တာခ်ီလိတ္ - မုိင္းဆတ္လမ္း ၂၀၁၉ ခုႏွစ္အတြင္း စတင္ျပင္ဆင္မည္ျဖစ္ၿပီး ခန္႔မွန္း က်ပ္ဘီလီယံ (၆၀)ခန္႔ သံုးစြဲရမည္

တာခ်ီလိတ္ - မုိင္းဆတ္လမ္း ၂၀၁၉ ခုႏွစ္အတြင္း စတင္ျပင္ဆင္မည္ျဖစ္ၿပီး ခန္႔မွန္း က်ပ္ဘီလီယံ (၆၀)ခန္႔ သံုးစြဲရမည္
ဇန်နဝါရီ 3, 2019
By 🌸
"၀"အထူးေဒသ(၂)မွ လႊဲေျပာင္းေပးထားသည့္ ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ႏွင့္ မိုင္းဆတ္ ခ႐ိုင္ခ်င္းဆက္လမ္းကို (၁၈) ေပအက်ယ္ ကြန္ကရစ္လမ္းအျဖစ္ ၂၀၁၉ ခုႏွစ္အတြင္း စတင္ျပဳျပင္မည္ျဖစ္ၿပီး ခန္႔မွန္းကုန္က်စရိတ္ က်ပ္ဘီလီယံ (၆၀) ခန္႔သံုးစြဲရမည္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ခရိုင္ခ်င္းဆက္လမ္းပိုင္းတြင္ တံတား (၁၂၄)စင္းရိွေနၿပီး လမ္းပိုင္းျပဳျပင္မႈကုန္က်စရိတ္တြင္ အဆိုပါတံတားမ်ားျပဳျပင္ျခင္းအပါအဝင္ ေရႏႈတ္ေျမာင္းတူးေဖၚျခင္းမ်ားလည္း ပါဝင္ေၾကာင္း သိရသည္။

“တာခ်ီလိတ္ - မုိင္းဆတ္လမ္း မိုင္ (၆၀)နဲ႔ (၄)ဖာလံုကို (၁၈)ေပအက်ယ္ ကြန္ကရစ္လမ္းခင္းရင္ ခန္႔မွန္း ဘီလီယံ (၆၀)ကုန္က်မယ္လုိ႔ ခန္႔မွန္းထားတယ္။ အဲဒါကို ျပည္ေထာင္စုနဲ႔ ျပည္နယ္အစိုးရဘတ္ဂ်က္ႏွစ္ခု ေပါင္းၿပီး လုပ္မယ္။ လမ္းခင္းရင္ (၃)ႏွစ္ေလာက္အခ်ိန္ယူရမယ္။ ဒီႏွစ္မွာ စခင္းမယ္”ဟု အဆိုပါလမ္းပိုင္း ကြင္းဆင္းစစ္ေဆးေရးလုပ္ေဆာင္သည့္အဖြဲ႔တြင္ ပါဝင္သည့္ တာခ်ီလိတ္ၿမိဳ႕မွ အမ်ိဳးသား လႊတ္ေတာ္ကိုယ္စားလွယ္ ဦးစိုင္းလံုစံခတ္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါ ခရိုင္ခ်င္းဆက္လမ္းအပါအဝင္ ေက်းလက္လမ္းမ်ားကို “ဝ”အထူးေဒသ(၂)ထံမွ ၂၀၁၈ ခုႏွစ္၊ ႏိုဝင္ဘာလ (၃၀) ရက္ေန႔ နံနက္ (၉) နာရီ၌ ျပည္နယ္အစိုးရဝန္ႀကီးမ်ားဦးစီးသည့္အဖြဲ႕က လႊဲေျပာင္း လက္ခံခဲ့ျခင္းျဖစ္ၿပီး ခရိုင္ခ်င္းဆက္လမ္းကို လမ္းတံတားဦးစီးဌာနအပိုင္ ျပည္နယ္အစိုးရ၏ စီမံခန္႔ခြဲမႈ ေအာက္တြင္ ထားရိွျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါလမ္းပိုင္းအား လႊဲေျပာင္းလက္ခံရန္ညိႇႏိႈင္းဆဲကာကလတည္းက ျပဳျပင္ေရးအတြက္ ကြင္းဆင္းစစ္ေဆးမႈမ်ား၊ တုိင္းတာတြက္ခ်က္မႈမ်ားကို လုပ္ေဆာင္ေနျခင္းျဖစ္ၿပီး ၂၀၁၈ ခုႏွစ္၊ ဒီဇင္ဘာလ (၃၀)ရက္ေန႔မွစ၍ ျပည္ေထာင္စု လမ္းပန္းဆက္သြယ္ေရးဝန္ႀကီးဌာန လမ္းဦးစီး ၫြန္ခ်ဳပ္ ဦးအုန္းလြင္ ဦးေဆာင္ေသာ လႊတ္ေတာ္ကိုယ္စားလွယ္မ်ား၊ လမ္းဦးစီးဌာန၊ ခရိုင္ႏွင့္ၿမိဳ႕နယ္အဆင့္ သက္ဆုိင္ရာဌာန တာဝန္ရိွသူမ်ားပါဝင္သည့္အဖြဲ႕က (၂)ရက္တာ ကြင္းဆင္းစစ္ေဆးၾကေၾကာင္း သိရသည္။

တာခ်ီလိတ္ - မိုင္းဆတ္ခရိုင္ခ်င္းဆက္လမ္းကို ၁၉၉၇ ခုႏွစ္၊ ေအာက္တိုဘာလတြင္ “ဝ”အထူးေဒသ(၂) စစ္ေဒသ (၁၇၁)မွ ေဖာက္လုပ္ခဲ့ကာ လမ္း၏ အခက္ခဲအၾကမ္းတမ္းဆံုးအပိုင္းျဖစ္ေသာ လြယ္ဆမ္ဆံုေတာင္ အတက္အဆင္း (၆)မိုင္အား ၂၀၀၄ ခုႏွစ္ႏွင့္ ၂၀၀၅ ခုႏွစ္မ်ားတြင္ ကတၱရာလမ္းခင္းခဲ့ၿပီး ၂၀၀၄ ခုႏွစ္မွ ၂၀၀၇ ခုႏွစ္မ်ားအတြင္း (၃၅)မုိင္ (၂)ဖာလံုအား ေက်ာက္စီလမ္းခင္းျခင္း၊ (၁၄)မိုင္အား အမာခံလမ္းခင္းျခင္းႏွင့္ (၄)မုိင္ (၄)ဖာလံုအား ေျမလမ္းခင္းျခင္းအျဖစ္ တည္ေဆာက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - Tiger Wan, Sai Lonsan Khat

~~~~~~~~⊰❂Unicode Version ~~~~~~~~
တာချီလိတ် - မိုင်းဆတ်လမ်း ၂၀၁၉ ခုနှစ်အတွင်း စတင်ပြင်ဆင်မည်ဖြစ်ပြီး ခန့်မှန်း ကျပ်ဘီလီယံ (၆၀)ခန့် သုံးစွဲရမည်
*************
"ဝ"အထူးဒေသ(၂)မှ လွှဲပြောင်းပေးထားသည့် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်နှင့် မိုင်းဆတ် ခရိုင်ချင်းဆက်လမ်းကို (၁၈) ပေအကျယ် ကွန်ကရစ်လမ်းအဖြစ် ၂၀၁၉ ခုနှစ်အတွင်း စတင်ပြုပြင်မည်ဖြစ်ပြီး ခန့်မှန်းကုန်ကျစရိတ် ကျပ်ဘီလီယံ (၆၀) ခန့်သုံးစွဲရမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ခရိုင်ချင်းဆက်လမ်းပိုင်းတွင် တံတား (၁၂၄)စင်းရှိနေပြီး လမ်းပိုင်းပြုပြင်မှုကုန်ကျစရိတ်တွင် အဆိုပါတံတားများပြုပြင်ခြင်းအပါအဝင် ရေနှုတ်မြောင်းတူးဖေါ်ခြင်းများလည်း ပါဝင်ကြောင်း သိရသည်။

