ျမန္မာသေဘာၤာသား (၁၄)ဦးပါဝင္သည့္ MV London သေဘၤာ တိမ္းေမွာက္မႈ ဆက္လက္ ရွာေဖြေနဆဲ

ျမန္မာသေဘာၤာသား (၁၄)ဦးပါဝင္သည့္ MV London သေဘၤာ တိမ္းေမွာက္မႈ ဆက္လက္ ရွာေဖြေနဆဲ
ဇန်နဝါရီ 4, 2019
By Tachileik News Agency

ျမန္မာႏုိင္ငံသား (၁၄) ဦးႏွင့္ ထုိင္ဝမ္ႏုိင္ငံသား (၁)ဦးတို႔ ပါဝင္သည့္ ကုန္တင္သေဘၤာ ထုိင္ဝမ္ ေျမာက္ဘက္ရိွ ကၽြန္းငယ္ႏွင့္ ေရမိုင္ (၈၀)ခန္႔အကြာတြင္ ၂၀၁၉ ခုႏွစ္၊ ဇန္နဝါရီလ (၂)ရက္ေန႔က ရာသီဥတုဆိုးဝါးမႈေၾကာင့္ တိမ္းေမွာက္သြားသည့္ ကုန္တင္သေဘၤာ MV Londonမွ ေပ်ာက္ဆံုး သေဘၤာသားမ်ားအား ရွာေဖြဆဲျဖစ္ေၾကာင္း သိရသည္။

MV London သည္ ထုိင္ဝမ္ရိွ တုိင္ခၽြန္းဆိပ္ကမ္းသို႔ ဆိုက္ကပ္ဆီျဖည့္ရန္ ခုတ္ေမာင္းလာစဥ္ ထုိင္ဝမ္စံေတာ္ခ်ိန္ နံနက္ (၈)နာရီခြဲဝန္းက်င္၌ အဆုိပါ သေဘၤာမွ အကူအညီေတာင္းခံျခင္းကို ထုိင္ဝမ္ဆိပ္ကမ္း ကယ္ဆယ္ေရးအဖြဲ႕က လက္ခံရရိွခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

 သေဘၤာသည္ ေတာင္ကိုးရီးယားႏုိင္ငံ ဘူဆန္သို႔ ထြက္ခြာမည္ျဖစ္ၿပီး နစ္ျမဳပ္မႈျုဖစ္ပြားရာအနီးရိွ ငါးဖမ္း သေဘၤာက သေဘၤာသား (၅)ဦးကို ကယ္ဆယ္ႏုိင္ခဲ့ေသာ္လည္း (၁)ဦးမွာ ေသဆံုးသြားေၾကာင္း သိရသည္။

အဆိုပါ သေဘၤာတြင္ တာဝန္ထမ္းေဆာင္ေနသည့္ သေဘၤာသားမ်ားမွာ ကပၸတိန္ မ်ိဳးဝင္းျဖစ္ၿပီး ကိုေက်ာ္ေဇယ်၊ ကိုေက်ာ္ေဇယ်ာဝင္း၊ ကိုေက်ာ္ထြန္း၊ ကိုေအာင္မင္းစိုး၊ ကိုျမတ္ထြန္းဝင္း၊ ကိုေက်ာ္သူရလင္း၊ ကိုေအာင္ေအာင္ဦး၊ ကိုေက်ာ္မင္းေဝ၊ ကိုေကာင္းထက္၊ ကိုမင္းေဇာ္ေအာင္၊ ကိုေကာင္းေဝၿဖိဳး၊ ကိုဟန္လင္းေဇာ္၊ ကိုခင္ေအာင္လတ္ႏွင့္ ထုိင္ဝမ္ႏုိင္ငံသားတစ္ဦးတို႔ျဖစ္ေၾကာင္း သိရသည္။

