အီလက္ထေရာနစ္မွတ္ပံုတင္ စနစ္ျဖင့္ ကုမၸဏီမ်ား မွတ္ပံုတင္ျခင္းအျပင္ မွတ္ပံုတင္ပံုစံ (၆)မ်ိဳး ထပ္တိုး အသံုးျပဳလာႏိုင္

အီလက္ထေရာနစ္မွတ္ပံုတင္ စနစ္ျဖင့္ ကုမၸဏီမ်ား မွတ္ပံုတင္ျခင္းအျပင္ မွတ္ပံုတင္ပံုစံ (၆)မ်ိဳး ထပ္တိုး အသံုးျပဳလာႏိုင္
ဇန်နဝါရီ 17, 2019
By Tachileik News Agency

ျမန္မာႏုိင္ငံတြင္ ကုမၸဏီမ်ားအား မွတ္ပံုတင္ျခင္း စနစ္ကို အီလက္ထေရာနစ္မွတ္ပံုတင္စနစ္ MYCO ျဖင့္  ၂၀၁၈ခုႏွစ္၊ ၾသဂုတ္လ (၁) ရက္ေန႔မွစ၍ က်င့္သံုးလာခဲ့ၿပီးေနာက္ ၂၀၁၉ ခုႏွစ္ ဇန္နဝါရီလ (၁၆) ရက္ေန႔မွ စတင္၍ မွတ္ပံုတင္ပံုစံ(၆)မ်ိဳးကို ထပ္မံအသံုးျပဳလာႏုိင္ၿပီျဖစ္ေၾကာင္း သိရသည္။

တပ္တိုးအသံုးျပဳလာႏိုင္သည့္ မွတ္ပံုတင္ပံုစံမ်ားတြင္ ပုံစံ ဂ-၅(တရား႐ုံးအမိန္႔ႏွင့္ စပ္လ်ဥ္းသည့္ မွတ္ပုံတင္စာရင္း မွားယြင္းမႈမ်ား ျပင္ဆင္ျခင္း၊ ဂ-၁၀ (မွတ္ပုံတင္စာရင္းထိန္းသိမ္းထားသည့္ ေနရာေျပာင္းလဲျခင္း)၊ ဂ-၁၁ (မွတ္ပုံတင္ထားေသာ ႐ုံးခန္းေျပာင္းလဲရန္ မွတ္ပုံတင္ အရာရွိထံမွ အေၾကာင္းၾကားျခင္း)၊ ဂ-၁၂ (ကုမၸဏီအမည္ ေျပာင္းလဲရန္ မွတ္ပုံတင္ အရာရွိထံမွ အေၾကာင္းၾကားျခင္း)၊ ပုံစံ င-၁၀၊ င-၁၁ ႏွင့္ င-၁၂ (ျပည္ပေကာ္ပိုေရးရွင္းသည္ယင္း၏ မူလႏိုင္ငံတြင္ မွတ္ပုံတင္ စာရင္းမွပ ယ္ဖ်က္ျခင္းဆိုင္ရာ ပုံစံမ်ား)ႏွင့္ ပုံစံ ည-၁၊ည-၂၊ည-၃၊ည-၇၊ည-၈၊ည-၉ ႏွင့္ ည-၁၀ (ကုမၸဏီ ဖ်က္သိမ္းျခင္း ဆိုင္ရာ ပုံစံမ်ား)ကို လုပ္ေဆာင္လာႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံကုမၸဏီမ်ားအက္ ဥပေဒ၁၉၁၄ႏွင့္ မွတ္ပံုတင္ထားေသာ တည္ဆဲအသင္းအဖြဲ႔မ်ား၊ အဖြဲ႕အစည္းမ်ား အားလံုးသည္ ျမန္မာႏိုင္ငံကုမၸဏီမ်ား ဥပေဒ ၂၀၁၇ အရ အီလက္ထေရာနစ္စနစ္ျဖင့္ ျပန္လည္ မွတ္ပံုတင္ျခင္းကို ၂၀၁၉ ခုႏွစ္ ၊ဇန္နဝါရီလ (၃၁) ရက္ေန႔အတြင္း လုပ္ေဆာင္ၾကရန္ အသိေပးေၾကညာထားျခင္းျဖစ္သည္။