“တာချီလိတ် - မိုင်းဆတ်လမ်း မိုင် (၆၀)နဲ့ (၄)ဖာလုံကို (၁၈)ပေအကျယ် ကွန်ကရစ်လမ်းခင်းရင် ခန့်မှန်း ဘီလီယံ (၆၀)ကုန်ကျမယ်လို့ ခန့်မှန်းထားတယ်။ အဲဒါကို ပြည်ထောင်စုနဲ့ ပြည်နယ်အစိုးရဘတ်ဂျက်နှစ်ခု ပေါင်းပြီး လုပ်မယ်။ လမ်းခင်းရင် (၃)နှစ်လောက်အချိန်ယူရမယ်။ ဒီနှစ်မှာ စခင်းမယ်”ဟု အဆိုပါလမ်းပိုင်း ကွင်းဆင်းစစ်ဆေးရေးလုပ်ဆောင်သည့်အဖွဲ့တွင် ပါဝင်သည့် တာချီလိတ်မြို့မှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလုံစံခတ်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ ခရိုင်ချင်းဆက်လမ်းအပါအဝင် ကျေးလက်လမ်းများကို “ဝ”အထူးဒေသ(၂)ထံမှ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၃၀) ရက်နေ့ နံနက် (၉) နာရီ၌ ပြည်နယ်အစိုးရဝန်ကြီးများဦးစီးသည့်အဖွဲ့က လွှဲပြောင်း လက်ခံခဲ့ခြင်းဖြစ်ပြီး ခရိုင်ချင်းဆက်လမ်းကို လမ်းတံတားဦးစီးဌာနအပိုင် ပြည်နယ်အစိုးရ၏ စီမံခန့်ခွဲမှု အောက်တွင် ထားရှိခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါလမ်းပိုင်းအား လွှဲပြောင်းလက်ခံရန်ညှိနှိုင်းဆဲကာကလတည်းက ပြုပြင်ရေးအတွက် ကွင်းဆင်းစစ်ဆေးမှုများ၊ တိုင်းတာတွက်ချက်မှုများကို လုပ်ဆောင်နေခြင်းဖြစ်ပြီး ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၃၀)ရက်နေ့မှစ၍ ပြည်ထောင်စု လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန လမ်းဦးစီး ညွန်ချုပ် ဦးအုန်းလွင် ဦးဆောင်သော လွှတ်တော်ကိုယ်စားလှယ်များ၊ လမ်းဦးစီးဌာန၊ ခရိုင်နှင့်မြို့နယ်အဆင့် သက်ဆိုင်ရာဌာန တာဝန်ရှိသူများပါဝင်သည့်အဖွဲ့က (၂)ရက်တာ ကွင်းဆင်းစစ်ဆေးကြကြောင်း သိရသည်။

 တာချီလိတ် - မိုင်းဆတ် ခရိုင်ချင်းဆက်လမ်းကို ၁၉၉၇ ခုနှစ်၊ အောက်တိုဘာလတွင် “ဝ”အထူးဒေသ(၂) စစ်ဒေသ (၁၇၁)မှ ဖောက်လုပ်ခဲ့ကာ လမ်း၏ အခက်ခဲအကြမ်းတမ်းဆုံးအပိုင်းဖြစ်သော လွယ်ဆမ်ဆုံတောင် အတက်အဆင်း (၆)မိုင်အား ၂၀၀၄ ခုနှစ်နှင့် ၂၀၀၅ ခုနှစ်များတွင် ကတ္တရာလမ်းခင်းခဲ့ပြီး ၂၀၀၄ ခုနှစ်မှ ၂၀၀၇ ခုနှစ်များအတွင်း (၃၅)မိုင် (၂)ဖာလုံအား ကျောက်စီလမ်းခင်းခြင်း၊ (၁၄)မိုင်အား အမာခံလမ်းခင်းခြင်းနှင့် (၄)မိုင် (၄)ဖာလုံအား မြေလမ်းခင်းခြင်းအဖြစ် တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ - Tiger Wan, Sai Lonsan Khat

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~