စစ္ကိုင္းၿမိဳ႕နယ္ ေတာင္ညိဳရြာတြင္ ေက်ာက္က်င္းၿပိဳက်မႈေၾကာင့္ (၃)ဦးေသဆံုးကာ (၁)ဦး စိုးရိမ္ရ

စစ္ကိုင္းၿမိဳ႕နယ္ ေတာင္ညိဳရြာတြင္ ေက်ာက္က်င္းၿပိဳက်မႈေၾကာင့္ (၃)ဦးေသဆံုးကာ (၁)ဦး စိုးရိမ္ရ
ဇန်နဝါရီ 28, 2019
By Tachileik News Agency

စစ္ကိုင္းၿမိဳ႕နယ္၊ ေက်ာက္တာေက်းရြာအုပ္စု၊ ေတာင္ညိဳေက်းရြာ၏ ေတာင္ဘက္ ရွင္သီ၀လိေတာရအနီးရွိ ေက်ာက္က်င္းတြင္ ေက်ာက္မ်ားတူးရာက ၿပိဳက်မႈ ၂၀၁၉ခုႏွစ္ ဇန္န၀ါရီလ(၂၈)ရက္ေန႔ နံနက္ပိုင္းက ျဖစ္ပြားခဲ့ၿပီး ေက်ာက္က်င္းၿပိဳက်မႈေၾကာင့္ (၃)ဦး ေသဆံုးကာ တစ္ဦး ဒဏ္ရရွိမႈျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

အဆိုပါ ျဖစ္စဥ္ေၾကာင့္ ပိတ္မိေနသူ (၄)ဦးအနက္  အသက္(၄၇)ႏွစ္ရွိ ေဒၚစန္း ႏွင့္ အသက္(၃၂)ႏွစ္ရွိ သူရေအာင္ အပါအ၀င္  အသက္(၁၇)ႏွစ္ရွိ ေ၀လင္းထြန္းတို႔မွာ ေနရာတြင္ ေသဆံုးသြားၿပီး အသက္(၃၂)ႏွစ္ရွိ ခ်က္ေဖာင္းဆိုသူမွာ  စိုးရိမ္ရသည့္ ဒဏ္ရာမ်ားျဖင့္ မႏၱေလးေဆးရံုတြင္ အေရးေပၚ ေဆးကုသမႈ ခံယူေနရေၾကာင္း သိရသည္။

"အားလံုးေပါင္း (၄)ေယာက္ တစ္ေယာက္ကေတာ့ အသက္ရွင္တယ္၊  စိုးရိမ္ရတယ္၊ လက္ေတြေၾကသြားတယ္၊ ေျခေထာက္လည္း က်ဳိးမယ္၊ ေခါင္းမွာလည္း ေတာ္ေတာ္ေလး ဒဏ္ရာ ရသြားတယ္၊ အခု မႏၱေလးေဆးရံုမွာ ပို႔ထားတယ္၊"ဟု အေရးေပၚကယ္ဆယ္ေရးအဖြဲ႕(စစ္ကိုင္း)မွ တာ၀န္ရွိသူတစ္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ဇန္န၀ါရီလ(၂၈)ရက္ေန႔ ညေနပိုင္းက ေျပာသည္။

အခင္းျဖစ္ပြားရာ ေနရာသို႔ နယ္ေျမခံတပ္မွ တပ္မေတာ္သားမ်ား၊ စစ္ကိုင္းခရိုင္မီးသတ္ဦးစီးမွဴး လက္ေထာက္ညႊန္ၾကားေရးမွဴး ဦးေက်ာ္ေက်ာ္ႏိုင္ ဦးစီးသည္ ခရိုင္/ၿမိဳ႕နယ္ မီးသတ္တပ္ဖြဲ႔ ႏွင့္ အရန္မီးသတ္တပ္ဖြဲ႔ စုစုေပါင္း (၃၅)ဦး   ၾကက္ေျခနီတပ္ဖြဲ႔၀င္မ်ား၊ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႔၀င္မ်ား အပါအ၀င္ စစ္ကိုင္းအေရးေပၚကယ္ဆယ္ေရးအဖြဲ႕(SERT)၊ အုိးဘုိက်န္းမာေရးနွင့္လူမႈကူညီေရးအသင္း၊ သုခကာရီ က်န္းမာေရးႏွင့္ လူမႈကူညီေရးအသင္း ၊ MYANMAR RESCUE MANDALAY ႏွင့္ ေရးေပၚကယ္ဆယ္ေရး ကယ္ဆယ္ေရးအဖြဲ႔မ်ား၊ လူမႈကူညီေရးအသင္းမ်ား စုေပါင္း၍ ကယ္ဆယ္မႈမ်ားကို လုပ္ေဆာင္ခဲ့ၾကရာ ရွာေဖြကယ္ဆယ္ေရးမွာ ေန႔လည္(၁း၄၅)နာရီ၀န္းက်င္တြင္ ၿပီးဆံုးခဲ့ေၾကာင္း သိရသည္။

အဆိုပါ ေက်ာက္က်င္းတြင္ ေက်ာက္တူး ေက်ာက္ၿဖိဳျခင္းလုပ္ငန္းကို လာေရာက္ လုပ္ကိုင္သူမ်ားမွာ တရား၀င္ ခြင့္ျပဳခ်က္ျဖင့္ လုပ္ေဆာင္ေနၾကသူမ်ား မဟုတ္ေၾကာင္းႏွင့္ သက္ဆိုင္ရာမွ ေရွာင္တခင္ လာေရာက္စစ္ေဆးသည့္အခါမ်ားတြင္ ေရွာင္တိမ္းသြားမႈမ်ား ရွိေၾကာင္း သိရသည္။

