တာခ်ီလိတ္ၿမိဳ႕နယ္တြင္က်င္းပေနသည့္ မုိင္းဖုန္းဆရာေတာ္၏ ဝိဇာတေမြးေန႔တရားပြဲကို ျပည္တြင္း၊ျပည္ပမွ လာေရာက္သည့္ သိန္းႏွင့္ခ်ီေသာ ပရိတ္သတ္မ်ားအတြက္ ယာယီတည္းခိုေဆာင္မ်ား စီစဥ္ေပးထား

တာခ်ီလိတ္ၿမိဳ႕နယ္တြင္က်င္းပေနသည့္ မုိင္းဖုန္းဆရာေတာ္၏ ဝိဇာတေမြးေန႔တရားပြဲကို ျပည္တြင္း၊ျပည္ပမွ လာေရာက္သည့္ သိန္းႏွင့္ခ်ီေသာ ပရိတ္သတ္မ်ားအတြက္ ယာယီတည္းခိုေဆာင္မ်ား စီစဥ္ေပးထား
ဇန်နဝါရီ 3, 2019
By 🌸
တာခ်ီလိတ္ၿမိဳ႕႔နယ္၊ မုိင္းဖုန္း(က)ေက်းရြာအုပ္စု၊ ပါဆာေက်း႐ြာရွိ (မိုင္းဖုန္းဆရာေတာ္ ေက်ာင္းတိုက္) လြမ္းလိန္းေက်ာင္းတိုက္တြင္ မုိင္းဖုန္းဆရာေတာ္၏ သက္ေတာ္ (၅၆)ႏွစ္ျပည့္ ဝိဇာတေမြးေန႔အထိမ္းအမွတ္ တရားပြဲကို ၂၀၁၉ ခုႏွစ္ ဇန္န၀ါရီလ (၁)ရက္ေန႔မွ (၅)ရက္ေန႔အထိက်င္းပေနရာ ျပည္တြင္းျပည္ပမွ သိန္းႏွင့္ခ်ီေသာ လာေရာက္ဖူးေျမာ္သူမ်ား အဆင္ေျပေစေရးအတြက္ ၿမိဳ႕နယ္စီမံခန္႔ခြဲေရးေကာ္မတီႏွင့္ သက္ဆုိင္ရာဌာနမ်ား ပူးေပါင္းကူညီေနေၾကာင္း သိရသည္။

“ဆရာေတာ္ႀကီးရဲ႕ေမြးေန႔ပြဲက ျပည္တြင္းျပည္ပက လာေရာက္ၾကတဲ့ ဖူးေျမာ္သူေတြနဲ႔ စိတ္အေႏွာင့္အယွက္မရိွ ေအာင္ မလိုလားအပ္တဲ့ ျပႆနာေတြမျဖစ္ဖို႔တို႔ကို ကၽြန္ေတာ္တုိ႔ ၿမိဳ႕နယ္စီမံခန္႔ခြဲေရးအေနနဲ႔က ခရိုင္အုပ္ခ်ဳပ္ေရးမွဴး လမ္းညႊန္ခ်က္နဲ႔ သက္ဆိုင္ရာဌာနေတြျဖစ္တဲ့ ရဲတပ္ဖြဲ႕၊ ယာဥ္ထိန္းတပ္ဖြဲ႕၊ ရပ္/ေက်းအုပ္ခ်ဳပ္ေရးေတြေပါင္းစပ္ေဆာင္ရြက္ေနတာပါ။ ကားေတြလည္း မ်ားတယ္ဆိုေတာ့ ယာဥ္အႏၱရာယ္မျဖစ္ေစဖို႔ ယာဥ္ထိန္းတပ္ဖြဲ႕က ေဆာင္ရြက္ေနပါတယ္။ ေနာက္ ဆရာေတာ္ႀကီးရဲ႕ လြမ္းလြန္းေက်ာင္းတုိက္အတြင္းမွာလည္း ေဆးခန္းဖြင့္ထားတယ္။ လံုၿခံဳေရးလည္း အဲဒီမွာ ထားတယ္။ ဘုရားဖူးေတြ ေခတၱယာယီတည္းခိုေဆာင္ေတြကိုလည္း ဆရာေတာ္ရဲ႕ေက်ာင္းဝန္းထဲမွာ ေဆာင္ရြက္ေပးထားတယ္။ တစ္ခ်ိဳ႕ကလည္း ကိုယ့္မွာပါလာတဲ့ မိုးကာတဲေလးေတြနဲ႔ တည္းၾကတယ္။ အားလံုးကိုေတာ့ စိတ္အေႏွာင့္အယွက္မရိွ ဆရာေတာ္ကို ဖူးႏုိင္ေအာင္၊ မလိုလားအပ္တဲ့ ျပႆနာေတြမျဖစ္ေအာင္ လုပ္ေဆာင္ေပးေနပါတယ္”ဟု တာခ်ီလိတ္ၿမိဳ႕နယ္ ဒုတိယအုပ္ခ်ဳပ္ေရးမွဴး ဦးမင္းေအာင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

