ျမန္မာ - ထုိင္းခ်စ္ၾကည္ေရးတံတားအမွတ္(၁)တြင္ က်င္းပသည့္ ႏွစ္ႏိုင္ငံ ႏွစ္သစ္ကူးစုေပါင္း ဆြမ္းေလာင္းလွဴပြဲသို႔ ႏွစ္ႏိုင္ငံ သံဃာေတာ္ အပါး (၅၀၀)ႏွင့္ သီလရွင္မ်ားၾကြေရာက္

ျမန္မာ - ထုိင္းခ်စ္ၾကည္ေရးတံတားအမွတ္(၁)တြင္ က်င္းပသည့္ ႏွစ္ႏိုင္ငံ ႏွစ္သစ္ကူးစုေပါင္း ဆြမ္းေလာင္းလွဴပြဲသို႔ ႏွစ္ႏိုင္ငံ သံဃာေတာ္ အပါး (၅၀၀)ႏွင့္ သီလရွင္မ်ားၾကြေရာက္
ဇန်နဝါရီ 1, 2019
By 🌸
ျမန္မာ - ထုိင္းႏွစ္ႏုိင္ငံ ႏွစ္သစ္ကူးစုေပါင္းဆြမ္းေလာင္းလွဴပြဲကို ျမန္မာ - ထုိင္းခ်စ္ၾကည္ေရးတံတားအမွတ္(၁)၌ ၂၀၁၉ ခုႏွစ္၊ ဇန္နဝါရီလ (၁)ရက္ေန႔ ျမန္မာစံေတာ္ခ်ိန္ နံနက္ (၇)နာရီခြဲကစတင္ရာ ႏွစ္ႏုိင္ငံမွ သံဃာေတာ္ အပါး(၅၀၀)ႏွင့္ သီလရွင္မ်ား ၾကြေရာက္ၾကသည္။

ဆြမ္းခံၾကြေရာက္မည့္ ျမန္မာႏုိင္ငံမွ သံဃာေတာ္အပါး(၃၀၀)အား တာခ်ီလိတ္ခရိုင္/ၿမိဳ႕နယ္စုေပါင္းရံုးတြင္ နံနက္(၅)နာရီ၌ အာရုဏ္ဆြမ္းဆက္ကပ္ၿပီးေနာက္ ဆြမ္းဆန္စိမ္းအလွဴခံ စတင္ၾကြေရာက္မည့္ေနရာျဖစ္သည့္ ထုိင္းႏုိင္ငံ၊ မယ္ဆုိင္ၿမိဳ႕ဘက္ျခမ္း အေကာက္ခြန္ရံုးသို႔ သံဃာေတာ္မ်ားအား ပင့္ေဆာင္ၾကသည္။



ယင္းေနာက္ ႏွစ္ႏုိင္ငံမွ သံဃာေတာ္မ်ားႏွင့္ သီလရွင္မ်ားက ျမန္မာ - ထိုင္း ခ်စ္ၾကည္ေရးတံတားအမွတ္ (၁)အတိုင္း ထုိင္းႏိုင္ငံ၊ မယ္ဆိုင္ဘက္ျခမ္းမွ ျမန္မာႏိုင္ငံ၊ တာခ်ီလိတ္ၿမိဳ႕ တံတားထိပ္အထိ ၾကြေရာက္ၿပီးေနာက္ မယ္ဆုိင္ဘက္ အေကာက္ခြန္ရံုးေရွ႕သို႔ ျပန္လည္ၾကြေရာက္ၾကသည္။


ႏွစ္နုိင္ငံမွ ဌာနဆုိင္ရာမ်ားႏွင့္ ျပည္သူမ်ားက ႏွစ္ႏုိင္ငံဧရိယာအတြင္း စုေပါင္းေလာင္းလွဴၾကၿပီးေနာက္ ဆြမ္းေလာင္းလွဴစဥ္ ျဖတ္သန္းသြားလာခြင့္ ေခတၱဆုိင္းငံ့ထားသည့္ ေမာ္ေတာ္ယာဥ္မ်ားအား ျမန္မာ - ထုိင္းခ်စ္ၾကည္ေရးတံတားတြင္ ပံုမွန္အတုိင္း ျပန္လည္ျဖတ္သန္းခြင့္ျပဳလုိက္သည္။


