း သိရသည္။

 “မီးသြယ္တန္းမႈမွာလည္း ႀကိဳးေတြက နဂိုကတည္းက သူတို႔ဘာလို႔ မစစ္ခဲ့တုန္း။ ဘာလို႔ မလုပ္ခဲ့တုန္း။ ကၽြန္ေတာ္တို႔ ေျပာတဲ့ အခ်ိန္က်မွ ဒီေပ်ာက္ဆံုးယူနစ္ေတြက တအားက်လို႔ပါ မျပည့္လို႔ပါ ဆိုတဲ့ဟာက ကၽြန္ေတာ္တို႔ နဲ႔ မဆိုင္ဘူး။ ကၽြန္ေတာ္တို႔ျပည္သူက ကၽြန္ေတာ္တို႔အိမ္မွာသံုးတဲ့မီတာကို လာတဲ့ႀကိဳးမွာ ေပ်ာက္ဆံုးယူနစ္အတြက္ ေပးထားၿပီးသား။ တကယ္တမ္း ကၽြန္ေတာ္တို႔ ေဆာင္တာက တစ္ယူနစ္ကို (၆) ဘတ္၊ ေပ်ာက္ဆံုးယူနစ္နဲ႔ေပါင္းရင္ (၇) ဘတ္ေလာက္က်လာတာ။ အဲဒီမွာ ျပည္သူက ေပ်ာက္ဆံုး ယူနစ္ဆိုတာ ထည့္ၿပီးေပးၿပီးသားေလ”ဟု တာခ်ီလိတ္ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးခင္ေမာင္တင့္က ေျပာသည္။

ထိုင္းႏိုင္ငံမွ ျမန္မာႏိုင္ငံသို႔ ဓာတ္အားလိုင္း (၂) ခုျဖင့္ ပို႔ေဆာင္ေနၿပီး ျမန္မာ - ထုိင္းခ်စ္ၾကည္ေရးတံတား (၁) မွ (၈) မဂၢါ၀ပ္တစ္လံုးႏွင့္ ျမန္မာ - ထုိင္းခ်စ္ၾကည္ေရးတံတား (၂) မွ (၈) မဂၢါ၀ပ္ (၁) လံုး၊ စုစုေပါင္း (၁၆) မဂၢါဝပ္ျဖင့္ ပို႔လႊတ္ေနျခင္းျဖစ္ၿပီး သြယ္တန္းထားသည့္ မီးႀကိဳးမ်ားမွာလည္း သက္တမ္း (၁၀) ႏွစ္ေက်ာ္ ကာလရိွေနသျဖင့္ လိုက္လံစစ္ေဆးၿပီး လိုအပ္ပါက အသစ္ လဲလွယ္တပ္ဆင္ျခင္းမ်ား လုပ္ေဆာင္ေနသည္ဟု မီးလင္းေရးေကာ္မတီထံမွ သိရသည္။

 “မီတာအေဟာင္းေတြလဲပစ္တယ္။ အလံုးေပါင္း (၂,၀၀၀) ေက်ာ္ၿပီ။ အဲဒီလိုလုပ္တဲ့ အခါမွာ ေပ်ာက္ဆံုး ယူနစ္က တျဖည္းျဖည္းနဲ႔ ေလ်ာ့က်လာတယ္”ဟု  ၿမိဳ႕မီးလင္းေရးေကာ္မတီ တြဲဖက္အတြင္းေရးမွဴး ဦးေက်ာ္စြာလြင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ေက်းရြာမ်ားတြင္ လူေနအိမ္ေျခမ်ား တိုးပြားလာၿပီး မီးသံုးစြဲမႈ မ်ားျပားလာသျဖင့္ ႀကိဳးမ်ား လွ်ပ္စစ္ဓာတ္အား အျပည့္အဝ စီးဆင္းႏိုင္ျခင္း ရိွ၊မရိွကို လိုက္လံစစ္ေဆးေနၿပီး လိုအပ္ပါက လွ်ပ္စစ္ႀကိဳးမ်ားကို အသစ္ လဲလွယ္ရန္ စီစဥ္ထားေၾကာင္း သိရသည္။