သဒၶမၼေဇာတိကဓဇ အဂၢမဟာ ကမၼ႒ာနာစရိယ မိုင္းဖုန္း ဆရာေတာ္ ဘဒၵနၲဉာဏသံဝရ၏ သက္ေတာ္ (၅၆)ႏွစ္ျပည့္ ဝိဇာတေမြးေန႔သည္ ၂၀၁၉ ခုႏွစ္ ဇန္နဝါရီလ(၅)ရက္ေန႔တြင္ က်ေရာက္မည္ျဖစ္ရာ အနယ္နယ္အရပ္ရပ္မွ ဆရာေတာ္အား လာေရာက္ဖူးေမွ်ာ္သူမ်ားႏွင့္ တရားပြဲလာေရာက္သူမ်ားအား ေကၽြးေမြးလွဴဒါန္းသူမ်ားျဖင့္ စည္ကားေနျခင္းျဖစ္သည္။

ဆရာေတာ္၏ေမြးေန႔တရားပြဲကာလတြင္ နုိင္ငံတြင္းေဒသအသီးသီးအျပင္ အိမ္နီးခ်င္းႏုိင္ငံမ်ားမွ လာေရာက္ဖူးေျမာ္သူမ်ားလည္းရိွရာ သိန္းႏွင့္ခ်ီေသာ တရားပြဲလာေရာက္သူမ်ားအဆင္ေျပေစေရးအတြက္ သက္ဆုိင္ရာဌာနအသီးသီးကလည္းကလည္း လိုအပ္သည္မ်ား စီစဥ္ေဆာင္ရြက္ျခင္းမ်ားကို လုပ္ေဆာင္ေပးထားၾကျခင္းျဖစ္သည္။

ဆရာေတာ္၏ေမြးေန႔တရားပြဲေတာ္ကာလအတြင္း ေက်ာင္းတိုက္ဧရိယာအတြင္းအပါအဝင္ မုိင္းဖုန္း(က) နယ္ေျမအတြင္း ၀မ္ပံုအထိဧရိယာအတြင္း  ပြဲေစ်းကဲ့သို႔ ခင္းက်င္းေရာင္းခ်ျခင္းမ်ား မျပဳလုပ္ၾကရန္၊ တရားနာ ၾကြေရာက္ၾကမည့္ ဧည့္ပရိတ္သတ္မ်ားအား လွဴဒါန္းလိုသူမ်ားအေနျဖင့္လည္း သက္သက္လြတ္ ထမင္းဟင္းမ်ား၊ စတုဒိသာမ်ား လွဴဒါန္းၾကရန္၊ စားေသာက္ဖြယ္ရာမ်ား လွဴဒါန္းရာတြင္ ပလပ္စတစ္၊ တစ္ခါသုံးခြက္၊ တစ္ခါသုံး ပန္းကန္၊ ေဖာ့ဗူးမ်ား အသံုးမျပဳၾကရန္ႏွင့္ အမိႈက္မ်ားကို စနစ္တက် စြန္႔ပစ္ၾကရန္၊ ေက်ာင္းတိုက္ပရဝုဏ္အတြင္း သဲပုံေစတီမ်ားတြင္ စိုက္ထိုးပူေဇာ္ၾကသည့္ တံခြန္ကုကၠား အလံမ်ား ေရာင္းခ်ျခင္း မျပဳၾကရန္တို႔ကို ဆရာေတာ္က မိန္႔ၾကားထားသည္။

