တာခ်ီလိတ္ၿမိဳ႕တြင္ (၁၀)ႀကိမ္ေျမာက္ ကရင္အမ်ိဳးသား စုေပါင္းႏွစ္သစ္ကူးပြဲေတာ္က်င္းပ

တာခ်ီလိတ္ၿမိဳ႕တြင္ (၁၀)ႀကိမ္ေျမာက္ ကရင္အမ်ိဳးသား စုေပါင္းႏွစ္သစ္ကူးပြဲေတာ္က်င္းပ
ဇန်နဝါရီ 6, 2019
By 🌸
ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕တြင္ (၁၀)ႀကိမ္ေျမာက္ ကရင္အမ်ိဳးသားစုေပါင္းႏွစ္သစ္ကူးပြဲေတာ္ကို ဆန္ဆိုင္း(ခ)ရပ္ကြက္၊ မီးသတ္စခန္းအေနာက္ဘက္ ငွက္ေပ်ာၿခံတြင္ နံနက္ (၇)နာရီမွစ၍ ကရင္အမ်ိဳးသားအလံလႊင့္တင္ျခင္းျဖင့္ စတင္က်င္းပသည္။

ႏုိင္ငံေတာ္အလံႏွင့္ ကရင္အမ်ိဳးသားအလံတို႔အား အေလးျပဳၿပီးေနာက္ ကရင္ႏွစ္သစ္ကူးပြဲေတာ္ က်င္းပေရးေကာ္မတီ ဥကၠဌ ဦးမန္းျမေစာက ႀကိဳဆိုႏႈတ္ခြန္းဆက္စကားေျပာၾကားျခင္း၊ တာခ်ီလိတ္ခရိုင္စီမံခန္႔ခြဲေရးေကာ္မတီ ဥကၠဌ၊ ခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးျမင့္ႏုိင္က ႏွစ္သစ္မိန္႔ခြန္းေျပာၾကားျခင္း၊ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးခ်မ္းေျမ႕ေစာက အမ်ိဳးသားလႊတ္ေတာ္ဥကၠဌ ဦးမန္းဝင္းခုိင္သန္းေပးပို႔ေသာ ကရင္အမ်ိဳးသားႏွစ္သစ္ကူးေန႔သဝဏ္လႊာဖတ္ၾကားျခင္း၊ ေဒၚေနာ္မူေအး၊ ေဒၚနန္႔ေဖာင္မာ၊ ဆရာ Saw Rolandတို႔က ကရင္ႏွစ္သစ္ကူးသဝဏ္လႊာဖတ္ၾကားျခင္း၊ ကရင္ႏွစ္သစ္ကူးေန႔ျဖစ္ေပၚလာပံု၊ ကရင္အမ်ိဳးသားအလံႏွင့္ အမ်ိဳးသားသီခ်င္းမ်ားအေၾကာင္းရွင္းျပျခင္း၊ ဦးေစာေက်ာ္စြာဝင္းက မ်ိဳးဆက္သစ္ကရင္လူငယ္မ်ားအား ဆံုးမၾသဝါဒစကားေျပာၾကားျခင္းႏွင့္ ဦးေဇာ္လင္းက ေက်းဇူးတင္စကားေျပာၾကားခဲ့သည္။


ယင္းေနာက္ ကရင္တုိင္းရင္းသား သက္ႀကီးဘိုးဘြားမ်ားအား ပူေဇာ္ကန္ေတာ့ျခင္းႏွင့္ ကရင္တုိင္းရင္းသားရိုးရာအကမ်ားျဖင့္ ဆက္လက္ေဖ်ာ္ေျဖျခင္း၊ ရိုးရာအစားအေသာက္မ်ားျဖင့္ တည္ခင္းဧည့္ခံျခင္းတို႔ျဖင့္ က်င္းပေနျခင္းျဖစ္ၿပီး ညေန(၅)နာရီတြင္ ကရင္အမ်ိဳးသားအလံေတာ္ခ်ျခင္းႏွင့္ အခမ္းအနားပိတ္သိမ္းမည္ျဖစ္ေၾကာင္း သိရသည္။