ယင္းကဲ့သို႔ လွ်ပ္စစ္ႀကိဳးမ်ား လဲလွယ္ျခင္းႏွင့္ မီတာမ်ား လဲလွယ္ျခင္းအတြက္ မီးလင္းေရးေကာ္မတီ၏ ရန္ပံုေငြမ်ားျဖစ္သည့္ ထုိင္းႏိုင္ငံသို႔ စေပၚတင္ထားသည့္ ထိုင္းဘတ္ေငြ (၆၀၈)သိန္း၊ ျမန္႔မာ့စီးပြားေရး ဘဏ္ရိွ  ေငြက်ပ္သိန္းေပါင္း (၃၂,၀၀၀) ေက်ာ္ျဖင့္ ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း မီးလင္းေရး ေကာ္မတီက ဒီဇင္ဘာလ (၉)ရက္ေန႔တြင္ ေျပာၾကားထားသည္။

သတင္း - #ဟန္စိုးထိုက္


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် ထိုင်းနိုင်ငံမှ တစ်ဆင့်ဝယ်ယူ ရောင်းချနေသည့် လျှပ်စစ် ဓာတ်အားခကို လျော့ချပေးရန် မြန်မာ - ထိုင်းနှစ် နိုင်ငံပူးပေါင်းပြီး ပျောက်ဆုံးယူနစ်များ စစ်ဆေးသွားရန် မီးလင်းရေးကော်မတီက စီစဉ်ထားကြောင်း သိရသည်။

“ပြည်သူကို လျှော့ချပေးဖို့ဆိုတာ အဓိက ပျောက်ဆုံးယူနစ်ပဲ။ ထိုင်းနိုင်ငံက ဝယ်တဲ့ယူနစ်က ကျွန်တော်တို့ ပြည်သူလည်း မသုံးရဘူး။ ဟိုဖက်ကို ကျသင့်တဲ့ ယူနစ်အတွက် အပြည့်ပေးချေရတယ်”ဟု တာချီလိတ် မြို့မီးလင်းရေးကော်မတီ၏ တွဲဖက်အတွင်းရေးမှူး ဦးကျော်စွာလွင်က တာချီလိတ်သတင်းအေဂျင်စီသို့ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၉)ရက်နေ့က ပြောသည်။

ထိုင်းနိုင်ငံမှ လျှပ်စစ်မီးကို တစ်ယူနစ်လျှင် ထိုင်းဘတ်ငွေ (၃)ဘတ် (၇၅)ပြားဖြင့် ပုဂ္ဂလိက ကုမ္ပဏီတစ်ခု ဖြစ်သည့် Allure ကုမ္ပဏီက ကြားခံအဖြစ် ဝယ်ယူကာ တာချီလိတ်မြို့ မီးလင်းရေးကော်မတီထံ တစ်ယူနစ်လျှင် ထို်င်းဘတ် (၄)ဘတ် (၅၀)ပြားဖြင့် ရောင်းချခြင်းဖြစ်ပြီး မီးလင်းရေးကော်မတီက လျှပ်စစ်မီး သုံးစွဲသူများအား အိမ်သုံးမီတာများအတွက် တစ်ယူနစ်လျှင် (၆)ဘတ်၊ လုပ်ငန်းသုံးမီတာများအတွက် တစ်ယူနစ်လျှင် (၇)ဘတ်(၂၅)ပြားနှုန်းဖြင့် ကောက်ခံနခြေင်းဖြစ်ကြောင်း သိရသည်။