ဆရာေတာ္၏ ဝိဇာတေမြးေန႔တရားပြဲကို ႏွစ္စဥ္ႏွစ္တုိင္း အနယ္နယ္အရပ္ရပ္မွ တရားနာယူသည့္ ပရိတ္သတ္မ်ားစြာႏွင့္ လာေရာက္လွဴဒါန္းသူမ်ား လာေရာက္ၾကေလ့ရိွၿပီး ယခုႏွစ္တြင္ ေမြးေန႔အႀကိဳ တရားစခန္းကို ၂၀၁၈ ခုႏွစ္၊ ဒီဇင္ဘာလ (၁၂)ရက္ေန႔မွ (၂၁)ရက္ေန႔အထိ  မဲေခါင္ျမစ္ကမ္းေဘးရိွ သံုးထပ္ေက်ာင္းေဆာင္တြင္ ဖြင့္လွစ္ခဲ့ျခင္းျဖစ္သည္။

Tachileik News Agency
ဓါတ္ပံု - Shan Lay



~~~~~~~~⊰❂Unicode Version ~~~~~~~~

တာချီလိတ်မြို့နယ်တွင်ကျင်းပနေသည့် မိုင်းဖုန်းဆရာတော်၏ ဝိဇာတမွေးနေ့တရားပွဲကို ပြည်တွင်း၊ပြည်ပမှ လာရောက်သည့် သိန်းနှင့်ချီသော ပရိတ်သတ်များအတွက် ယာယီတည်းခိုဆောင်များ စီစဉ်ပေးထား
**********
တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(က)ကျေးရွာအုပ်စု၊ ပါဆာကျေးရွာရှိ (မိုင်းဖုန်းဆရာတော် ကျောင်းတိုက်) လွမ်းလိန်းကျောင်းတိုက်တွင် မိုင်းဖုန်းဆရာတော်၏ သက်တော် (၅၆)နှစ်ပြည့် ဝိဇာတမွေးနေ့အထိမ်းအမှတ် တရားပွဲကို ၂၀၁၉ ခုနှစ် ဇန်နဝါရီလ (၁)ရက်နေ့မှ (၅)ရက်နေ့အထိကျင်းပနေရာ ပြည်တွင်းပြည်ပမှ သိန်းနှင့်ချီသော လာရောက်ဖူးမြော်သူများ အဆင်ပြေစေရေးအတွက် မြို့နယ်စီမံခန့်ခွဲရေးကော်မတီနှင့် သက်ဆိုင်ရာဌာနများ ပူးပေါင်းကူညီနေကြောင်း သိရသည်။

“ဆရာတော်ကြီးရဲ့မွေးနေ့ပွဲက ပြည်တွင်းပြည်ပက လာရောက်ကြတဲ့ ဖူးမြော်သူတွေနဲ့ စိတ်အနှောင့်အယှက်မရှိ အောင် မလိုလားအပ်တဲ့ ပြဿနာတွေမဖြစ်ဖို့တို့ကို ကျွန်တော်တို့ မြို့နယ်စီမံခန့်ခွဲရေးအနေနဲ့က ခရိုင်အုပ်ချုပ်ရေးမှူး လမ်းညွှန်ချက်နဲ့ သက်ဆိုင်ရာဌာနတွေဖြစ်တဲ့ ရဲတပ်ဖွဲ့၊ ယာဉ်ထိန်းတပ်ဖွဲ့၊ ရပ်/ကျေးအုပ်ချုပ်ရေးတွေပေါင်းစပ်ဆောင်ရွက်နေတာပါ။ ကားတွေလည်း များတယ်ဆိုတော့ ယာဉ်အန္တရာယ်မဖြစ်စေဖို့ ယာဉ်ထိန်းတပ်ဖွဲ့က ဆောင်ရွက်နေပါတယ်။ နောက် ဆရာတော်ကြီးရဲ့ လွမ်းလွန်းကျောင်းတိုက်အတွင်းမှာလည်း ဆေးခန်းဖွင့်ထားတယ်။ လုံခြုံရေးလည်း အဲဒီမှာ ထားတယ်။ ဘုရားဖူးတွေ ခေတ္တယာယီတည်းခိုဆောင်တွေကိုလည်း ဆရာတော်ရဲ့ကျောင်းဝန်းထဲမှာ ဆောင်ရွက်ပေးထားတယ်။ တစ်ချို့ကလည်း ကိုယ့်မှာပါလာတဲ့ မိုးကာတဲလေးတွေနဲ့ တည်းကြတယ်။ အားလုံးကိုတော့ စိတ်အနှောင့်အယှက်မရှိ ဆရာတော်ကို ဖူးနိုင်အောင်၊ မလိုလားအပ်တဲ့ ပြဿနာတွေမဖြစ်အောင် လုပ်ဆောင်ပေးနေပါတယ်”ဟု တာချီလိတ်မြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးမင်းအောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