ႏွစ္ႏုိင္ငံႏွစ္သစ္ကူးဆြမ္းေလာင္းလွဴပြဲသို႔ တာခ်ီလိတ္ၿမိဳ႕မွ နဂါးႏွစ္ေကာင္ေက်ာင္းတုိက္မွ အပါး(၄၀)၊ ေငြေတာင္ဦးေက်ာင္းတုိက္မွ အပါး(၄၀)၊ ပုန္းထြန္ရွမ္းေက်ာင္း (၁၀)ပါး၊ ေတာင္တန္းသာသနာျပဳ ေက်ာင္းတုိက္မွ (၂၅)ပါး၊ မဟာျမတ္မုနိေက်ာင္းတုိက္မွ အပါး (၃၀)၊ ဆန္ဆိုင္းေက်ာင္းတုိက္မွ အပါး(၂၀)၊ မဟာဂႏၶာရံုေက်ာင္းတုိက္အပါး(၃၀)၊ ပါလွ်ံဘုရားႀကီးေက်ာင္းတုိက္မွ (၅)ပါး၊ ပါလွ်ံအလိုေတာ္ျပည့္ေက်ာင္းတိုက္က (၅)ပါး၊ လႊမ္းမိုးေတာရေက်ာင္းက (၅)ပါး၊ လြယ္ေတာ္ခမ္း ေအာင္မဂၤလာေတာရေက်ာင္းအပါး (၂၀)၊ ေနာင္ခမ္းေအာင္ဆုပန္ေက်ာင္းတုိက္ အပါး (၂၀)၊ ေရႊေတာင္တန္းေက်ာင္းတုိက္ အပါး (၂၀)၊ မယ္ေခါင္ေက်ာင္း (၁၀)ပါး၊ ေဝဠဳဝန္ေက်ာင္း (၅)ပါး၊ သီရိဟံသာေက်ာင္း (၁၅)ပါး စုစုေပါင္း သံဃာေတာ္ အပါး(၃၀၀)ကို ပင့္ဖိတ္ခဲ့ျခင္းျဖစ္သည္။


အဆိုပါဆြမ္းေလာင္းလွဴပြဲက်င္းပေရးအတြက္ တာခ်ီလိတ္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးေဆာင္သည့္ ဌာနဆုိင္ရာတာဝန္ရိွသူမ်ား၊ လူမႈကူညီေရးအဖြဲ႕မ်ား၊ ၿမိဳ႕မိၿမိဳ႕ဖမ်ားပါဝင္သည့္ က်င္းပေရးလုပ္ငန္းေကာ္မတီႏွင့္ ဆပ္ေကာ္မတီ (၈)ခုတုိ႔ျဖင့္ ဖြဲ႕စည္းေဆာင္ရြက္ခဲ့ျခင္းျဖစ္သည္။