 “မီးသွယ်တန်းမှုမှာလည်း ကြိုးတွေက နဂိုကတည်းက သူတို့ဘာလို့ မစစ်ခဲ့တုန်း။ ဘာလို့ မလုပ်ခဲ့တုန်း။ ကျွန်တော်တို့ ပြောတဲ့ အချိန်ကျမှ ဒီပျောက်ဆုံးယူနစ်တွေက တအားကျလို့ပါ မပြည့်လို့ပါ ဆိုတဲ့ဟာက ကျွန်တော်တို့ နဲ့ မဆိုင်ဘူး။ ကျွန်တော်တို့ပြည်သူက ကျွန်တော်တို့အိမ်မှာသုံးတဲ့မီတာကို လာတဲ့ကြိုးမှာ ပျောက်ဆုံးယူနစ်အတွက် ပေးထားပြီးသား။ တကယ်တမ်း ကျွန်တော်တို့ ဆောင်တာက တစ်ယူနစ်ကို (၆) ဘတ်၊ ပျောက်ဆုံးယူနစ်နဲ့ပေါင်းရင် (၇) ဘတ်လောက်ကျလာတာ။ အဲဒီမှာ ပြည်သူက ပျောက်ဆုံး ယူနစ်ဆိုတာ ထည့်ပြီးပေးပြီးသားလေ”ဟု တာချီလိတ်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့်က ပြောသည်။

ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ဓာတ်အားလိုင်း (၂) ခုဖြင့် ပို့ဆောင်နပြေီး မြန်မာ - ထိုင်းချစ်ကြည်ရေးတံတား (၁) မှ (၈) မဂ္ဂါဝပ်တစ်လုံးနှင့် မြန်မာ - ထိုင်းချစ်ကြည်ရေးတံတား (၂) မှ (၈) မဂ္ဂါဝပ် (၁) လုံး၊ စုစုပေါင်း (၁၆) မဂ္ဂါဝပ်ဖြင့် ပို့လွှတ်နခြေင်းဖြစ်ပြီး သွယ်တန်းထားသည့် မီးကြိုးများမှာလည်း သက်တမ်း (၁၀) နှစ်ကျော် ကာလရှိနေသဖြင့် လိုက်လံစစ်ဆေးပြီး လိုအပ်ပါက အသစ် လဲလှယ်တပ်ဆင်ခြင်းများ လုပ်ဆောင်နေသည်ဟု မီးလင်းရေးကော်မတီထံမှ သိရသည်။

 “မီတာအဟောင်းတွေလဲပစ်တယ်။ အလုံးပေါင်း (၂,ဝဝဝ) ကျော်ပြီ။ အဲဒီလိုလုပ်တဲ့ အခါမှာ ပျောက်ဆုံး ယူနစ်က တဖြည်းဖြည်းနဲ့ လျော့ကျလာတယ်”ဟု မြို့မီးလင်းရေးကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးကျော်စွာလွင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကျေးရွာများတွင် လူနေအိမ်ခြေများ တိုးပွားလာပြီး မီးသုံးစွဲမှု များပြားလာသဖြင့် ကြိုးများ လျှပ်စစ်ဓာတ်အား အပြည့်အဝ စီးဆင်းနိုင်ခြင်း ရှိ၊မရှိကို လိုက်လံစစ်ဆေးနပြေီး လိုအပ်ပါက လျှပ်စစ်ကြိုးများကို အသစ် လဲလှယ်ရန် စီစဉ်ထားကြောင်း သိရသည်။

ယင်းကဲ့သို့ လျှပ်စစ်ကြိုးများ လဲလှယ်ခြင်းနှင့် မီတာများ လဲလှယ်ခြင်းအတွက် မီးလင်းရေးကော်မတီ၏ ရန်ပုံငွေများဖြစ်သည့် ထိုင်းနိုင်ငံသို့ စပေါ်တင်ထားသည့် ထိုင်းဘတ်ငွေ (၆၀၈)သိန်း၊ မြန့်မာ့စီးပွားရေး ဘဏ်ရှိ ငွေကျပ်သိန်းပေါင်း (၃၂,ဝဝဝ) ကျော်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မီးလင်းရေး ကော်မတီက ဒီဇင်ဘာလ (၉)ရက်နေ့တွင် ပြောကြားထားသည်။

သတင်း - #ဟန်စိုးထိုက်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~