Update News

တာခ်ီလိတ္ၿမိဳ႕တြင္ လွ်ပ္စစ္မီး(၄)ရက္ ဆက္တိုက္ ျပတ္ေတာက္မည့္ အစား (၃)ရက္သာ ျပတ္ေတာက္ရန္ လုပ္ငန္းအေျခအေနအရ ေျပာင္းလဲ သတ္မွတ္

တာခ်ီလိတ္တြင္ လွ်ပ္စစ္မီး (၄)ရက္ ျပတ္ေတာက္မည့္ အစား (၃)ရက္သာ ျပတ္ေတာက္မည္ျဖစ္ၿပီး သတ္မွတ္ရက္အား လုပ္ငန္းေဆာင္ရြက္မႈ အေျပာင္းအလဲအရ ေျပာင္းလဲကာ သတ္မွတ္လိုက္ေၾကာင္း ႏွင့္ လွ်ပ္စစ္မီးျဖတ္ေတာက္မည့္ အပိုင္းမွာ လြယ္စီတံုရွိ ၿမိဳ႕မီးလင္းေရးရံုးခြဲမွ လွ်ပ္စစ္မီး ရယူထားသည့္ ရပ္ကြက္မ်ား ႏွင့္ ေက်းရြာမ်ားသာ ျဖစ္ေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕ မယ္ေခါင္ရပ္ကြက္အတြင္းရွိ ျမန္မာ - ထိုင္း ခ်စ္ၾကည္ေရး အမွတ္(၂)တံတားမွ ပါဆတ္ရပ္ကြက္ (ကြ်န္းေတာ)အထိ အရွည္(၂)ကီလိုမီတာအတြင္း SAC(150MM2) Main Cable ႀကိဳးမ်ား အသစ္ လဲလွယ္မည္ ျဖစ္သည့္အတြက္ မီးတိုင္အသစ္စိုက္ထူျခင္း သစ္ပင္မ်ား ခုတ္လဲျခင္း စသည့္ လုပ္ငန္းမ်ား ေဆာင္ရြက္ရန္  မူလက ဇန္န၀ါရီလ(၂၈)ရက္ေန႔မွ ဇန္န၀ါရီလ(၃၁)ရက္ေန႔အထိ ေန႔ပိုင္း လွ်ပ္စစ္မီး (၄)ရက္ဆက္တိုက္ ျဖတ္ေတာက္ထားရန္ သတ္မွတ္ထားေသာ္လည္း လုပ္ငန္းအေျခအေန အေျပာင္းအလဲအရ ရက္ေျပာင္းလဲ သတ္မွတ္လိုက္ျခင္း ျဖစ္ေၾကာင္း သိရသည္။

လွ်ပ္စစ္မီးျဖတ္ေတာက္မည့္ သတ္မွတ္ရက္အျဖစ္ ၂၀၁၉ခုႏွစ္ ဇန္န၀ါရီလ(၂၇)ရက္ေန႔ နံနက္(၉)နာရီမွ ညေန(၃)နာရီအထိ (၁)ရက္ ျပတ္ေတာက္မည္ျဖစ္ၿပီး၊ ဇန္န၀ါရီလ(၂၈)ရက္ႏွင့္(၂၉)ရက္မ်ားအား ပံုမွန္အတိုင္း လွ်ပ္စစ္မီး လႊတ္ေပးထားမည္ျဖစ္ေၾကာင္း သိရသည္။

ဆက္လက္၍ ဇန္န၀ါရီလ(၃၀)ရက္ေန႔မွ ဇန္န၀ါရီလ(၃၁)ရက္ေန႔အထိ လွ်ပ္စစ္မီး (၂)ရက္ ဆက္တိုက္ ျပတ္ေတာက္မည္ ျဖစ္ေၾကာင္းႏွင့္ လွ်ပ္စစ္မီး ျပတ္ေတာက္မည့္အခ်ိန္မွာ နံနက္(၉)နာရီမွ ညေန(၃)နာရီအထိ ျဖစ္ေၾကာင္း သိရသည္။