Tachileik News Agency
ဓါတ္ပံု #ခ်ယ္ရီထုိက္၊ #ဆန္းၿဖိဳးထြန္း



~~~~~~~~⊰❂Unicode Version ~~~~~~~~

မြန်မာ - ထိုင်းချစ်ကြည်ရေးတံတားအမှတ်(၁)တွင် ကျင်းပသည့် နှစ်နိုင်ငံ နှစ်သစ်ကူးစုပေါင်း ဆွမ်းလောင်းလှူပွဲသို့ နှစ်နိုင်ငံ သံဃာတော် အပါး (၅၀၀)နှင့် သီလရှင်များကြွရောက်
************
မြန်မာ - ထိုင်းနှစ်နိုင်ငံ နှစ်သစ်ကူးစုပေါင်းဆွမ်းလောင်းလှူပွဲကို မြန်မာ - ထိုင်းချစ်ကြည်ရေးတံတားအမှတ်(၁)၌ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၁)ရက်နေ့ မြန်မာစံတော်ချိန် နံနက် (၇)နာရီခွဲကစတင်ရာ နှစ်နိုင်ငံမှ သံဃာတော် အပါး(၅၀၀)နှင့် သီလရှင်များ ကြွရောက်ကြသည်။

ဆွမ်းခံကြွရောက်မည့် မြန်မာနိုင်ငံမှ သံဃာတော်အပါး(၃၀၀)အား တာချီလိတ်ခရိုင်/မြို့နယ်စုပေါင်းရုံးတွင် နံနက်(၅)နာရီ၌ အာရုဏ်ဆွမ်းဆက်ကပ်ပြီးနောက် ဆွမ်းဆန်စိမ်းအလှူခံ စတင်ကြွရောက်မည့်နေရာဖြစ်သည့် ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့ဘက်ခြမ်း အကောက်ခွန်ရုံးသို့ သံဃာတော်များအား ပင့်ဆောင်ကြသည်။

ယင်းနောက် နှစ်နိုင်ငံမှ သံဃာတော်များနှင့် သီလရှင်များက မြန်မာ - ထိုင်း ချစ်ကြည်ရေးတံတားအမှတ် (၁)အတိုင်း ထိုင်းနိုင်ငံ၊ မယ်ဆိုင်ဘက်ခြမ်းမှ မြန်မာနိုင်ငံ၊ တာချီလိတ်မြို့ တံတားထိပ်အထိ ကြွရောက်ပြီးနောက် မယ်ဆိုင်ဘက် အကောက်ခွန်ရုံးရှေ့သို့ ပြန်လည်ကြွရောက်ကြသည်။

နှစ်နိုင်ငံမှ ဌာနဆိုင်ရာများနှင့် ပြည်သူများက နှစ်နိုင်ငံဧရိယာအတွင်း စုပေါင်းလောင်းလှူကြပြီးနောက် ဆွမ်းလောင်းလှူစဉ် ဖြတ်သန်းသွားလာခွင့် ခေတ္တဆိုင်းငံ့ထားသည့် မော်တော်ယာဉ်များအား မြန်မာ - ထိုင်းချစ်ကြည်ရေးတံတားတွင် ပုံမှန်အတိုင်း ပြန်လည်ဖြတ်သန်းခွင့်ပြုလိုက်သည်။

နှစ်နိုင်ငံနှစ်သစ်ကူးဆွမ်းလောင်းလှူပွဲသို့ တာချီလိတ်မြို့မှ နဂါးနှစ်ကောင်ကျောင်းတိုက်မှ အပါး(၄၀)၊ ငွေတောင်ဦးကျောင်းတိုက်မှ အပါး(၄၀)၊ ပုန်းထွန်ရှမ်းကျောင်း (၁၀)ပါး၊ တောင်တန်းသာသနာပြု ကျောင်းတိုက်မှ (၂၅)ပါး၊ မဟာမြတ်မုနိကျောင်းတိုက်မှ အပါး (၃၀)၊ ဆန်ဆိုင်းကျောင်းတိုက်မှ အပါး(၂၀)၊ မဟာဂန္ဓာရုံကျောင်းတိုက်အပါး(၃၀)၊ ပါလျှံဘုရားကြီးကျောင်းတိုက်မှ (၅)ပါး၊ ပါလျှံအလိုတော်ပြည့်ကျောင်းတိုက်က (၅)ပါး၊ လွှမ်းမိုးတောရကျောင်းက (၅)ပါး၊ လွယ်တော်ခမ်း အောင်မင်္ဂလာတောရကျောင်းအပါး (၂၀)၊ နောင်ခမ်းအောင်ဆုပန်ကျောင်းတိုက် အပါး (၂၀)၊ ရွှေတောင်တန်းကျောင်းတိုက် အပါး (၂၀)၊ မယ်ခေါင်ကျောင်း (၁၀)ပါး၊ ဝေဠုဝန်ကျောင်း (၅)ပါး၊ သီရိဟံသာကျောင်း (၁၅)ပါး စုစုပေါင်း သံဃာတော် အပါး(၃၀၀)ကို ပင့်ဖိတ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါဆွမ်းလောင်းလှူပွဲကျင်းပရေးအတွက် တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆောင်သည့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုကူညီရေးအဖွဲ့များ၊ မြို့မိမြို့ဖများပါဝင်သည့် ကျင်းပရေးလုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီ (၈)ခုတို့ဖြင့် ဖွဲ့စည်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

Tachileik News Agency
ဓါတ်ပုံ #ချယ်ရီထိုက်၊ #ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~