“၀” ၿငိမ္းခ်မ္းေရးပြဲေတာ္ ႏွစ္ ၃၀ ျပည့္ ပြဲေတာ္မက်င္းပမီ “၀” ေဒသေျမာက္ပိုင္းတြင္ Mytel ဆင္းကတ္ အသံုးျပဳႏိုင္ရန္စီစဥ္

“၀” ၿငိမ္းခ်မ္းေရးပြဲေတာ္ ႏွစ္ ၃၀ ျပည့္ ပြဲေတာ္မက်င္းပမီ “၀” ေဒသေျမာက္ပိုင္းတြင္ Mytel ဆင္းကတ္ အသံုးျပဳႏိုင္ရန္စီစဥ္
ဇန်နဝါရီ 25, 2019
By Tachileik News Agency

ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ “၀” ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသတြင္ ၂၀၁၉ ခုႏွစ္ ဧၿပီလ (၁၇) ရက္ေန႔၌ က်င္းပမည့္ ႏွစ္(၃၀)ျပည့္ ၿငိမ္းခ်မ္းေရးပြဲေတာ္မတုိင္မီကာလအတြင္း “ဝ”ေဒသတြင္ Mytel  ဆင္းကဒ္ အသံုးျပဳႏုိင္ရန္ စီစဥ္ေနေၾကာင္း သိရသည္။

"ကြ်န္ေတာ္တို႔ Mytel နဲ႔ တိုင္ပင္ေဆြးေႏြးတာ အႀကိမ္ႀကိမ္အခါခါ ရိွခဲ့ၿပီေပါ့။ နားလည္မႈသေဘာတူညီမႈ စာခြ်န္လႊာေတြ ကၽြန္ေတာ္တို႔ ခ်ဳပ္ဆိုၿပီးမွ အခုက ျပင္ဆင္ေနၾကတယ္။ ကၽြန္ေတာ္ထင္တာ ေနာက္ထပ္ ႏွစ္လ၊ သံုးလ အေတာအတြင္းမွာ သူတို႔ အသံုးျပဳႏိုင္မယ္လို႔ေတာ့ ေျပာတယ္။ အခုကေတာ့ သူတို႔ လုပ္ေနၾကတယ္”ဟု UWSA/UWSP ၏လားရိႈးအေျခစိုက္ ဆက္ဆံေရးရံုးတာ၀န္ခံ ဦးညီရမ္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ဇန္န၀ါရီလ (၂၄)ရက္ေန႔က ေျပာသည္။

တရုတ္ႏုိင္ငံမွ ဆက္သြယ္ေရးလုိင္းကို အသံုးျပဳေနသည့္ “၀” ေဒသေျမာက္ပိုင္းရိွ ေနရာ အားလံုးတြင္  ျမန္မာႏုိင္ငံမွ ဆက္သြယ္ေရးလုိင္းျဖစ္သည့္ Mytel ဖုန္းလုိင္း၊ အင္တာနက္လုိင္းမ်ားကို အသံုးျပဳႏုိင္ရန္ စီစဥ္ ေနျခင္းျဖစ္ေၾကာင္း သိရသည္။

“ကြ်န္ေတာ္တို႔ “၀” ျပည္မွာလည္း ဒီဆင္းကတ္ ျမန္မာဖုန္းလိုင္းရမယ္ဆိုရင္ ကၽြန္ေတာ္တို႔ ဘယ္လိုပဲျဖစ္ျဖစ္ ကူးလူး ဆက္ဆံမႈေတြ၊ စာေပယဥ္ေက်းမႈေတြ အဖက္ဖက္က ႏိုင္ငံေရး၊ စီးပြားေရး ကူးလူးဆက္ဆံမႈ လြယ္ကူသြားမွာေပါ့။ အေထာက္အကူျပဳမွာေပါ့”ဟု ဦးညီရမ္းက ေျပာသည္။

“ဝ” ေဒသတြင္ ျမန္မာဆက္သြယ္ေရးလိုင္းအသံုးျပဳျခင္းျဖင့္ ႏိုင္ငံေရး၊ စီးပြားေရး ကူးလူးဆက္ဆံမႈတြင္ ပိုမိုလြယ္ကူေစရန္ရည္ရြယ္ျခင္းျဖစ္ေၾကာင္း “ဝ” ေဒသတာဝန္ရိွသူမ်ားက ဆိုသည္။

သတင္း - ဟန္စိုးထုိက္


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်မြောက်ပိုင်း၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ၂၀၁၉ ခုနှစ် ဧပြီလ (၁၇) ရက်နေ့၌ ကျင်းပမည့် နှစ်(၃၀)ပြည့် ငြိမ်းချမ်းရေးပွဲတော်မတိုင်မီကာလအတွင်း “ဝ”ဒေသတွင် Mytel ဆင်းကဒ် အသုံးပြုနိုင်ရန် စီစဉ်နေကြောင်း သိရသည်။

"ကျွန်တော်တို့ Mytel နဲ့ တိုင်ပင်ဆွေးနွေးတာ အကြိမ်ကြိမ်အခါခါ ရှိခဲ့ပြီပေါ့။ နားလည်မှုသဘောတူညီမှု စာချွန်လွှာတွေ ကျွန်တော်တို့ ချုပ်ဆိုပြီးမှ အခုက ပြင်ဆင်နကြေတယ်။ ကျွန်တော်ထင်တာ နောက်ထပ် နှစ်လ၊ သုံးလ အတောအတွင်းမှာ သူတို့ အသုံးပြုနိုင်မယ်လို့တော့ ပြောတယ်။ အခုကတော့ သူတို့ လုပ်နကြေတယ်”ဟု UWSA/UWSP၏လားရှိုးအခြေစိုက် ဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရမ်းက တာချီလိတ်သတင်းအေဂျင်စီသို့ ဇန်နဝါရီလ (၂၄)ရက်နေ့က ပြောသည်။

တရုတ်နိုင်ငံမှ ဆက်သွယ်ရေးလိုင်းကို အသုံးပြုနေသည့် “ဝ” ဒေသမြောက်ပိုင်းရှိ နေရာ အားလုံးတွင် မြန်မာနိုင်ငံမှ ဆက်သွယ်ရေးလိုင်းဖြစ်သည့် Mytel ဖုန်းလိုင်း၊ အင်တာနက်လိုင်းများကို အသုံးပြုနိုင်ရန် စီစဉ် နခြေင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ “ဝ” ပြည်မှာလည်း ဒီဆင်းကတ် မြန်မာဖုန်းလိုင်းရမယ်ဆိုရင် ကျွန်တော်တို့ ဘယ်လိုပဲဖြစ်ဖြစ် ကူးလူး ဆက်ဆံမှုတွေ၊ စာပေယဉ်ကျေးမှုတွေ အဖက်ဖက်က နိုင်ငံရေး၊ စီးပွားရေး ကူးလူးဆက်ဆံမှု လွယ်ကူသွားမှာပေါ့။ အထောက်အကူပြုမှာပေါ့”ဟု ဦးညီရမ်းက ပြောသည်။

“ဝ” ဒေသတွင် မြန်မာဆက်သွယ်ရေးလိုင်းအသုံးပြုခြင်းဖြင့် နိုင်ငံရေး၊ စီးပွားရေး ကူးလူးဆက်ဆံမှုတွင် ပိုမိုလွယ်ကူစေရန်ရည်ရွယ်ခြင်းဖြစ်ကြောင်း “ဝ” ဒေသတာဝန်ရှိသူများက ဆိုသည်။

သတင်း - ဟန်စိုးထိုက်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~