"ကြ်န္ေတာ္တို႔ မီးတုိင္ေတြေတာ့ စိုက္ၿပီးၿပီ၊ မီးျပတ္ခ်ိန္ (၄)ရက္ဆိုရင္ အၾကာႀကီးျဖစ္ေနမွာဆိုးလို႔ ၊ မနက္ျဖန္ (၂၇)ရက္ တစ္ရက္မီးျဖတ္မယ္၊ ၿပီးရင္ (၂၈)(၂၉)ေပးထားမယ္၊ ေပးၿပီးရင္ (၃၀)(၃၁)ျပတ္မယ္၊ (၃)ရက္နဲ႔ အၿပီးလုပ္မယ္"ဟု တာခ်ီလိတ္ၿမိဳ႕မီးလင္းေရး ေကာ္မတီမွ တြဲဖက္အတြင္းေရးမွဴး ဦးေက်ာ္စြာလြင္က တာခ်ီလိတ္သတင္း ေအဂ်င္စီသို႔ ဇန္န၀ါရီလ(၂၆)ရက္ေန႔တြင္ ေျပာသည္။

ဇန္န၀ါရီလ(၃၁)ရက္ေန႔တြင္ လုပ္ငန္းမၿပီးေျမာက္ေသးပါက လိုအပ္လာလွ်င္၂၀၁၉ခုႏွစ္ ေဖေဖာ္၀ါရီလ(၁)ရက္ေန႔တြင္လည္း ေန႔တစ္ပိုင္း လွ်ပ္စစ္မီး ျဖတ္ေတာက္သြားႏိုင္ေျခရွိေၾကာင္းလည္း သိရသည္။

လွ်ပ္စစ္မီးျပတ္ေတာက္မည့္ ရပ္ကြက္ႏွင့္ေက်းရြာမ်ားတြင္ တာခ်ီလိတ္ၿမိဳ႕ ေရႊတိဂံုေစတီေအာက္ဘက္ရွိ မီးလင္းရံုးႏွင့္ သက္ဆိုင္သည့္ ရပ္ကြက္မ်ားတြင္ ျပတ္ေတာက္မည္မဟုတ္ဘဲ လြယ္စီတံု တာေ၀မီးစက္ရွိ မီးလင္းေရးရံုးခြဲႏွင့္ သက္ဆိုင္သည့္ ဆန္ဆိုင္း(က) ႏွင့္ မယ္ေခါင္ရပ္ကြက္ အတြင္းလမ္းမ်ား အပါအ၀င္ ရန္ေအာင္ေျမရပ္ကြက္၊ ၀ိန္းေက်ာက္ရပ္ကြက္၊ ပါဆတ္၊ ၀မ္လံုး၊ ေဆးခမ္း၊ စက္မႈဇုန္  အပါအ၀င္ မိုင္းကိုး ႏွင့္ မိုင္းဖုန္းေက်းရြာမ်ားအထိ ျပတ္ေတာက္မည္ျဖစ္ေၾကာင္း သိရွိရသည္။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~


တာချီလိတ်တွင် လျှပ်စစ်မီး (၄)ရက် ပြတ်တောက်မည့် အစား (၃)ရက်သာ ပြတ်တောက်မည်ဖြစ်ပြီး သတ်မှတ်ရက်အား လုပ်ငန်းဆောင်ရွက်မှု အပြောင်းအလဲအရ ပြောင်းလဲကာ သတ်မှတ်လိုက်ကြောင်း နှင့် လျှပ်စစ်မီးဖြတ်တောက်မည့် အပိုင်းမှာ လွယ်စီတုံရှိ မြို့မီးလင်းရေးရုံးခွဲမှ လျှပ်စစ်မီး ရယူထားသည့် ရပ်ကွက်များ နှင့် ကျေးရွာများသာ ဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့ မယ်ခေါင်ရပ်ကွက်အတွင်းရှိ မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၂)တံတားမှ ပါဆတ်ရပ်ကွက် (ကျွန်းတော)အထိ အရှည်(၂)ကီလိုမီတာအတွင်း SAC(150MM2) Main Cable ကြိုးများ အသစ် လဲလှယ်မည် ဖြစ်သည့်အတွက် မီးတိုင်အသစ်စိုက်ထူခြင်း သစ်ပင်များ ခုတ်လဲခြင်း စသည့် လုပ်ငန်းများ ဆောင်ရွက်ရန် မူလက ဇန်နဝါရီလ(၂၈)ရက်နေ့မှ ဇန်နဝါရီလ(၃၁)ရက်နေ့အထိ နေ့ပိုင်း လျှပ်စစ်မီး (၄)ရက်ဆက်တိုက် ဖြတ်တောက်ထားရန် သတ်မှတ်ထားသော်လည်း လုပ်ငန်းအခြေအနေ အပြောင်းအလဲအရ ရက်ပြောင်းလဲ သတ်မှတ်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