အီလက္ထေရာနစ္စနစ္အရ ျပန္လည္မွတ္ပံုမတင္သည့္ ကုမၸဏီမ်ားသည္ မွတ္ပံုတင္စာရင္းမွ ပယ္ဖ်က္ခံ ရမည္ျဖစ္သည္။

Tachileik News Agency



~~~~~~~~⊰❂ Unicode Version ~~~~~~~~


မြန်မာနိုင်ငံတွင် ကုမ္ပဏီများအား မှတ်ပုံတင်ခြင်း စနစ်ကို အီလက်ထရောနစ်မှတ်ပုံတင်စနစ် MYCO ဖြင့် ၂၀၁၈ခုနှစ်၊ သြဂုတ်လ (၁) ရက်နေ့မှစ၍ ကျင့်သုံးလာခဲ့ပြီးနောက် ၂၀၁၉ ခုနှစ် ဇန်နဝါရီလ (၁၆) ရက်နေ့မှ စတင်၍ မှတ်ပုံတင်ပုံစံ(၆)မျိုးကို ထပ်မံအသုံးပြုလာနိုင်ပြီဖြစ်ကြောင်း သိရသည်။

တပ်တိုးအသုံးပြုလာနိုင်သည့် မှတ်ပုံတင်ပုံစံများတွင် ပုံစံ ဂ-၅(တရားရုံးအမိန့်နှင့် စပ်လျဉ်းသည့် မှတ်ပုံတင်စာရင်း မှားယွင်းမှုများ ပြင်ဆင်ခြင်း၊ ဂ-၁၀ (မှတ်ပုံတင်စာရင်းထိန်းသိမ်းထားသည့် နေရာပြောင်းလဲခြင်း)၊ ဂ-၁၁ (မှတ်ပုံတင်ထားသော ရုံးခန်းပြောင်းလဲရန် မှတ်ပုံတင် အရာရှိထံမှ အကြောင်းကြားခြင်း)၊ ဂ-၁၂ (ကုမ္ပဏီအမည် ပြောင်းလဲရန် မှတ်ပုံတင် အရာရှိထံမှ အကြောင်းကြားခြင်း)၊ ပုံစံ င-၁၀၊ င-၁၁ နှင့် င-၁၂ (ပြည်ပကော်ပိုရေးရှင်းသည်ယင်း၏ မူလနိုင်ငံတွင် မှတ်ပုံတင် စာရင်းမှပ ယ်ဖျက်ခြင်းဆိုင်ရာ ပုံစံများ)နှင့် ပုံစံ ည-၁၊ည-၂၊ည-၃၊ည-၇၊ည-၈၊ည-၉ နှင့် ည-၁၀ (ကုမ္ပဏီ ဖျက်သိမ်းခြင်း ဆိုင်ရာ ပုံစံများ)ကို လုပ်ဆောင်လာနိုင်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံကုမ္ပဏီများအက် ဥပဒေ၁၉၁၄နှင့် မှတ်ပုံတင်ထားသော တည်ဆဲအသင်းအဖွဲ့များ၊ အဖွဲ့အစည်းများ အားလုံးသည် မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေ ၂၀၁၇ အရ အီလက်ထရောနစ်စနစ်ဖြင့် ပြန်လည် မှတ်ပုံတင်ခြင်းကို ၂၀၁၉ ခုနှစ်၊ဇန်နဝါရီလ (၃၁) ရက်နေ့အတွင်း လုပ်ဆောင်ကြရန် အသိပေးကြေညာထားခြင်းဖြစ်သည်။

အီလက်ထရောနစ်စနစ်အရ ပြန်လည်မှတ်ပုံမတင်သည့် ကုမ္ပဏီများသည် မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်ခံ ရမည်ဖြစ်သည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~