အသက္ရွင္လွ်က္ ကယ္တင္ႏုိင္ခဲ့သည့္ ျမန္မာသေဘၤာသားမ်ားမွာ ကိုေအာင္ေအာင္ဦး၊ ကိုမင္းေဇာ္ေအာင္၊ ကိုေက်ာ္မင္းေဝ၊ ကိုျမတ္ထြန္းဝင္းတုိ႔ျဖစ္ၾကၿပီး က်န္ (၁၀)ဦးကို ရွာေဖြကယ္ဆယ္ေနဆဲျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency
Ref; maritimebulletin


~~~~~~~~⊰❂Unicode Version ~~~~~~~~

မြန်မာနိုင်ငံသား (၁၄) ဦးနှင့် ထိုင်ဝမ်နိုင်ငံသား (၁)ဦးတို့ ပါဝင်သည့် ကုန်တင်သင်္ဘော ထိုင်ဝမ် မြောက်ဘက်ရှိ ကျွန်းငယ်နှင့် ရေမိုင် (၈၀)ခန့်အကွာတွင် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၂)ရက်နေ့က ရာသီဥတုဆိုးဝါးမှုကြောင့် တိမ်းမှောက်သွားသည့် ကုန်တင်သင်္ဘော MV Londonမှ ပျောက်ဆုံး သင်္ဘောသားများအား ရှာဖွေဆဲဖြစ်ကြောင်း သိရသည်။

MV London သည် ထိုင်ဝမ်ရှိ တိုင်ချွန်းဆိပ်ကမ်းသို့ ဆိုက်ကပ်ဆီဖြည့်ရန် ခုတ်မောင်းလာစဉ် ထိုင်ဝမ်စံတော်ချိန် နံနက် (၈)နာရီခွဲဝန်းကျင်၌ အဆိုပါ သင်္ဘောမှ အကူအညီတောင်းခံခြင်းကို ထိုင်ဝမ်ဆိပ်ကမ်း ကယ်ဆယ်ရေးအဖွဲ့က လက်ခံရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 သင်္ဘောသည် တောင်ကိုးရီးယားနိုင်ငံ ဘူဆန်သို့ ထွက်ခွာမည်ဖြစ်ပြီး နစ်မြုပ်မြှုဖစ်ပွားရာအနီးရှိ ငါးဖမ်း သင်္ဘောက သင်္ဘောသား (၅)ဦးကို ကယ်ဆယ်နိုင်ခဲ့သော်လည်း (၁)ဦးမှာ သေဆုံးသွားကြောင်း သိရသည်။

အဆိုပါ သင်္ဘောတွင် တာဝန်ထမ်းဆောင်နေသည့် သင်္ဘောသားများမှာ ကပ္ပတိန် မျိုးဝင်းဖြစ်ပြီး ကိုကျော်ဇေယျ၊ ကိုကျော်ဇေယျာဝင်း၊ ကိုကျော်ထွန်း၊ ကိုအောင်မင်းစိုး၊ ကိုမြတ်ထွန်းဝင်း၊ ကိုကျော်သူရလင်း၊ ကိုအောင်အောင်ဦး၊ ကိုကျော်မင်းဝေ၊ ကိုကောင်းထက်၊ ကိုမင်းဇော်အောင်၊ ကိုကောင်းဝဖြေိုး၊ ကိုဟန်လင်းဇော်၊ ကိုခင်အောင်လတ်နှင့် ထိုင်ဝမ်နိုင်ငံသားတစ်ဦးတို့ဖြစ်ကြောင်း သိရသည်။

အသက်ရှင်လျှက် ကယ်တင်နိုင်ခဲ့သည့် မြန်မာသင်္ဘောသားများမှာ ကိုအောင်အောင်ဦး၊ ကိုမင်းဇော်အောင်၊ ကိုကျော်မင်းဝေ၊ ကိုမြတ်ထွန်းဝင်းတို့ဖြစ်ကြပြီး ကျန် (၁၀)ဦးကို ရှာဖွေကယ်ဆယ်နေဆဲဖြစ်ကြောင်း သိရသည်။

Tachileik News Agency
Ref; maritimebulletin

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~