
ဇနျနဝါရီ 7, 2019
By 🌸




Tachileik News Agency
ဓါတ်ပုံ -Fortune Joyce

~~~~~~~~⊰❂ Unicode Version ~~~~~~~~
လွိုင်ကော်တွင် ပထမဆုံးကျင်းပမည့် မီးအလှပြပွဲတော် LED မီးလုံးပေါင်း သန်း ၁၀၀ ကျော်သုံးစွဲ အလှဆင်မည်
************
ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ကျင်းပမည့် (၆၇)နှစ်မြောက် ကယားပြည်နယ်နေ့ပွဲတော်အတွင်း ကယားပြည်နယ်၏ ပထမဆုံး LED မီးအလှပြပွဲတော်အဖြစ် မီးလုံးသန်းပေါင်း (၁၀၀)ကျော်အသုံးပြုပြီး တစ်ဧကခွဲခန့်အကျယ်တွင် အလှဆင်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ LED မီးအလှပြသခြင်းအား ကယားဒေးကွင်းအတွင်း တိုင်းရင်းသားပွဲကြည့်စင် အဝင်လမ်း မျက်နှာချင်းဆိုင်တွင် ပြသမည်ဖြစ်ပြီး ဇန်နဝါရီလ (၁၀)ရက်နေ့မှ (၂၀)ရက်နေ့အထိ ပြသထားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါပြပွဲကို Fortune Joyce International Co.,Ltd က စီစဉ်ခြင်းဖြစ်ပြီး အခကြေးငွေဖြင့် ပြသခြင်းဖြစ်ကြောင်း သိရသည်။

(၆၇) နှစ်မြောက် ကယားပြည်နယ်နေ့ပွဲတော်အား ဇန်နဝါရီလ (၁၀) ရက်နေ့မှ (၁၉) ရက်နေ့အထိ ကယားဒေး ကွင်းတွင် ကျင်းပသွားမည်ဖြစ်ပြီး အားကစားပြိုင်ပွဲများ၊ ရိုးရာအကပြိုင်ပွဲများ၊ အငြိမ့်သဘင်၊ ဇာတ်သဘင်၊ စတိတ်ရှိုးဖျော်ဖြေရေးများ ထည့်သွင်းကျင်းပမည်ဖြစ်သည်။

Tachileik News Agency
ဓါတ်ပုံ -Fortune Joyce

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~