လျှပ်စစ်မီးဖြတ်တောက်မည့် သတ်မှတ်ရက်အဖြစ် ၂၀၁၉ခုနှစ် ဇန်နဝါရီလ(၂၇)ရက်နေ့ နံနက်(၉)နာရီမှ ညနေ(၃)နာရီအထိ (၁)ရက် ပြတ်တောက်မည်ဖြစ်ပြီး၊ ဇန်နဝါရီလ(၂၈)ရက်နှင့်(၂၉)ရက်များအား ပုံမှန်အတိုင်း လျှပ်စစ်မီး လွှတ်ပေးထားမည်ဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ ဇန်နဝါရီလ(၃၀)ရက်နေ့မှ ဇန်နဝါရီလ(၃၁)ရက်နေ့အထိ လျှပ်စစ်မီး (၂)ရက် ဆက်တိုက် ပြတ်တောက်မည် ဖြစ်ကြောင်းနှင့် လျှပ်စစ်မီး ပြတ်တောက်မည့်အချိန်မှာ နံနက်(၉)နာရီမှ ညနေ(၃)နာရီအထိ ဖြစ်ကြောင်း သိရသည်။

"ကျွန်တော်တို့ မီးတိုင်တွေတော့ စိုက်ပြီးပြီ၊ မီးပြတ်ချိန် (၄)ရက်ဆိုရင် အကြာကြီးဖြစ်နေမှာဆိုးလို့၊ မနက်ဖြန် (၂၇)ရက် တစ်ရက်မီးဖြတ်မယ်၊ ပြီးရင် (၂၈)(၂၉)ပေးထားမယ်၊ ပေးပြီးရင် (၃၀)(၃၁)ပြတ်မယ်၊ (၃)ရက်နဲ့ အပြီးလုပ်မယ်"ဟု တာချီလိတ်မြို့မီးလင်းရေး ကော်မတီမှ တွဲဖက်အတွင်းရေးမှူး ဦးကျော်စွာလွင်က တာချီလိတ်သတင်း အေဂျင်စီသို့ ဇန်နဝါရီလ(၂၆)ရက်နေ့တွင် ပြောသည်။

ဇန်နဝါရီလ(၃၁)ရက်နေ့တွင် လုပ်ငန်းမပြီးမြောက်သေးပါက လိုအပ်လာလျှင်၂၀၁၉ခုနှစ် ဖေဖော်ဝါရီလ(၁)ရက်နေ့တွင်လည်း နေ့တစ်ပိုင်း လျှပ်စစ်မီး ဖြတ်တောက်သွားနိုင်ခြေရှိကြောင်းလည်း သိရသည်။

လျှပ်စစ်မီးပြတ်တောက်မည့် ရပ်ကွက်နှင့်ကျေးရွာများတွင် တာချီလိတ်မြို့ ရွှေတိဂုံစေတီအောက်ဘက်ရှိ မီးလင်းရုံးနှင့် သက်ဆိုင်သည့် ရပ်ကွက်များတွင် ပြတ်တောက်မည်မဟုတ်ဘဲ လွယ်စီတုံ တောဝမီးစက်ရှိ မီးလင်းရေးရုံးခွဲနှင့် သက်ဆိုင်သည့် ဆန်ဆိုင်း(က) နှင့် မယ်ခေါင်ရပ်ကွက် အတွင်းလမ်းများ အပါအဝင် ရန်အောင်မြေရပ်ကွက်၊ ဝိန်းကျောက်ရပ်ကွက်၊ ပါဆတ်၊ ဝမ်လုံး၊ ဆေးခမ်း၊ စက်မှုဇုန် အပါအဝင် မိုင်းကိုး နှင့် မိုင်းဖုန်းကျေးရွာများအထိ ပြတ်တောက်မည်ဖြစ်ကြောင်း သိရှိရသည်။

Tachileik News Agency
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

« PREV
NEXT »

No comments

Post a Comment

:::::::::: လႈိက္လွဲစြာ ေက်းဇုူးတင္ရွိပါသည္ ::::::::::