အဆိုပါ ေက်ာက္မ်ားကို ေဒသအေခၚျဖင့္ ေက်ာက္ျဖဴေက်ာက္ ဟုလည္း ေခၚၾကၿပီး ၾကက္စာမ်ားေကြ်းရာတြင္ ေက်ာက္ျဖဴမ်ားကို အမႈန္႔ႀကိတ္၍ ေရာေႏွာကာ ၾကက္စာေကြ်းသည့္အတြက္ ၾကက္စာေက်ာက္ဟုလည္း ေခၚေၾကာင္း သိရွိရသည္။

Tachileik News Agency
ဓါတ္ပံု - စစ္ကိုင္းအေရးေပၚကယ္ဆယ္ေရးအဖြဲ႕(SERT)


~~~~~~~⊰❂ Unicode Version ~~~~~~~~

စစ်ကိုင်းမြို့နယ်၊ ကျောက်တာကျေးရွာအုပ်စု၊ တောင်ညိုကျေးရွာ၏ တောင်ဘက် ရှင်သီဝလိတောရအနီးရှိ ကျောက်ကျင်းတွင် ကျောက်များတူးရာက ပြိုကျမှု ၂၀၁၉ခုနှစ် ဇန်နဝါရီလ(၂၈)ရက်နေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့ပြီး ကျောက်ကျင်းပြိုကျမှုကြောင့် (၃)ဦး သေဆုံးကာ တစ်ဦး ဒဏ်ရရှိမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်ကြောင့် ပိတ်မိနေသူ (၄)ဦးအနက် အသက်(၄၇)နှစ်ရှိ ဒေါ်စန်း နှင့် အသက်(၃၂)နှစ်ရှိ သူရအောင် အပါအဝင် အသက်(၁၇)နှစ်ရှိေဝလင်းထွန်းတို့မှာ နေရာတွင် သေဆုံးသွားပြီး အသက်(၃၂)နှစ်ရှိ ချက်ဖောင်းဆိုသူမှာ စိုးရိမ်ရသည့် ဒဏ်ရာများဖြင့် မန္တလေးဆေးရုံတွင် အရေးပေါ် ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။

"အားလုံးပေါင်း (၄)ယောက် တစ်ယောက်ကတော့ အသက်ရှင်တယ်၊ စိုးရိမ်ရတယ်၊ လက်တွေကြေသွားတယ်၊ ခြေထောက်လည်း ကျိုးမယ်၊ ခေါင်းမှာလည်း တော်တော်လေး ဒဏ်ရာ ရသွားတယ်၊ အခု မန္တလေးဆေးရုံမှာ ပို့ထားတယ်၊"ဟု အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့(စစ်ကိုင်း)မှ တာဝန်ရှိသူတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ဇန်နဝါရီလ(၂၈)ရက်နေ့ ညနေပိုင်းက ပြောသည်။

အခင်းဖြစ်ပွားရာ နေရာသို့ နယ်မြေခံတပ်မှ တပ်မတော်သားများ၊ စစ်ကိုင်းခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ကျော်နိုင် ဦးစီးသည် ခရိုင်/မြို့နယ် မီးသတ်တပ်ဖွဲ့ နှင့် အရန်မီးသတ်တပ်ဖွဲ့ စုစုပေါင်း (၃၅)ဦး ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ အပါအဝင် စစ်ကိုင်းအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့(SERT)၊ အိုးဘိုကျန်းမာရေးနှင့်လူမှုကူညီရေးအသင်း၊ သုခကာရီ ကျန်းမာရေးနှင့် လူမှုကူညီရေးအသင်း၊ MYANMAR RESCUE MANDALAY နှင့် ရေးပေါ်ကယ်ဆယ်ရေး ကယ်ဆယ်ရေးအဖွဲ့များ၊ လူမှုကူညီရေးအသင်းများ စုပေါင်း၍ ကယ်ဆယ်မှုများကို လုပ်ဆောင်ခဲ့ကြရာ ရှာဖွေကယ်ဆယ်ရေးမှာ နေ့လည်(၁း၄၅)နာရီဝန်းကျင်တွင် ပြီးဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ ကျောက်ကျင်းတွင် ကျောက်တူး ကျောက်ဖြိုခြင်းလုပ်ငန်းကို လာရောက် လုပ်ကိုင်သူများမှာ တရားဝင် ခွင့်ပြုချက်ဖြင့် လုပ်ဆောင်နကြေသူများ မဟုတ်ကြောင်းနှင့် သက်ဆိုင်ရာမှ ရှောင်တခင် လာရောက်စစ်ဆေးသည့်အခါများတွင် ရှောင်တိမ်းသွားမှုများ ရှိကြောင်း သိရသည်။

အဆိုပါ ကျောက်များကို ဒေသအခေါ်ဖြင့် ကျောက်ဖြူကျောက် ဟုလည်း ခေါ်ကြပြီး ကြက်စာများကျွေးရာတွင် ကျောက်ဖြူများကို အမှုန့်ကြိတ်၍ ရောနှောကာ ကြက်စာကျွေးသည့်အတွက် ကြက်စာကျောက်ဟုလည်း ခေါ်ကြောင်း သိရှိရသည်။

Tachileik News Agency
ဓာတ်ပုံ - စစ်ကိုင်းအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့(SERT)

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~