အဆိုပါႏွစ္သစ္ကူးပြဲေတာ္သို႔ ေဒသတြင္းမွ ကရင္တုိင္းရင္းသားမ်ား၊ ဌာနဆုိင္ရာမ်ား၊ ႏုိင္ငံေရးပါတီမ်ားႏွင့္ ဖိတ္ၾကားထားသူမ်ား တက္ေရာက္ၾကသည္။


Tachileik News Agency

ဓါတ္ပံု #ခ်ယ္ရီထုိက္၊ ဆန္းၿဖိဳးထြန္း


~~~~~~~~⊰❂ Unicode Version ~~~~~~~~
တာချီလိတ်မြို့တွင် (၁၀)ကြိမ်မြောက် ကရင်အမျိုးသား စုပေါင်းနှစ်သစ်ကူးပွဲတော်ကျင်းပ
***************
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် (၁၀)ကြိမ်မြောက် ကရင်အမျိုးသားစုပေါင်းနှစ်သစ်ကူးပွဲတော်ကို ဆန်ဆိုင်း(ခ)ရပ်ကွက်၊ မီးသတ်စခန်းအနောက်ဘက် ငှက်ပျောခြံတွင် နံနက် (၇)နာရီမှစ၍ ကရင်အမျိုးသားအလံလွှင့်တင်ခြင်းဖြင့် စတင်ကျင်းပသည်။

နိုင်ငံတော်အလံနှင့် ကရင်အမျိုးသားအလံတို့အား အလေးပြုပြီးနောက် ကရင်နှစ်သစ်ကူးပွဲတော် ကျင်းပရေးကော်မတီ ဥက္ကဌ ဦးမန်းမြစောက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခြင်း၊ တာချီလိတ်ခရိုင်စီမံခန့်ခွဲရေးကော်မတီ ဥက္ကဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က နှစ်သစ်မိန့်ခွန်းပြောကြားခြင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက အမျိုးသားလွှတ်တော်ဥက္ကဌ ဦးမန်းဝင်းခိုင်သန်းပေးပို့သော ကရင်အမျိုးသားနှစ်သစ်ကူးနေ့သဝဏ်လွှာဖတ်ကြားခြင်း၊ ဒေါ်နော်မူအေး၊ ဒေါ်နန့်ဖောင်မာ၊ ဆရာ Saw Rolandတို့က ကရင်နှစ်သစ်ကူးသဝဏ်လွှာဖတ်ကြားခြင်း၊ ကရင်နှစ်သစ်ကူးနေ့ဖြစ်ပေါ်လာပုံ၊ ကရင်အမျိုးသားအလံနှင့် အမျိုးသားသီချင်းများအကြောင်းရှင်းပြခြင်း၊ ဦးစောကျော်စွာဝင်းက မျိုးဆက်သစ်ကရင်လူငယ်များအား ဆုံးမသြဝါဒစကားပြောကြားခြင်းနှင့် ဦးဇော်လင်းက ကျေးဇူးတင်စကားပြောကြားခဲ့သည်။

ယင်းနောက် ကရင်တိုင်းရင်းသား သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ခြင်းနှင့် ကရင်တိုင်းရင်းသားရိုးရာအကများဖြင့် ဆက်လက်ဖျော်ဖြေခြင်း၊ ရိုးရာအစားအသောက်များဖြင့် တည်ခင်းဧည့်ခံခြင်းတို့ဖြင့် ကျင်းပနေခြင်းဖြစ်ပြီး ညနေ(၅)နာရီတွင် ကရင်အမျိုးသားအလံတော်ချခြင်းနှင့် အခမ်းအနားပိတ်သိမ်းမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါနှစ်သစ်ကူးပွဲတော်သို့ ဒေသတွင်းမှ ကရင်တိုင်းရင်းသားများ၊ ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

Tachileik News Agency
ဓါတ်ပုံ #ချယ်ရီထိုက်၊ ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~