ထိုင္းႏုိင္ငံတြင္း ဖမ္းဆီးခံရသည့္ ျမန္မာႏုိင္ငံသား (၁၆)ဦးကို တာခ်ီလိတ္သို႔ လႊဲေျပာင္း

ထိုင္းႏုိင္ငံတြင္း ဖမ္းဆီးခံရသည့္ ျမန္မာႏုိင္ငံသား (၁၆)ဦးကို တာခ်ီလိတ္သို႔ လႊဲေျပာင္း
ဇန်နဝါရီ 7, 2019
By 🌸
ျမန္မာ - ထုိင္းနယ္စပ္ ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕သို႔ ထုိင္းႏုိင္ငံတြင္း ဖမ္းဆီးခံရသည့္ ျမန္မာႏိုင္ငံသား (၁၆)ဦးကို ၂၀၁၉ ခုႏွစ္၊ ဇန္နဝါရီလ (၇)ရက္ေန႔ ေန႔လယ္(၁)နာရီအခ်ိန္၌ ထုိင္းႏုိင္ငံက လာေရာက္လႊဲေျပာင္းေပးရာ ၂၀၁၉ ခုႏွစ္အတြင္း တတိယအႀကိမ္ေျမာက္လႊဲေျပာင္းေပးျခင္းျဖစ္သည္။

ထိုင္းႏုိင္ငံတြင္း အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ဖမ္းဆီးခံရၿပီး ျပန္လည္လြတ္ေျမာက္လာသည့္ ျမန္မာႏိုင္ငံသားမ်ားကို ထုိင္းႏုိင္ငံက ျမန္မာႏိုင္ငံနယ္စပ္ေဒသၿမိဳ႕မ်ားသို႔ ျပန္လည္လႊဲေျပာင္းေပးေလ့ရိွရာ ရွမ္းျပည္နယ္အေရွ႕ပိုင္း တာခ်ီလိတ္ၿမိဳ႕သို႔ အမ်ိဳးသား (၁၄)ဦးႏွင့္ အမ်ိဳးသမီး (၂)ဦးကို ၂၀၁၉ ခုႏွစ္၊ ဇန္နဝါရီလ (၇)ရက္ေန႔က လာေရာက္လႊဲေျပာင္းေပးျခင္းျဖစ္သည္။

ထိုင္းႏုိင္ငံတြင္း အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ဖမ္းဆီးခံရၿပီး တာခ်ီလိတ္ၿမိဳ႕သို႔ လႊဲေျပာင္းလာသူဦးေရမွာ ၂၀၁၈ ခုႏွစ္အတြင္း (၁၂၃၄)ဦးရိွခဲ့ျခင္းျဖစ္ၿပီး ၂၀၁၉ ခုႏွစ္တြင္ ဇန္နဝါရီလ (၁)ရက္ေန႔မွ (၇)ရက္ေန႔အထိ စုစုေပါင္း (၂၉)ဦးရိွၿပီျဖစ္သည္။

ယင္းကဲ့သို႔ လႊဲေျပာင္းေပးလာသည့္ ျမန္မာႏိုင္ငံသားမ်ားကို အလုပ္သမား လူ၀င္မွဳႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဆုိင္ရာဦးစီးဌာန၊ ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန၊ ၿမိဳ႕နယ္အလုပ္သမားညႊန္ၾကားမႈဦးစီးဌာန၊ လူကုန္ကူးမွဳတုိက္ဖ်က္ေရးရဲတပ္ဖြဲ႕ႏွင့္ ထုိင္းႏုိင္ငံမယ္ဆုိင္ၿမိဳ႕ေရာက္ ျမန္မာႏုိင္ငံသားမ်ားအား ကူညီေစာင့္ေရွာက္ေရးႏွင့္ ေစ့စပ္ညွိႏွိဳင္းေရးေကာ္မတီ (CNCMC ) တို႔က စိစစ္လက္ခံၾကေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - CNCMC

~~~~~~~~⊰❂ Unicode Version ~~~~~~~~
ထိုင်းနိုင်ငံတွင်း ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသား (၁၆)ဦးကို တာချီလိတ်သို့ လွှဲပြောင်း
*************
မြန်မာ - ထိုင်းနယ်စပ် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့သို့ ထိုင်းနိုင်ငံတွင်း ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသား (၁၆)ဦးကို ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၇)ရက်နေ့ နေ့လယ်(၁)နာရီအချိန်၌ ထိုင်းနိုင်ငံက လာရောက်လွှဲပြောင်းပေးရာ ၂၀၁၉ ခုနှစ်အတွင်း တတိယအကြိမ်မြောက်လွှဲပြောင်းပေးခြင်းဖြစ်သည်။

ထိုင်းနိုင်ငံတွင်း အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်လာသည့် မြန်မာနိုင်ငံသားများကို ထိုင်းနိုင်ငံက မြန်မာနိုင်ငံနယ်စပ်ဒေသမြို့များသို့ ပြန်လည်လွှဲပြောင်းပေးလေ့ရှိရာ ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့သို့ အမျိုးသား (၁၄)ဦးနှင့် အမျိုးသမီး (၂)ဦးကို ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၇)ရက်နေ့က လာရောက်လွှဲပြောင်းပေးခြင်းဖြစ်သည်။

ထိုင်းနိုင်ငံတွင်း အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံရပြီး တာချီလိတ်မြို့သို့ လွှဲပြောင်းလာသူဦးရေမှာ ၂၀၁၈ ခုနှစ်အတွင်း (၁၂၃၄)ဦးရှိခဲ့ခြင်းဖြစ်ပြီး ၂၀၁၉ ခုနှစ်တွင် ဇန်နဝါရီလ (၁)ရက်နေ့မှ (၇)ရက်နေ့အထိ စုစုပေါင်း (၂၉)ဦးရှိပြီဖြစ်သည်။

ယင်းကဲ့သို့ လွှဲပြောင်းပေးလာသည့် မြန်မာနိုင်ငံသားများကို အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အလုပ်သမားညွှန်ကြားမှုဦးစီးဌာန၊ လူကုန်ကူးမှုတိုက်ဖျက်ရေးရဲတပ်ဖွဲ့နှင့် ထိုင်းနိုင်ငံမယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေးကော်မတီ (CNCMC ) တို့က စိစစ်လက်ခံကြကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ - CNCMC

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~