သဒ္ဓမ္မဇောတိကဓဇ အဂ္ဂမဟာ ကမ္မဋ္ဌာနာစရိယ မိုင်းဖုန်း ဆရာတော် ဘဒ္ဒန္တဉာဏသံဝရ၏ သက်တော် (၅၆)နှစ်ပြည့် ဝိဇာတမွေးနေ့သည် ၂၀၁၉ ခုနှစ် ဇန်နဝါရီလ(၅)ရက်နေ့တွင် ကျရောက်မည်ဖြစ်ရာ အနယ်နယ်အရပ်ရပ်မှ ဆရာတော်အား လာရောက်ဖူးမျှော်သူများနှင့် တရားပွဲလာရောက်သူများအား ကျွေးမွေးလှူဒါန်းသူများဖြင့် စည်ကားနေခြင်းဖြစ်သည်။

ဆရာတော်၏မွေးနေ့တရားပွဲကာလတွင် နိုင်ငံတွင်းဒေသအသီးသီးအပြင် အိမ်နီးချင်းနိုင်ငံများမှ လာရောက်ဖူးမြော်သူများလည်းရှိရာ သိန်းနှင့်ချီသော တရားပွဲလာရောက်သူများအဆင်ပြေစေရေးအတွက် သက်ဆိုင်ရာဌာနအသီးသီးကလည်းကလည်း လိုအပ်သည်များ စီစဉ်ဆောင်ရွက်ခြင်းများကို လုပ်ဆောင်ပေးထားကြခြင်းဖြစ်သည်။

ဆရာတော်၏မွေးနေ့တရားပွဲတော်ကာလအတွင်း ကျောင်းတိုက်ဧရိယာအတွင်းအပါအဝင် မိုင်းဖုန်း(က) နယ်မြေအတွင်း ဝမ်ပုံအထိဧရိယာအတွင်း  ပွဲဈေးကဲ့သို့ ခင်းကျင်းရောင်းချခြင်းများ မပြုလုပ်ကြရန်၊ တရားနာ ကြွရောက်ကြမည့် ဧည့်ပရိတ်သတ်များအား လှူဒါန်းလိုသူများအနေဖြင့်လည်း သက်သက်လွတ် ထမင်းဟင်းများ၊ စတုဒိသာများ လှူဒါန်းကြရန်၊ စားသောက်ဖွယ်ရာများ လှူဒါန်းရာတွင် ပလပ်စတစ်၊ တစ်ခါသုံးခွက်၊ တစ်ခါသုံး ပန်းကန်၊ ဖော့ဗူးများ အသုံးမပြုကြရန်နှင့် အမှိုက်များကို စနစ်တကျ စွန့်ပစ်ကြရန်၊ ကျောင်းတိုက်ပရဝုဏ်အတွင်း သဲပုံစေတီများတွင် စိုက်ထိုးပူဇော်ကြသည့် တံခွန်ကုက္ကား အလံများ ရောင်းချခြင်း မပြုကြရန်တို့ကို ဆရာတော်က မိန့်ကြားထားသည်။

ဆရာတော်၏ ဝိဇာတမွေးနေ့တရားပွဲကို နှစ်စဉ်နှစ်တိုင်း အနယ်နယ်အရပ်ရပ်မှ တရားနာယူသည့် ပရိတ်သတ်များစွာနှင့် လာရောက်လှူဒါန်းသူများ လာရောက်ကြလေ့ရှိပြီး ယခုနှစ်တွင် မွေးနေ့အကြို တရားစခန်းကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၁၂)ရက်နေ့မှ (၂၁)ရက်နေ့အထိ  မဲခေါင်မြစ်ကမ်းဘေးရှိ သုံးထပ်ကျောင်းဆောင်တွင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

Tachileik News Agency
ဓါတ်ပုံ - Shan Lay

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~