ရွမ္းျပည္နယ္ေတာင္ပိုင္းႏွင့္ အေရွ႕ပိုင္းအတြင္း အခ်ဳိ႕ေက်းရြာမ်ားရွိ ဘိန္းခင္း (၁၂၈)ဧကကို (၃)ရက္တာအတြင္း စုေပါင္းအဖြဲ႔ျဖင့္ ခုတ္ထစ္ရွင္းလင္း

ရွမ္းျပည္နယ္ေတာင္ပိုင္းႏွင့္ အေရွ႕ပိုင္းအတြင္း အခ်ဳိ႕ေက်းရြာမ်ားရွိ ဘိန္းခင္း (၁၂၈)ဧကကို (၃)ရက္တာအတြင္း စုေပါင္းအဖြဲ႔ျဖင့္ ခုတ္ထစ္ရွင္းလင္း
ဇန်နဝါရီ 17, 2019
By Tachileik News Agency

ရွမ္းျပည္နယ္ေတာင္ပိုင္းေဒသအတြင္း ဆီဆိုင္ၿမိဳ႕နယ္ ဟိုပုံးၿမိဳ႕ၿမိဳ႕နယ္အတြင္း အပါအ၀င္ ရွမ္းျပည္နယ္ အေရွ႕ပိုင္း မိုင္းပ်ဥ္းၿမိဳ႕နယ္အတြင္းရွိ ေက်းရြာမ်ားရွိ ဘိန္းစိုက္ခင္း စုစုေပါင္း (၁၂၈)ဧက ကို (၃)ရက္တာ ကာလအတြင္း စုေပါင္း ဖ်က္ဆီးခဲ့ၾကေၾကာင္း သိရသည္။

ရွမ္းျပည္နယ္ေတာင္ပိုင္း ဆီဆိုင္ၿမိဳ႕နယ္ ပန္အြန္းေက်းရြာ အနီးတြင္ ၂၀၁၉ခုႏွစ္ ဇန္န၀ါရီလ(၁၄)ရက္ေန႔မွ ဇန္န၀ါရီလ(၁၆)ရက္ေန႔အထိ ဘိန္းစိုက္ခင္း ဧကေပါင္း (၆၆)ဧက ကို ဆီဆိုင္ၿမိဳ႕နယ္ရဲတပ္ဖြဲ႔ႏွင့္ သက္ဆိုင္ရာ ပူးေပါင္းအဖြဲ႔တို႔က ခုတ္ထစ္ရွင္းလင္းေစခဲ့ေၾကာင္း သိရသည္။

ရွမ္းျပည္နယ္ေတာင္ပိုင္း ဟိုပံုးၿမိဳ႕နယ္ ဒံုလိတန္ေက်းရြာတြင္ ဘိန္းစိုက္ခင္း စုစုေပါင္း (၅၄)ဧက ၂၀၁၉ခုႏွစ္ ဇန္န၀ါရီလ(၁၅)ရက္ေန႔ႏွင့္ (၁၆)ရက္ေန႔မ်ားက လည္းေကာင္း၊ ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ မိုင္းပ်ဥ္းၿမိဳ႕နယ္ ပန္တားေလးေက်းရြာအနီးရွိ ဘိန္းစိုက္ခင္း (၈)ဧကအား ဇန္န၀ါရီလ(၁၆)ရက္ေန႔က စုေပါင္းအဖြဲ႔ျဖင့္လည္းေကာင္း  ဖ်က္ဆီးခဲ့ၾကေၾကာင္း သိရသည္။

ဘိန္းစိုက္ပ်ဳိးကာလဟု သတ္မွတ္ထားသည့္ ႏွစ္စဥ္  စက္တင္ဘာလ၊ ေအာက္တိုဘာ၊ ႏို၀င္ဘာ ႏွင့္ ဒီဇင္ဘာလမ်ားတြင္ ဘိန္းပင္မ်ားစိုက္ပ်ဳိးေလ့ရွိသည့္ ေဒသမ်ားသို႔ သက္ဆိုင္ရာမ်ားမွ သြားေရာက္ကာ ဘိန္းခင္မ်ားကို ရွာေဖြဖ်က္ဆီးမႈမ်ား ျပဳလုပ္ေလ့ရွိေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - ရဲတပ္ဖြဲ႔


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်တောင်ပိုင်းဒေသအတွင်း ဆီဆိုင်မြို့နယ် ဟိုပုံးမြို့မြို့နယ်အတွင်း အပါအဝင် ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်အတွင်းရှိ ကျေးရွာများရှိ ဘိန်းစိုက်ခင်း စုစုပေါင်း (၁၂၈)ဧက ကို (၃)ရက်တာ ကာလအတွင်း စုပေါင်း ဖျက်ဆီးခဲ့ကြကြောင်း သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ် ပန်အွန်းကျေးရွာ အနီးတွင် ၂၀၁၉ခုနှစ် ဇန်နဝါရီလ(၁၄)ရက်နေ့မှ ဇန်နဝါရီလ(၁၆)ရက်နေ့အထိ ဘိန်းစိုက်ခင်း ဧကပေါင်း (၆၆)ဧက ကို ဆီဆိုင်မြို့နယ်ရဲတပ်ဖွဲ့နှင့် သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့တို့က ခုတ်ထစ်ရှင်းလင်းစေခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံးမြို့နယ် ဒုံလိတန်ကျေးရွာတွင် ဘိန်းစိုက်ခင်း စုစုပေါင်း (၅၄)ဧက ၂၀၁၉ခုနှစ် ဇန်နဝါရီလ(၁၅)ရက်နေ့နှင့် (၁၆)ရက်နေ့များက လည်းကောင်း၊ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းပျဉ်းမြို့နယ် ပန်တားလေးကျေးရွာအနီးရှိ ဘိန်းစိုက်ခင်း (၈)ဧကအား ဇန်နဝါရီလ(၁၆)ရက်နေ့က စုပေါင်းအဖွဲ့ဖြင့်လည်းကောင်း ဖျက်ဆီးခဲ့ကြကြောင်း သိရသည်။

ဘိန်းစိုက်ပျိုးကာလဟု သတ်မှတ်ထားသည့် နှစ်စဉ် စက်တင်ဘာလ၊ အောက်တိုဘာ၊ နိုဝင်ဘာ နှင့် ဒီဇင်ဘာလများတွင် ဘိန်းပင်များစိုက်ပျိုးလေ့ရှိသည့် ဒေသများသို့ သက်ဆိုင်ရာများမှ သွားရောက်ကာ ဘိန်းခင်များကို ရှာဖွေဖျက်ဆီးမှုများ ပြုလုပ်လေ့ရှိကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~