တာခ်ီလိတ္ၿမိဳ႕ ေငြေတာင္ဦးကမၼဌာန္းေက်ာင္းတုိက္ ဆရာေတာ္၏ သက္ေတာ္(၆၇)ႏွစ္ျပည့္ ၀ိဇာတေမြးေန႔ မဂၤလာအလွဴပြဲ ဇန္န၀ါရီလ(၁၁)ရက္ေန႔တြင္ က်င္းပမည္

တာခ်ီလိတ္ၿမိဳ႕ ေငြေတာင္ဦးကမၼဌာန္းေက်ာင္းတုိက္ ဆရာေတာ္၏ သက္ေတာ္(၆၇)ႏွစ္ျပည့္ ၀ိဇာတေမြးေန႔ မဂၤလာအလွဴပြဲ ဇန္န၀ါရီလ(၁၁)ရက္ေန႔တြင္ က်င္းပမည္
ဇန်နဝါရီ 4, 2019
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕ ေငြေတာင္ဦးကမၼဌာန္းေက်ာင္းတုိက္၏ ဦးစီးပဓာန နာယကဆရာေတာ္၏ သက္ေတာ္ (၆၇)ႏွစ္ျပည့္ ဝိဇာတေမြးေန႔မဂၤလာကို ၂၀၁၉ ခုႏွစ္၊ ဇန္နဝါရီလ (၁၁)ရက္ေန႔တြင္ အဆုိပါေက်ာင္းတုိက္၌ က်င္းပမည္ျဖစ္ၿပီး ဘုရားရုပ္ပြားေတာ္အဆူ (၂၀၀)ကိုလည္း မဲေဖာက္လွဴဒါန္းေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

ေငြေတာင္ဦးကမၼဌာန္းေက်ာင္းတုိက္၏ ဦးစီးပဓာန နာယကဆရာေတာ္ ေဒါက္တာ ဘဒၵႏၱဝိေရာစန မဟာဂႏၱဝါစက ပ႑ိတ၊ အဂၢမဟာကမၼဌာနစရိယ VIPASSANA BHAVANA MCU. Thailand ၏ ဝိဇာတေမြးေန႔အား ၂၀၁၉ ခုႏွစ္၊ ဇန္နဝါရီလ (၁)ရက္ေန႔ နံနက္ (၉)နာရီမွ ေန႔လယ္ (၁၂)နာရီအထိ တာခ်ီလိတ္ၿမိဳ႕၊ ပုန္းထြန္ရပ္ကြက္ရိွ ေငြေတာင္ဦးကမၼဌာန္းေက်ာင္းတုိက္တြင္ က်င္းပမည္ျဖစ္ေၾကာင္း သိရသည္။

ဆရာေတာ္သည္ ထိုင္းနိုင္ငံ မဟာခ်ဴလာေလာင္ကြန္းတကၠသိုလ္ - Mahachulalongkornrajavidyalaya University မွ  ဆက္ကပ္လွဴဒါန္းေသာ Honarary Doctorate Degree in Vipassana Bhavana Ph.D (Vipassana Bhavana) ဂုဏ္ထူးေဆာင္ (၀ိပႆနာ) ပါရဂူဘြဲ႕အား ၂၀၁၆ခုႏွစ္ ေမလ(၁၅)ရက္ေန႔က လက္ခံေတာ္မူခဲ့သည္။

Tachileik News Agency


~~~~~~~~⊰❂Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့ ငွေတောင်ဦးကမ္မဌာန်းကျောင်းတိုက်၏ ဦးစီးပဓာန နာယကဆရာတော်၏ သက်တော် (၆၇)နှစ်ပြည့် ဝိဇာတမွေးနေ့မင်္ဂလာကို ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၁၁)ရက်နေ့တွင် အဆိုပါကျောင်းတိုက်၌ ကျင်းပမည်ဖြစ်ပြီး ဘုရားရုပ်ပွားတော်အဆူ (၂၀၀)ကိုလည်း မဲဖောက်လှူဒါန်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ငွေတောင်ဦးကမ္မဌာန်းကျောင်းတိုက်၏ ဦးစီးပဓာန နာယကဆရာတော် ဒေါက်တာ ဘဒ္ဒန္တဝိရောစန မဟာဂန္တဝါစက ပဏ္ဍိတ၊ အဂ္ဂမဟာကမ္မဌာနစရိယ VIPASSANA BHAVANA MCU. Thailand၏ ဝိဇာတမွေးနေ့အား ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၁)ရက်နေ့ နံနက် (၉)နာရီမှ နေ့လယ် (၁၂)နာရီအထိ တာချီလိတ်မြို့၊ ပုန်းထွန်ရပ်ကွက်ရှိ ငွေတောင်ဦးကမ္မဌာန်းကျောင်းတိုက်တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ဆရာတော်သည် ထိုင်းနိုင်ငံ မဟာချူလာလောင်ကွန်းတက္ကသိုလ် - Mahachulalongkornrajavidyalaya University မှ ဆက်ကပ်လှူဒါန်းသော Honarary Doctorate Degree in Vipassana Bhavana Ph.D (Vipassana Bhavana) ဂုဏ်ထူးဆောင် (ဝိပဿနာ) ပါရဂူဘွဲ့အား ၂၀၁၆ခုနှစ် မေလ(၁၅)ရက်နေ့က လက်ခံတော်မူခဲ့သည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~